Latest News

Wednesday, March 29, 2017

စိုက်ပျိုးရေးကြောင့် မြေအောက်ရေ ကုန်ခမ်းလာနေ

စိုက်ပျိုးရေးကြောင့် မြေအောက်ရေ ကုန်ခမ်းလာနေ

မြေအောက်ရေကို သုံးပြီး စိုက်ပျိုးရေးဆောင်ရွက်နေကြတာကြောင့်
မြေအောက်ရေကုန်ခန်းတာတွေဖြစ်လာသလို တရိတ်ရိတ်နဲ့ စားသောက် ကုန်ဈေးနှုန်းတွေ တက်လာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ သုတေသနလုပ်နေသူတွေက ဗုဒ္ဓဟူးနေ့ကထုတ်ဖေါ်ပြောဆိုပါတယ်။

လက်ရှိမှာ မြေအောက်ရေကိုအသုံးပြုပြီး  စပါး၊ ဂျုံ၊ နဲ့ ၀ါစိုက်ပျိုးရေးတွေမှာအဓိကသုံးနေကြတာဖြစ်ပြီး အတိုင်းအဆမရှိ သုံးနေတာမျိုးတွေကြောင့်သဘာဝမြေအောက်ရေကို ပြန်လည်ဖြည့်တင်း နိုင်တာထက် ပိုပြီးသုံးနေတာဖြစ်တယ်လို့ဆိုပါတယ်။

လေ့လာချက်တွေအရ လွန်ခဲ့တဲ့ ၁၀နှစ် အနှစ်၂၀အချိန်များကထက် မြေအောက်ရေဟာလျင်လျင်မြန်မြန် ကုန်ခန်းနေတာတွေ့ရှိရတယ်လို့ သြစတြေးလျနိုင်ငံ အခြေစိုက်အသုံးချသိပ္ပံ အဖွဲ့အစည်းများ သုံးသပ်မူစနစ်အဖွဲ့က ရေအစီအစဉ် ဒုတိယညွှန်ကြားရေးမှူး ရိုရှီဟီဒီဝါဒါ က ပြောဆိုပါတယ်။

အခုလို ရေကို အလွန်အမင်းအသုံးပြုမူတွေဟာ အပြည်ပြည်ဆိုင်ရာကို အစားအသောက်တွေ ဖြန်ချိနေတဲ့  တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ခန့်မှန်းချက်တွေအရ သီးနှံစိုက်ပျိုးရေးတွေမှာ ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိတဲ့ မြေအောက်ရေ၁၁%လောက် အသုံးပြုနေတာဖြစ်တယ်လို့ Nature Journal မှာရေးသားတဲ့စာတမ်းမှာ ဖေါ်ပြထားပါတယ်။
RFA

No comments:

Post a Comment