Latest News

Thursday, March 30, 2017

"မောင်တောတွင် ငှက်သိုက်တူးရာမှ ကျည်ဆံများ တွေ့ရှိ "

"မောင်တောတွင် ငှက်သိုက်တူးရာမှ ကျည်ဆံများ တွေ့ရှိ "

မောင်တောမြို့နယ် အောင်သာယာ(နတလ)ကျေးရွာအနီး တောင်ကုန်းတွင် ငှက်သိုက်တူးရာမှ ရိုင်ဖယ်သေနတ်ကျည်ဆံ ၃၃၀ တောင့်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရိုင်ဖယ်သေနတ်ကျည်ဆံများကို အောင် သာယာ(နတလ)ကျေးရွာသား နှစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့(မတ်လ ၃၀ ရက်)က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ပြောသည်။

“ရွာသားနှစ်ဦးက ငှက်သိုက်ကျင်းတစ်ခုကိုတွေ့လို့ တူးတဲ့အခါ ကျည်ဆံ ၂၀၀ တောင့်ကို ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်၊ အဲဒါကို နယ်ခြားစောင့်ရဲက အနီးပတ်ဝန်းကျင်ကို ထပ်ပြီးတူးဖော်တဲ့အခါ နောက်ထပ်ကျည်ဆံ ၁၁၀ တောင့်ကို ရရှိခဲ့တာဖြစ်ပါတယ်”ဟု အထက်ပါ အရာရှိက ပြောသည်။

သေနတ်ကျည်ဆံများသည် ဟောင်းနွမ်းနေပြီဖြစ်ပြီး အသုံးပြု၍ရသည့် ကျည်ဆံများနှင့် အသုံးပြု၍ မရသည့် ကျည်ဆံများလည်း ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ - ဘော်လီ ( 7Day News )

No comments:

Post a Comment