မြန်မာနယ်စပ်မှာ တရုတ်က ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်
ယူနန်ပြည်နယ်က စစ်တပ်ကိုလည်း အားဖြည့်ထားတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာ-တရုတ်နိုင်ငံနယ်စပ်မှာ တရုတ်စစ်တပ်က ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်စစ်တပ်အနေနဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေရှိပြီး အင်အားဖြည့် စစ်ရေးလေ့ကျင့်တာကို မြန်မာအာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့လည်း သတင်းမှာဖေါ်ပြထားပါတယ်။
တပ်မတော်နေ့ကျင်းပအပြီး နောက်တရက်ဖြစ်တဲ့ မတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံအရှေ့မြောက်ဘက် တရုတ်နယ်စပ်မှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်ခဲ့တာပါ။
ဒီစစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ကွပ်ကဲနေတဲ့ ဗိုလ်မှူးကြီး Fang Xin က အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် အခုလို လေ့ကျင့်တာဖြစ်တယ်လို့ပြောခဲ့ပြီးအရင်က ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေရှိပေမယ့် ဒီတကြိမ်မှာတော့ ယူနန်ပြည်နယ်တပ်ကနေ အားဖြည့်ပါဝင်ခဲ့ကြောင်း တရုတ်-မြန်မာဆက်ဆံရေး အကဲခတ် ဒေါ်လှကျော်ဇောက ပြောပါမယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ နယ်စပ်ဒေသက တိုက်ပွဲတွေအပါအ၀င် တိုင်းရင်းသားဒေသက လက်နက်ကိုင် ပဋိပက္ခတွေက အချုပ်အခြာအာဏာကို ထိပါးလာတဲ့အတွက် အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ တပ်မတော်နေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပြီး တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်ခဲ့တာပါ။
“၂၀၁၅ ခုနှစ်ပထမတခါ ကိုးကန့်စစ်ပွဲဖြစ်ပြီးတော့ သူတို့နိုင်ငံမှာ လူငါးယာက်သေပြီးကတည်းက သူတို့က အဲဒီနေရာမှာ စစ်တပ်က နယ်စပ်စခန်းကို လုပ်ထားပြီးတော့ကို အခိုင်အမာတွေ ထားရှိပြီးသားပါ။
လေယာဉ်ပျံပစ်အမြှောက်တွေနဲ့ ခိုင်ခိုင်မာမာလုပ်ထားပြီးသားပါ။ အဲဒါဟာတွေက Drill ပေါ့နော် လေ့ကျင့်ခန်းလုပ်တဲ့သဘောပါပဲ။ ပုံမှန်လည်း လုပ်နေကြနဲ့ တူပါတယ်"လို့ ဒေါ်လှကျော်ဇောက ပြောပါတယ်။
လွန်ခဲ့တဲ့လပိုင်းတွေထဲမှာ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရစစ်တပ်ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့လို့ ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး တရုတ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့တာကြောင့် အပစ်အခတ်ရပ်ဆဲဖို့ တရုတ်အစိုးရက တောင်းဆိုခဲ့ဘူးပါတယ်။
Source : rfa:duwun
Thursday, March 30, 2017
မြန်မာနယ်စပ်မှာ တရုတ်က ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်
မြန်မာနယ်စပ်မှာ တရုတ်က ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်
Reviewed by Ar Ti
on
1:18 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment