Saturday, March 4, 2017
မလေးရှားနိုင်ငံဆိုင်ရာမြောက်ကိုရီးယားသံအမတ်ကြီး ကို မလေးရှား နှင်ထုတ်
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ရဲ့အကိုဖြစ်သူ ကင်ဂျုံနမ် သေဆုံးမှုနဲ့ ပက်သက်ပြီး မြောက်ကိုရီယား အမတ်ကြီး နှင်ထုတ်သွားမယ်လို့ မလေးရှားအစိုးရ ကပြောပါတယ်။
မြောက်ကိုရီယား အမတ်ကြီး ကန်ချို ဟာ ၄၈ နာရီအတွင်း မလေးရှားနိုင်ငံကနေ ထွက်ခွာရမယ်လို့ မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးဌာန ကပြောပါတယ်။
မြောက်ကိုရီယားနိုင်ငံ ဟာ မလေးရှားနိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အယုံအကြည်မရှိဘူးလို့ မြောက်ကိုရီယား အမတ်ကြီး ကပြောဆိုပြီးနောက် အမတ်ကြီး ကိုမလေးရှားနိုင်ငံကနှင်ထုတ်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။
မလေးရှားနိုင်ငံ ဟာ ကင်ဂျုံနမ် လုပ်ကြံခံရပြီး ၃ ပတ်အကြာမှာပဲ လုပ်ကြံမှု နဲ့ ဆက်နွယ်တဲ့ မသင်္ကာတဲ့အမျိုးသမီး နှစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ပြီးဖြစ်ပါတယ်။
မလေးရှားနိုင်ငံ ဟာ ကင်ဂျုံနမ် သေဆုံးမှု မှာ မြောက်ကိုရီယားနိုင်ငံ ကို တိုက်ရိုက်စွပ်စွဲ ပြစ်တင်တာ မရှိသေးပေမယ့် နောက်ကွယ်မှာ မြောက်ကိုရီယားနိုင်ငံ ပါဝင်နေတယ်လို့ သံသယရှိနေပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး အေနီဖက် အေမန်က “မြောက်ကိုရီယာသံတမန်ကို သူရဲ့မှတ်ချက်နဲ့ ပက်သက်ပြီး ပြန်တောင်းပန်ဖို့တောင်းဆိုခဲ့ပေမယ့်တောင်းပန်မှုတွေမရှိခဲ့ဘူး၊ “လို့ ပြောပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
မလေးရှားနိုင်ငံဆိုင်ရာမြောက်ကိုရီးယားသံအမတ်ကြီး ကို မလေးရှား နှင်ထုတ်
Reviewed by timeayeyar
on
8:00 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment