မြန်မာ ၂ ဦးအမှု တရားမျှတကြောင်း အသတ်ခံရသူဘက်ကြေေပြောကြ
ား
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦးသတ်ဖြတ်မှုအတွက် သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့အယူခံကို ထိုင်းတရားရုံးက ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး သေဆုံးခဲ့ရတဲ့ David Miller ဒေးဗစ် မီလာရဲ့ မိသားစုက ဒါဟာ တရားမျှတ မှန်ကန်တဲ့ စီရင်ချက်ပါပဲ။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေအနေနဲ့ တရားခံ ၂ ဦးကို သက်ညာသောအားဖြင့် သေဒဏ်ကနေ
လျှော့ပေါ့ပေးမယ်လို့ မျှော်လင့်ပါကြောင်း ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်မှာ မိမိတို့ မိသားစုအနေနဲ့ ဒီအမှုမှာ အပြစ်မဲ့သူတွေ ပြစ်ဒဏ်ကျခံရမှာကို မလိုလားကြောင်း အစဉ်အမြဲပြောကြားခဲ့ပြီးပါပြီ။ ဒါပေမဲ့ သက်သေအထောက်အထားတွေက ခိုင်လုံပါတယ်။ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ Hannah Witheridge ဟန်နာ ဝိသရစ်ခ်ျ ရဲ့ ခန္ဓာကိုယ်အတွင်းကရရှိတဲ့ သုတ်သွေးကို ပညာရှင်တွေက စစ်ဆေးပြီး ခိုင်လုံမှုကြောင့် တရားခံတွေကို ရုံးတင်အပြစ်ပေးခဲ့တာဖြစ်ပါတယ်၊ တရားခံတွေကိုလည်း ခုခံခြေပခွင့် အပြည့်အဝ
ပေးခဲ့ပြီးပါပြီ၊ သူတို့အနေနဲ့ ရက်စက်စွာကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ပြန်လည်ပေးဆပ်ရတော့မယ့် ကာလပါပဲလို့ ဖေါ်ပြထားပါတယ်။
အယူခံပယ်ချခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂ ဦးအနေနဲ့ နောက်ဆုံးအဆင့်အဖြစ် ထိုင်းနိုင်ငံတော် တရားရုံးချုပ်ကို ရက်ပေါင်း ၃ဝ အတွင်း အယူခံခွင့်ရှိပါတယ်။
RFA
Thursday, March 2, 2017
မြန်မာ ၂ ဦးအမှု တရားမျှတကြောင်း အသတ်ခံရသူဘက်က ပြောကြား
မြန်မာ ၂ ဦးအမှု တရားမျှတကြောင်း အသတ်ခံရသူဘက်က ပြောကြား
Reviewed by Ar Ti
on
8:02 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment