လက်ပံတောင်းပစ်ခတ်မှု မလွှဲမရှောင်သာလို့ လုပ်ခဲ့တာဟု မြို့နယ်မှူးြြေြေေ
ပာ
လက်ပံတောင်း အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး မလွှဲမရှောင်သာ ပစ်ခတ်ခဲ့ရတာ ဖြစ်ပြီး ရွာသား အယောက် ၅၀ ကို ပုဒ်မ ၄ ခုနဲ့ တရားစွဲထားတယ်လို့ ဆားလင်းကြီးမြို့နယ် ရဲမှူးဌေးဝင်းက ပြောကြား လိုက်ပါတယ်။
မတ်လ ၂၇ ရက်နေ့က မြို့နယ် စီမံခန့်ခွဲမှု ကော်မတီရုံး ငွေသာခန်းမမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို အခုလို ပြောဆိုလိုက်တာပါ။
ပစ်မိန့်ကို ဘယ်သူကမှ ပေးခဲ့တာ မဟုတ်ဘဲ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၉၆ကနေ ၁၀၆ ထိ ကာကွယ် ခုခံပိုင်ခွင့်တွေ အရ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး မိုးကြိုး ၃ ရွာက ရွာသူ ရွာသား အယောက် ၅၀ ကိုတော့ အသက် အန္တရာယ်နဲ့ ကြုံလာရင် ပြန်လည် ခုခံပိုင်ခွင့် ရှိတဲ့ အတိုင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၃ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေး ပြုလုပ်မှု၊ ၃၃၃ - တာဝန် ထမ်းဆောင် နေစဉ် ကိုယ်ထိ လက်ရောက် ပြုမှု၊ ရဲကားမှန်တွေ ကွဲခဲ့တဲ့ အတွက် ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု ၆/၁၊ ငြိမ်းစုစီ ပုဒ်မ ၁၉ စတဲ့ ပုဒ်မ ၄ ခုနဲ့ အခင်း ဖြစ်ပွားရာနေ့ ကတည်းက အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ဒေသခံတွေကတော့ လာရောက် တိုင်တန်းတာ၊ အကြောင်း ကြားတာ မရှိဘူးလို့ ဆိုပါတယ်။ ရွာသားတွေကို ခြောက်လှန့် ပစ်ခတ်တဲ့ အထဲမှာ ကျည်အစစ်က မိုးပေါ်ထောင် ပစ်ခဲ့တာ ဖြစ်ပြီး ရွာသားတွေ ကိုတော့ လူစုခွဲရာမှာ သုံးတဲ့ တကြိမ်ကို ၁၂ ချက် ပစ်ခတ်နိုင်တဲ့ ၁၂ မမသေနတ်ကို တူရကီနိုင်ငံထုတ် ရာဘာ ကျည်ဆန်တွေနဲ့ စုစုပေါင်း ၆ ချက်၊ ၆၆တောင့် ပစ်ခတ် ခဲ့ပြီး လူအင်အား များလာတဲ့အတွက် ၃၈ မမ မျက်ရည်ယို ဗုံးနဲ့ ၂ ချက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သုံးစွဲခဲ့တဲ့ ရဲအင်အားနဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာတော့ အရာရှိ ၃ ဦး အပါအဝင် ၃၈ ဦးသာ သုံးစွဲခဲ့ပြီး ဒေသခံ တွေရဲ့ အင်အားကို မခန့်မှန်းနိုင်တာ၊ ပြောက်ကျား စနစ်နဲ့ ပြန်တိုက်တာ တွေကြောင့် ခံစစ်အနေနဲ့သာ ဖြိုခွင်းခဲ့ရတာ ဖြစ်လို့ အင်အား မျှတတယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ရွာသားတွေက လေးခွတွေနဲ့ စတင် ပစ်ခတ်ခဲ့လို့ ပြန်လည် ခုခံခဲ့ရတာ ဖြစ်ပြီး အီးယူရဲ့ နည်းလမ်းတွေ အတိုင်း သုံးစွဲခဲ့တာ ဖြစ်တယ်။
ဒေသခံတွေရဲ့ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရတဲ့ အပြင် အချုပ်ကားမှန် ၃ချပ်ပါ ကုန်းသီး မှန်ပြီး ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်ပြီး ဒေသခံ တွေကတော့ ပြန်လည် တရားစွဲဆို သွားမယ်လို့ ဆိုပါတယ်။
ဒီနေ့အချိန်ထိ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက လာရောက် မေးမြန်း ဆွေးနွေးတာ မရှိသေးဘူးလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင် အလယ်ရွာထိပ်မှာ ဒေသခံ ၂၀၀ လောက်က ဝမ်ပေါင် ကုမ္ပဏီကို တင်သွင်းနေတဲ့ ကျောက်သယ် ကားတွေကို တားဆီးခဲ့လို့ ဆိုပြီး လုံခြုံရေး ရဲတပ်ဖွဲ့ အင်အား ၂၀၀ လောက်က ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ ညနေ ၅ နာရီလောက်က သေနတ်ပစ်ကာ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။
သေနတ်ပစ် ဖြိုခွဲခဲ့လို့ မိုးကြိုးပြင်တောင်၊ မြောက်၊ အလယ်၊ ဇီးတောရွာတွေက ဒေသခံ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၆ ဦး၊ စုစုပေါင်း ၁၀ ဦး သေနတ် ကျည်ဆန် ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
သတင်း – အောင်ကိုလတ်(DVB)
Monday, March 27, 2017
လက်ပံတောင်းပစ်ခတ်မှု မလွှဲမရှောင်သာလို့ လုပ်ခဲ့တာဟု မြို့နယ်မှူး ပြော
လက်ပံတောင်းပစ်ခတ်မှု မလွှဲမရှောင်သာလို့ လုပ်ခဲ့တာဟု မြို့နယ်မှူး ပြော
Reviewed by Ar Ti
on
3:12 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment