Latest News

Wednesday, March 1, 2017

မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံနှင့် မေးခွန်းငါးခု

မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံနှင့် မေးခွန်းငါးခု



မွန်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် သမ္မတက အမည်စာရင်းပေးပို့ သော ဒေါက်တာအေးဇံကို မတ် လ ၁ ရက်က ကျင်းပသော ပြည် နယ်လွှတ်တော် အစည်းအဝေး၌ ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။ ယခင်ဝန်ကြီးချုပ်ဟောင်း နှင့်ပတ်သက်၍ ဝေဖန်မှုများစွာရှိနေသော ယင်းနေရာကို ဆက်ခံတာဝန်ယူရမည့် ၀န်ကြီးချုပ်တစ်ဦးအနေဖြင့် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် မည့် ရှေ့လုပ်ငန်းစဉ်များကို လွှတ်တော်အစည်းအဝေးအပြီး၌ 7Day Daily သတင်းစာက တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက် ပါသည်။

ဝန်ကြီးချုပ်ဖြစ်လာမယ့်အချိန်မှာ ဦးစားပေးချက်ချင်းလုပ်ဆောင်ရ မယ့်အချက်တွေကိုပြောပါဆိုရင်  ဆရာဘာလုပ်မလဲ။

ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး  ပဲ လုပ်ဆောင်မယ်။ အဓိက လို အပ်တာက စွမ်းအင်၊ အလုပ်အ ကိုင်ရရှိရေးပဲ။ ကျွန်တော်ကတော့ ဒီဟာတွေကို ဦးစားပေးပြီးဆောင် ရွက်သွားမယ်။

လက်ရှိ မွန်ပြည်နယ်အတွင်းက တံတားတစ်စင်းကို ဗိုလ်ချုပ် အောင်ဆန်းတံတားလို့ အမည်ပေးတဲ့အပေါ်မှာ ဒေသခံတွေနဲ့ တိုင်းရင်းသားတွေကြားမှာ ကန့် ကွက်မှုတွေနဲ့ပတ်သက်လို့ မွန်ဝန် ကြီးချုပ်ဖြစ်လာသူတစ်ဦးအနေနဲ့ ဘယ်လို ကိုင်တွယ်ဆောင်ရွက် သွားလိုပါသလဲ။

အဲဒါကိုတော့ ကျွန်တော် ပြောချင်တာက ဒီဟာကို သေသေ ချာချာ စဉ်းစားပြီးတော့ နှစ်ဖက် စလုံးက ဆင်ခြင်တုံတရားနဲ့ ပြုမူ ဆောင်ရွက်ကြဖို့ ကျွန်တော်ပြော ကြားချင်ပါတယ်။

အရင် ၀န်ကြီးချုပ်လက်ထက်မှာ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းတယ်လို့ ဝေဖန်မှုတွေရှိပါတယ်။ ဒါမျိုးမဖြစ်အောင် ၀န်ကြီးချုပ်အနေနဲ့ လွှတ်တော်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက် သွားမှာလဲ။

ကျွန်တော်က လွှတ်တော်ထဲ မှာ နေခဲ့တာ နှစ်ကြာပြီ။ ကော်မ တီဥက္ကဋ္ဌအနေနဲ့ ကျွန်တော်လုပ်ခဲ့ တယ်။ လွှတ်တော်က ပြည်သူတွေ ရဲ့ အသံ။ ရှင်းရှင်းပြောရရင် ပြည် သူတွေရဲ့ ကိုယ်စားလှယ်ပဲ။ အဲဒီ တော့ အစိုးရအဖွဲ့ဆိုတာ ရှင်းရှင်း ပြောရရင် အစိုးရအဖွဲ့ကလူတွေ ကလည်း လွှတ်တော်က ပေါက် ဖွားလာတဲ့ လူတွေပဲ။ လွှတ် တော်ကနေ ပေါက်ဖွားလာတော့ ကျွန်တော်တို့က ဒီဟာကို ပြည်သူ တွေရဲ့ ကိုယ်စားလှယ်တွေဖြစ်လို့ လွှတ်တော်နဲ့အစိုးရ တစ်သား တည်းပူးပေါင်းဆောင်ရွက်မယ် လို့ ကျွန်တော် ပြောကြားချင်ပါ တယ်။

အရင်ဝန်ကြီးချုပ်ဟောင်းက လုပ် ငန်းလွှဲပြောင်းပြီးပြီလား။ ဘယ် လို လုပ်ငန်းဆောင်တာတွေကို လွှဲပြောင်းရရှိထားလဲ။

ဒီနေ့ ညနေ ၃နာရီမှာ အစိုးရ အဖွဲ့ရုံးကို ရောက်မှသိမယ်။

မိန့်ခွန်းထဲမှာ မွန်ပြည်နယ်မှာ အ ဂတိလိုက်စားမှုတွေ၊ မူးယစ်ဆေး ၀ါးရောင်းဝယ်မှုတွေ၊ လောင်းက စားမှုတွေ ပပျောက်အောင် ထိထိ ရောက်ရောက် ကိုင်တွယ်သွား မယ်လို့ပြောသွားတယ်။ ရှေ့ဆက် ဘယ်လို အကောင်အထည်ဖော် သွားမလဲ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မွန် ပြည်နယ်ရဲမှူးကြီးနဲ့ တိုင်ပင်ဆွေး နွေးပြီး လုပ်စရာရှိတာတွေ ကျွန် တော် ဆက်လုပ်သွားမယ်။

ကျေးဇူးတင်ပါတယ်။



7Day News Journal

No comments:

Post a Comment