Latest News

Thursday, March 30, 2017

ကျောက်မဲမြို့ လက်ဖက်ခြံအတွင်း မိုင်းနင်းမိ၍ ကလေးနှစ်ဦးဒဏ်ရာရ

ကျောက်မဲမြို့  လက်ဖက်ခြံအတွင်း မိုင်းနင်းမိ၍ ကလေးနှစ်ဦးဒဏ်ရာရ


ကျောက်မဲ မတ် ၃ဝ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာအုပ်စု ကော်ပေါင်ကျေးရွာ၏ အရှေ့ဘက်နှစ်မိုင်ခန့်အကွာရှိ လက်ဖက်ခြံတွင် မတ် ၂၉ ရက် နံနက် ၈ နာရီက ကလေးငယ်နှစ်ဦး မိုင်းနင်းမိပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ ကော်ပေါင်ကျေးရွာမှ ဒေါ်မိခမ်း(၄၅)နှစ်သည် မတ် ၂၉ ရက် နံနက်က  လက်ဖက်ခူးရန်  လက်ဖက်ခြံသို့သွားရာ  ၄င်း၏သားနှစ်ဦးမှာ လိုက်ပါလာခဲ့သည်။

လက်ဖက်ခြံသို့ရောက်သော် ကလေးနှစ်ဦးမှာ အရှေ့မှ ပြေးဝင်သွားစဉ်    မိုင်းနင်းမိ၍   ပေါက်ကွဲကာ  မောင်သိန်း(၁၁)နှစ်တွင် ဝဲမျက်ခမ်းအောက် ခဲသီးဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲနားရွက် ခဲသီးဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာကျောပြင် ခဲသီးဖောက်ဝင်ဒဏ်ရာလေးချက်၊ ဝဲဘက် ကျောပြင်   ခဲသီးဖောက်ဝင်ဒဏ်ရာ  ခြောက်ချက် (မစိုးရိမ်ရ)ဒဏ်ရာများနှင့် ညီဖြစ်သူ မောင်လှဝင်း ရှစ်နှစ်တွင် ဝဲဘက်ဦးခေါင်း ခဲသီးဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ ကျောပြင်တွင် ခဲသီးဖောက်ဝင်ဒဏ်ရာ ငါးချက်၊ ဝဲတံတောင်ဆစ်တွင် ခဲသီးဖောက်ဝင်ဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ ကြသဖြင့် ကျောက်မဲမြို့ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။

အဆိုပါကလေး နှစ်ဦးအား မြို့နယ်စစ်ဘေးရှောင်ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များက တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝဝ စီ ထောက်ပံ့ ပေးအပ်ထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment