Wednesday, March 1, 2017
အိမ်တံခါးခေါက် အရောက်ပို့လာသည့် အစားအသောက် ပို့ဆောင် ရေးဝန်ဆောင်မှုများ
ပူပြင်းလှသော ရန်ကုန်မြို့၏ နွေနေပူနှင့် စိတ်ညစ်ညူးဖွယ်ရာကောင်းသော လမ်းပိတ်ဆို့မှုကြောင့် နေ့လယ်စာစားဖို့ဖြစ်ဖြစ်၊ အပျင်းပြေပီဇာစား၊ ကော်ဖီသောက်ဖို့ဖြစ်ဖြစ် အခက်အခဲဖြစ်နေပါသလား။
ရန်ကုန်မြို့က နေရာစုံစား သောက်ဆိုင်များ၏ သင်ကြိုက် နှစ်သက်သည့် မည်သည့်အစားအ သောက်ကိုမဆိုတစ်နာရီအတွင်း အိမ်တံခါးခေါက်ပြီး အရောက်ပို့ ပေးသည့် ၀န်ဆောင်မှုမျိုး ရန်ကုန် မြို့မှာ ရနေပြီဆိုတာ သင်သိပြီးပါ ပြီလား။
ယခုစနစ်ကို ရန်ကုန်မြို့တွင် အောင်မြင်စွာ စတင်စွမ်းဆောင် နိုင်ခဲ့သူကတော့ စက်မှုဖွံ့ဖြိုးလှ သည့် ဂျာမနီနိုင်ငံမှ အိုင်တီအင် ဂျင်နီယာတစ်ယောက် ဖြစ်ပါ သည်။ သူက ဂျာမနီနိုင်ငံသား မစ္စတာရှာဒီရမန်ဒန်ဆိုသူပင်။
မြန်မာနိုင်ငံ စနစ်ပြောင်း၊ ခေတ်ပြောင်းကာလတွင် ငြိမ်းချမ်း ရေးလုပ်ငန်းများနှင့် အမျိုးသမီး ကဏ္ဍ ဖွံ့ဖြိုးရေးကိုကူညီဖေးမရန် မစ္စတာရှာဒီ၏ အမျိုးသမီးသည် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသို့ ၂၀၁၀ ၌ ရောက်ရှိလာခဲ့သည်။ မစ္စတာရှာဒီတစ်ယောက်လည်း ဇနီးနောက်သို့ လိုက်လာရင်း ရန် ကုန်မြို့ကို ရောက်လာခဲ့သည်။
ရန်ကုန်မြို့ကို စတင်ရောက် ရှိချိန်ကအစားအသောက်ကောင်း ကောင်းကြိုက်တတ်သည့် မစ္စတာ ရှာဒီအခက်ကြုံခဲ့ရသည်။ သူနေ ထိုင်ရာ ရန်ကင်းမြို့နယ်ထဲမှ နေ့ လယ်စာနှင့် ညနေစာစားရန် သူ ကြိုက်နှစ်သက်သည့် စားသောက်ဆိုင်ရှိရာ ဒဂုံမြို့နယ်သို့ တစ်နေ့ လေးခေါက်သွားခဲ့ရသည်။
သူ့အမျိုးသမီးနှင့် မိတ်ဆွေ များကို မြန်မာနိုင်ငံတွင် အစားအ သောက် အိမ်အရောက်ပို့သည့် ဆိုင်ရှိပါသလားဟု မေးမြန်းရာ လှောင်ရယ်ခံခဲ့ရသည်ဟု မစ္စတာ ရှာဒီကပြောသည်။
ထိုအချိန်မှာ အစားအ သောက်အိမ်အရောက်ပို့ပေးသည့် စနစ်ဆိုသည်မှာ ရန်ကုန်မြို့သား များအတွက် ကြားဖူးနားဝသာရှိ သော်လည်း အမှန်တကယ် စီးပွား ရေးလုပ်ငန်းတစ်ခုဖြစ်လုပ်ကိုင်သူ မရှိခဲ့ပေ။
၂၀၁၂ တွင် မြန်မာနိုင်ငံ၏ ကားမူဝါဒ အပြောင်းအလဲဖြစ်ပြီး ရန်ကုန်မြို့ကားလမ်းပိတ်ဆို့ခြင်း ပြဿနာက ရန်ကင်းမှမြို့တွင်းသို့ တစ်နေ့လေးခေါက် အသွားအပြန် လုပ်လေ့ရှိသူ မစ္စတာရှာဒီအတွက် ချွေးပြန်စေခဲ့သည်။
သို့သော် ထိုပြဿနာက တစ် ဆင့် မစ္စတာရှာဒီ၏ စီးပွားရေးအ တွက် အတွေးစပွင့်သွားခဲ့သည်။ ထိုအတွေးမှာ အစားအသောက် များကို အိမ်အရောက်ပို့သည့် လုပ်ငန်းလုပ်ကိုင်ရန်ဖြစ်သည်။
ထိုအတွေးနှင့်အတူ မစ္စတာ ရှာဒီတစ်ယောက် ၂၀၁၃ ဒီဇင်ဘာ လမှာ ၀န်ထမ်း ၁၀ဦးနှင့် ‘Yangon Door 2 Door’ အမည်ဖြင့် အစား အသောက်များကို ဆိုင်များမှတစ် ဆင့် အိမ်အရောက်ပို့ လုပ်ငန်းကို စတင်ခဲ့သည်။ ဆိုးရွား လှသည့် ရန်ကုန်ကားကျပ်သည့် ဒဏ်ကို လွတ်ကင်းရန် စက်ဘီးများဖြင့် ပို့ သည်စနစ်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။
စတင်ချိန်တွင် ကြုံတွေ့ခဲ့ရ သည့် အခက်အခဲက မြန်မာနိုင်ငံ ၌ ၀န်ဆောင်မှုလုပ်ငန်းကို မရင်းနှီး မှုသည်အဓိကအခက်အခဲဖြစ်ခဲ့ သည်။
‘‘ဒီနိုင်ငံမှာ တံခါးခေါက်ပြီး အစားအသောက်တွေ လာပို့မယ် ဆိုတာ ဘယ်သူမှ မယုံကြဘူး။ တစ်ခုခုလာပို့ဖို့မှာလိုက်ရင် တစ် ရက်နှစ်ရက်မှ ရောက်လာမယ် ထင်ကြတယ်။ တကယ်ရောက် လာမယ်လို့လည်း မထင်ကြဘူး’’ ဟု မစ္စတာရှာဒီကပြောသည်။
ထို့အပြင် ၀န်ထမ်းများစတင် ခန့်ထားရေးအတွက် ၀န်ထမ်း များကို လုပ်ငန်းသဘောသဘာဝ ရှင်းပြရသည်မှာ သူ့အတွက်အချိန် ပိုယူခဲ့ရပါသည်။ ထို့အပြင် အင် တာနက်လိုင်း မကောင်းခြင်းနှင့် စနစ်တကျ တည်ဆောက်မထား သည့် မြို့နယ်များတွင် အိမ်လိပ် စာရှာရသည့်ကိစ္စများသည် အ ကြီးမားဆုံး ခေါင်းခဲစရာများဖြစ် သည်။
‘‘အိမ်ပြန်ရောက်တိုင်း မိန်းမ ကမေးတယ်။ ဒီနေ့အော်ဒါ ဘယ် လောက်ရလဲ၊ ကျွန်တော်က ဖြေ တယ်။ နှစ်ခုရတယ်။ မိန်းမက ဆက်ပြောတယ်။ အဲဒီကတည်းက ငါမှာတဲ့အော်ဒါ တစ်ခုဖယ်လိုက် လို့ပြောတယ်’’ ဟု သူက
ပြောကြားသည်။
မစ္စတာရှာဒီတစ်ယောက် သူ့ အမျိုးသမီးမှာသည့် အော်ဒါအပါ အ၀င် နေ့စဉ်အော်ဒါနှစ်ခုလောက် ဖြင့် ခြောက်လလောက် လုပ်ငန်း လည်ပတ်ခဲ့ရသည်ဟု ဆိုသည်။
ခြောက်လတာ ကျော်လွန် သွားသည့်အခါ နိုင်ငံတကာ အဖွဲ့ အစည်းများမှ နိုင်ငံခြားသားများ ကြား ‘Yangon Door 2 Door’ သည် နာမည်တစ်ခုရသွားသလို လူသိများလာခဲ့သည်။ ၂၀၁၆ နောက်ပိုင်းတွင် လုပ်ငန်းတိုးတက် မှုသည် ၂၀၁၅နှင့် နှိုင်းယှဉ်ပါက အဆတစ်ထောင်ကျော်ရှိခဲ့သည် ဟုဆိုသည်။ တိုးတက်လာမှုသည် နိုင်ငံခြားသား အမှာအော်ဒါအ များအပြင် မြန်မာလူမျိုးများ၏ အော်ဒါများက ထက်ဝက်ကျော်ပါ ၀င်နေသည်ဟု မစ္စတာရှာဒီက
ပြောသည်။
အိမ်တိုင်ရာရောက် အစား အသောက်များ မှာယူသည့်စနစ် ကရှင်းသည်။
ဖုန်းဆက်ပြီးဖြစ်စေ၊ အွန် လိုင်းဝက်ဘ်ဆိုက်ကနေဖြစ်စေ မှာယူရမည်ဖြစ်သည်။ မှာယူလိုသူ သည် ‘Yangon Door 2 Door’ ၀က်ဘ်ဆိုက်တွင် စားသောက်ဆိုင် များ၏ မီနူးများကို ၀င်ရောက် ကြည့်ရှုပြီး မိမိကြိုက်နှစ်သက်ရာ စားဖွယ်များကို မှာယူနိုင်သည်။ မှာယူသူသည် အစားအသောက် ဈေးနှုန်းအပြင် ပို့ဆောင်ခပေး ဆောင်ရမည်ဖြစ်သည်။ ပို့ဆောင် ခမှာ မှာယူသည့်ဆိုင်နှင့် မိမိအိမ် အကွာအဝေးပေါ်မူတည်ပြီး ပေး ဆောင်ရသည်။
လက်ရှိတွင် စက်ဘီးစီးဝန် ထမ်း ၄၀ကျော်၊ စားသောက်ဆိုင် ပေါင်း ၈၀ ကျော်နှင့် ရန်ကုန်မြို့ရှိ မြို့နယ် ၃၅ မြို့နယ်သို့ အစားအ သောက်များ ပို့ဆောင်ပေးလျက်ရှိ သည်ဟုဆိုသည်။
ထိုအခြေအနေမတိုင်မီ စ နောက်ပြီးမှာသည့် အော်ဒါများကို ကျော်ဖြတ်ခဲ့ရသလို အစားအ သောက်မှာပြီး ငွေမရှင်းလိုသည့်ဖောက်သည်များ၏ ပြဿနာရှာ မှုများကို ကြုံတွေ့ခဲ့ရသည်။ သို့ သော်ဝယ်ယူသူကို ဦးစားပေး အစီအစဉ်ဖြင့်
ကျော်ဖြတ်ခဲ့ရသည်ဟု မစ္စတာရှာဒီက ပြောသည်။ ယခု အချိန်တွင် ‘Yangon Door 2 Door’ ကို အသုံးပြုသူများနှင့် ယုံ ကြည်တည်ဆောက်ပြီး ပြဿနာ များကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီဟု ၎င်းကဆိုသည်။
Door 2 Door နည်းတူ ပြည် တွင်းဈေးကွက် အခိုင်အမာရရှိ သည့် Food2u အစားအသောက် ပို့ဆောင်ရေးလုပ်ငန်းကလည်းဝန်ဆောင်မှုလုပ်ငန်းဆိုသည်မှာ မှာ ယူသူစိတ်ချမ်းသာအောင် ဦးစား ပေး ဆောင်ရွက်ပေးရသည်ဟု ဆို ထားသည်။
‘‘အဓိကက သတ်မှတ်ချိန် အ တွင်း အရောက်ပို့ပေးရတယ်။ အ စားအသောက်မှာတယ်ဆိုတာက လည်း ဗိုက်ဆာလို့မှာတယ်။ ဒါကို အချိန်မီမရောက်ဘူးဆို ဘယ်သူမှ မလိုချင်ကြတော့ဘူး’’ဟု Food2u ၏ ဈေးကွက်မြှင့်တင်ရေး
အရာရှိချုပ် ဒေါ်ရင်မွန်ဟန်ကပြောသည်။
Food2u သည် ပြည်တွင်း ဈေးကွက်အတွင်းရှိ မြန်မာလူမျိုးအကြိုက်ကို အဓိကထားရှိပြီးဦးစား ပေးကြောင်း ၎င်းကဆက်လက် ပြောသည်။ လက်ရှိအချိန်တွင်စား သောက်ဆိုင် ၁၀၀ ကျော်နှင့်ဆက်ချိတ်ပြီး မြန်မာလူမျိုးအကြိုက်
အစားအသောက်များ မြို့နယ် ၁၈မြို့နယ်တွင် ပို့ဆောင်မှုများ ပြုလုပ် နေသည်ဟု ဆိုသည်။
၎င်းတို့အနေဖြင့် လက်ရှိအ ချိန်တွင်လည်း စက်ဘီးသမားအ ယောက် ၃၀ ကျော်ဖြင့် ပို့ဆောင် နေသည်ဟုဆိုသည်။ Food2u ၏ ၀န်ဆောင်မှုလုပ်ငန်းများကို သ ဘောကျနှစ်သက်သဖြင့် နယ်မှ မိဘများကပင် ရန်ကုန်တွင်
ကျောင်းတက်နေသော သားသမီး များအတွက် နေ့လယ်စာကို ပုံမှန် အော်ဒါမှာသည်များရှိခဲ့သည်။ ၎င်းတို့သည် အထူးအော်ဒါများကို လည်း လက်ခံသည်မှာ Food2u အတွက် အောင်မြင်သည့်လုပ်ငန်း များဖြစ်နေသည်ဟု
ဒေါ်ရင်မွန် ဟန်က ပြောသည်။
ရန်ကုန်မြို့တွင်း အောင်မြင် မှုအတော်အတန် ရထားသည့် လုပ်ငန်းနှစ်ခုစလုံးမှ ဦးတည်ရာ ဈေးကွက်ချင်း မတူသော်လည်း အခက်အခဲများ တူညီနေသည်။
ဝန်ဆောင်မှု လုပ်ငန်းများ တွင် ကြုံတွေ့ရလေ့ရှိသည့် စ နောက်ခြင်းများကိုလည်း ကြုံခဲ့ရ သည်။
နောက်ပြောင်ပြီး ယူသည့် အော်ဒါများကို စိစစ်ရန် Food2u အနေဖြင့် ပုံမှန်မဟုတ်သည့် အော် ဒါများကို အတိအကျစစ်ဆေးပြီး မှ လက်ခံသည်ဟုဆိုသည်။
Door 2 Door ကတော့ အော်ဒါတိုင်းအတွက် ပြန်လည်စစ် ဆေးခြင်းသည် စားသုံးသူနှင့် ကုမ္ပ ဏီကြား ယုံကြည်မှုပျက်ပြားစေ သည်ဟုဆိုပြီး မှာယူသူတိုင်းကို ယုံကြည်မှုအပြည့်အ၀ထားသည် ဟု မစ္စတာရှာဒီက ဆိုသည်။
ရန်ကုန်မြို့တွင်း အစားအ သောက်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများ ရန်ကုန်မြို့အတွက် လုပ်ကိုင်သူတိုင်း အောင်မြင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုတော့ မ ဟုတ်ခဲ့ပေ။ တစ်နိုင်တစ်ပိုင်လုပ် နေသူများရှိသော်လည်း
နည်းပညာနှင့် ငွေကြေးအရင်အနှီးက စိန်ခေါ်မှုရှိနေသည်။
‘‘ကျောင်းပြီးတော့ နေ့လယ် စာ ထမင်းချိုင့်ပို့တဲ့ လုပ်ငန်းကို လုပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် မှာ အခက်အခဲရှိနေတာက သူတို့ မှာတဲ့ နေရာတိုင်းကို မပို့နိုင်တာ ပဲ။ ကြိုတင်မှာထားတဲ့ စာရင်း လောက်ပဲ လုပ်နိုင်ပါတယ်’’ဟု အစားအသောက် အိမ်အရောက်ပို့ လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသူကို စည်သူက ပြောသည်။
လုပ်ငန်းလုပ်ကိုင်ပြီး ခြောက် လအကြာတွင် ကိုစည်သူကလည်း နေ့လယ်စာ ထမင်းချိုင့်ပို့သည့် လုပ်ငန်းကို ရပ်ဆိုင်းခဲ့သည်။ ၀န်ထမ်းအင်အား မလုံလောက်ခြင်းနှင့် ဈေးကွက်အမြတ်မရ၍ လုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းခဲ့ခြင်း
ဖြစ်သည်ဟု ကိုစည်သူကပြောသည်။
မြန်မာနိုင်ငံတွင် ၀န်ဆောင်မှု မအောင်မြင်ခြင်းမှာ တစ်ဦးကို တစ်ဦး ယုံကြည်မှုမရှိခြင်းဖြစ်ပြီး ဥပမာအားဖြင့် အွန်လိုင်းရှော့ပင်း များတွင် ရောင်းသူများသည် ၀ယ် သူထံမှ ပစ္စည်းမရောက်မီ ငွေကြိုတင်တောင်းခံခြင်းနှင့် အရည်အသွေး မပြည့်ဝသည့် ပစ္စည်းများပို့ ဆောင်ခြင်းတို့ကြောင့် ဖြစ်သည် ဟု မစ္စတာရှာဒီက ပြောသည်။
မစ္စတာရှာဒီက မြန်မာနိုင်ငံ တွင် လက်ရှိဝန်ဆောင်မှုကဏ္ဍမြှင့် တင့်ရန် လိုအပ်ပြီး မြန်မာ့လူငယ် များအနေဖြင့် ကိစ္စတစ်ခုကို မဖြစ် နိုင်ဘူးဆိုသည့်အတွေးဖြင့် အလွယ်တကူမစွန့်လွှတ်လိုက်ရန် အကြံပေးသည်။ကိစ္စရပ်တိုင်းတွင်
အောင်မြင်မှုသည် ချက်ချင်းအ ကောင်အထည် ပေါ်လာသည့် မဟုတ်ဘဲ အချိန်နှင့် ဇွဲပေးဆပ်မှ သာ အောင်မြင်နိုင်မည်ဟု ဆိုသည်။
အွန်လိုင်းအသုံးပြုဝန်ဆောင် မှုလုပ်ငန်းဖြစ်၍ ကတိတည်ရန် လိုအပ်မည်ဖြစ်ပြီး မလုပ်နိုင်သည့် ကတိက၀တ်များ မပေးရန် လိုအပ် ကြောင်း မစ္စတာရှာဒီက အကြံ ပြုထားသည်။
#ထွန်းထွန်းမင်း
http://www.7daydaily.com/story/90442
အိမ်တံခါးခေါက် အရောက်ပို့လာသည့် အစားအသောက် ပို့ဆောင် ရေးဝန်ဆောင်မှုများ
Reviewed by timeayeyar
on
3:45 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment