Latest News

Wednesday, March 1, 2017

တူရကီတွင် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အယောက် ၃၃၀ ကို ရုံးထုတ်စစ်ဆေး

တူရကီတွင် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အယောက် ၃၃၀ ကို

ရုံးထုတ်စစ်ဆေး

တူရကီနိုင်ငံ မြို့တော် အန်ကာရာမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၃၃၀ ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒါဟာ တူရကီသမိုင်းမှာ လူအများဆုံးနဲ့ အကြီးဆုံးအမှုတွဲ ဖြစ်ပါတယ်။

အခုစစ်ဆေးခံရသူအများစုဟာ အမှတ် ၅၈ အမြောက်တပ်ရင်းနဲ့ “အမြောက်နဲ့ ဒုံးလက်နက် သင်တန်းကျောင်း” က ကျောင်းသားတွေ ဖြစ်ပါတယ်။

အကျဉ်းသားရာနဲ့ချီ ရုံးထုတ်လာတဲ့အတွက် တရားရုံးတဝိုက်မှာ စနိုက်ပါနဲ့ ထောက်လှမ်းရေးဒရုန်းတွေသုံးပြီး လုံခြုံရေး ထူထူထပ်ထပ် ချထားတာကို တွေ့ရပါတယ်။

မနှစ်ကဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အဖမ်းခံရသူ စစ်သားတဦးရဲ့ မိခင်ကတော့ “ဒု-ဗိုလ်မှူးကြီးက စစ်သားတွေကို ခေါ်ထုတ်သွားပြီး ဗိုလ်ကြီးတဦးက ဘားတိုက်ဆီ ပြန်ပို့ခဲ့ပါတယ်။ ကျမသားမှာ အပြစ်မရှိဘူးဆိုတာကို ထောက်လှမ်းရေးကင်မရာနဲ့ လူမှုရေးမီဒီယာ ကွန်ရက်တွေကတဆင့် သိနိုင်ပါတယ်။ ကျမသား ဒီနေ့လွတ်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပြသွားပါတယ်။

တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၅ ရက်နေ့က မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး ဒါဟာ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ဘာသာရေးခေါင်းဆောင် ဖက်သူလာ ဂလန်ရဲ့ လက်ချက်လို့ တူရကီအစိုးရက စွပ်စွဲပါတယ်။

ဒီ့နောက်မှာတော့ တနိုင်ငံလုံးရှိ သံသယရှိသူ ၄၂၀၀၀ ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

DVB

No comments:

Post a Comment