ဥရောပသမဂ္ဂကို ဗြိတိန် စွန့်ခွာ
ဗြိတိန်နိုင်ငံက EU ဥရောပသမဂ္ဂကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ
သူတို့နုတ်ထွက်မှာဖြစ်ကြောင်း မနေ့က တရားဝင်အကြောင်းကြားစာ ပို့လိုက်ပါပြီ။
ခွဲထွက်ရေးလုပ်ငန်းစဉ်အစအဆုံး ၂ နှစ်ကြာမြင့်မှာ ဖြစ်တဲ့အတွက် လာမယ့်၂ဝ၁၉ ခုနှစ် မတ်လ ၂၉ ရက် ညသန်းကောင်ယံမှာ ဗြိတိန်ဟာ ဥရောပသမဂ္ဂ က နုတ်ထွက်တဲ့ ပထမဆုံး နိုင်ငံဖြစ်လာပါလိမ့်မယ်။
EU ကို မနေ့က ပေးပို့လိုက်တဲ့စာထဲမှာ ဗြိတိန်ဝန်ကြီးချုပ် Theresa May ထရီဇာမေက အပြန်အလှန်လေးစားမှုနဲ့ ရိုးသားစွာ ဆက်လက် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဗြိတိသျှလွှတ်တော်အမတ်တွေကိုတော့ ဝန်ကြီးချုပ် မေကဒါဟာ မိမိတို့နိုင်ငံရဲ့နောက်ကြောင်းပြန်လှည့်မရတော့တဲ့ သမိုင်းဝင် ဖြစ်အပျက်တခုပါပဲလို့ပြောကြားခဲ့ပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment