ဗြိတိန်နဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာအရေး ဆွေးနွေး
ဗြိတိန်နိုင်ငံရဲ့ အာရှပစိဖိတ်ဒေသ ဝန်ကြီး Alok Sharma အလေါ့ ရှားမားနဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရှိတ် ဟာစီနာ တို့ မနေ့မနက်က ဒါကာမြို့မှာတွေ့ဆုံပြီး ၂ ပြည်ထောင်ရေးရာတွေ ဆွေးနွေးခဲ့ကြရာမှာ မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာပြသနာလည်း ပါဝင်ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြာသပတေးနေ့က စတင်ရောက်ရှိခဲ့တဲ့ ဗြိတိန်ဝန်ကြီး ရှားမား ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူ ဟာဆန်နဲ့ သောကြာနေ့က တွေ့ဆုံပြီး နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ၃ ရက်ကြာ အခုခရီးစဉ်အတွင်း စီးပွါးရေး လုပ်ငန်းရှင်တွေ၊ ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပါလိမ့်မယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment