Latest News

Friday, March 3, 2017

Myanmar Idol ပရိသတ်ကို အပြုံးမပျက် နှုတ်ဆက်သွားတဲ့ ရဲနောင်

Myanmar Idol ပရိသတ်ကို အပြုံးမပျက် နှုတ်ဆက်သွားတဲ့ ရဲနောင်


ရဲနောင်ကတော့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာ သွားရပြီ ဖြစ်ပါတယ်။

Myanmar Idol Top 5 ယှဉ်ပြိုင်မှုမှာ ဒီတစ်ပတ်အတွက် ပရိသတ်တွေကို နှုတ်ဆက်သွားရသူကတော့ ရဲနောင်ဖြစ်ပါတယ်။ voting တွေ အများအပြားရရှိထားတဲ့ ပြိုင်ပွဲဝင် ရဲနောင်ဟာ ပရိသတ်အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် Myanmar Idol Top 5 မှာ ဟန်ထွန်းရဲ့ အရင်ကဇာတ်လမ်းလေး သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေဆီက ပြန်ရလိုက်တဲ့ Feeback ကတော့ မကောင်းခဲ့ပါဘူး။

မတ်လ(၄)ရက်နေ့က ပြသခဲ့တဲ့ Myanmar Idol အစီအစဉ်ကတော့ ရဲနောင်ရဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းစရာ ဖြစ်ခဲ့ပါတယ်။ Myanmar Idol Top 5 ယှဉ်ပြိုင်မှုမှာ Vote အနည်းဆုံး သုံးဦးဖြစ်တဲ့ ဘီလီလမင်းအေး၊ ရဲနောင်နဲ့ မိုင်းမိုင်းဆန်း ထဲကမှ ရဲနောင်ဟာ Voting အနည်းဆုံး ဖြစ်သွားခဲ့ပြီး ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရတာလည်း ဖြစ်ပါတယ်။


 ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရတဲ့ ရဲနောင်ကတော့ သူ့ကိုအားပေးနေတဲ့ ပရိသတ်တွေကို အပြုံးနဲ့ပဲ နှုတ်ဆက်သွားခဲ့ ပါတယ်။ ပြိုင်ပွဲတစ်လျှောက်  တခြားသော ပြိုင်ပွဲဝင်တွေ ထွက်ခွာသွားရချိန်မှာ မျက်ရည်ကျခဲ့တဲ့ ရဲနောင်ဟာ သူနှုတ်ဆက်တဲ့ အချိန်မှာတော့ အပြုံးမပျက်ရှိနေခဲ့ပါတယ်။  ရဲနောင်ကတော့ Myanmar Idol ကနေ နှုတ်ဆက်သွားရပေမယ့်လည်း အနုပညာလမ်းခရီးပေါ်မှာ ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေအားလုံး ဆက်လက်အားပေးဖို့ကိုလည်း သူရဲ့နှုတ်ဆက်စကားထဲမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။


Myanmar Idol အစီအစဉ်မှာတော့ သားငယ်၊ ဘီလီလမင်းအေး၊ မိုင်းမိုင်းဆန်း၊ ပိုးမီတို့လေးဦးသာ ကျန်ရှိနေပါတော့တယ်။ ဒါပေမယ့် လည်း ဒီတစ်ပတ်မှာတော့  Pantene Wild Card နဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်တစ်ဦး ပြန်လာနိုင်ဖို့ စတင် Vote ပေးလို့ရပါပြီ။  Myanmar Idol ကနေ နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ရဲနောင်၊ ဇင်ကြီး၊ ချမ်းငြိမ်း၊ ယွန်း၊ ဖြူလေးနဲ့ အေမီဇံတို့ကတော့ Pantene Wild Card Winner အဖြစ်နဲ့ Myanmar Idol ကို ပြန်လာနိုင်မှာ ဖြစ်ပါတယ်။
အဲ့လို ပြန်လာနိုင်ဖို့အတွက်ကလည်း ပရိသတ်အနေနဲ့ ကိုယ်ပြန်ခေါ်ချင်တဲ့ ပြိုင်ပွဲဝင်ကို Myanmar Idol ဖေ့စ်ဘွတ်မှာ ပေးထားတဲ့ Link ကနေ ဝင်ရောက်ရွေးချယ်နိုင်မှာ ဖြစ်ပြီး ပြိုင်ပွဲ ပြီးပြီးချင်းညကနေ မတ်လ(၅)ရက်နေ့ ညနေ(၆)နာရီအထိ မဲပေးရမှာဖြစ်ပြီး SMS Voting မပါဝင်ပဲ online Voting စနစ်တစ်ခုတည်းနဲ့သာ မဲပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Duwun

No comments:

Post a Comment