အင်္ဂလိပ်စာ လည်း စိတ်ဝင်စားတယ်.. ဘယ်လိုလေ့ကျင့်ရမယ်မှန်းလည်း မသိဘူးဆိုတာတွေ လာလာမေးကြတော့ မီရှဲလ် ရဲ့ မိန့်ခွန်းတွေကို သွားသတိရတယ်..
အမေရိကန်ရဲ့ (၄၄)ယောက်မြောက် သမ္မတကတော် မီရှဲလ် အိုဘားမား ကို ဆိုလိုတာပါ.. အဲ့ဒီ သမိုင်းထဲက ပထမဦးဆုံးသော အာဖရိကန်အမေရိကန်လူမည်းသမ္မတကတော်
ရုပ်ရည်အားဖြင့် သူက ဆင်စွယ်ရဲတိုက်ထဲက မင်းသမီးလေးတွေလို နုနုဖတ်ဖတ် ထိရက်စရာမရှိအောင် လှပနုနယ်တဲ့ပုံမျိုး မဟုတ်ရုံမက အဆစ်အပေါက်ကြီးကြီးနဲ့မို့ ရုတ်တရတ်ကြည့်ရင် ခပ်ကြမ်းကြမ်းပုံတောင် ပေါက်သလိုပါပဲ..
ဒါပေမယ့် သူ့ရဲ့ ယုံကြည်မှုအပြည့်နဲ့ ရင့်ကျက်တဲ့ အပြောအဆို၊ စတိုင်ကျကျ သွားလာနေထိုင်တတ်ပုံတွေက ကိုယ့်အတွက်တော့ သိပ်ကို စွဲဆောင်မှုရှိလွန်းတယ်..
နောက်ပြီး ဟားဗတ်တက္ကသိုလ်ရဲ့ ဥပဒေကျောင်းဆင်းမီရှဲလ်ရဲ့ မိန့်ခွန်းတွေမှာဆို သူ့ရဲ့ ဉာဏ်ပညာမြင့်မားမှုကိုတင်မကဘဲ ဟာသဉာဏ် ရွှင်တာတွေ အာဝဇ္ဇန်းကောင်းပြီး လူတွေအပေါ် လွှမ်းမိုးနိုင်စွမ်းတွေပါ မြင်ရတယ်..
အထူးသဖြင့် မိန်းမငယ်လေးတွေရဲ့အရေးမှာ စိတ်ဝင်တစားရှိပြီး ပညာသင်ဖို့အရေးကို အားပေးတာတွေ သူ့မိန့်ခွန်းအတော်များများမှာ တွေ့ရတယ်.. Melania Trump တောင် မီရှဲလ် အပြောကောင်းလွန်းလို့ သူ့မိန့်ခွန်းကို ခပ်တည်တည် ကူးချတာမှာ ပြည်သူတွေဝေဖန်တာ အတော်ခံလိုက်ရသေး မဟုတ်လား.. 😂😂
တကယ်က မီရှဲလ်ရဲ့ မိန့်ခွန်းတိုင်းလိုလိုက ဟန်ကြီးပန်ကြီးနိုင်တာတွေ ခက်ခက်ခဲခဲ အသုံးအနှုန်းတွေ မပါဘဲနဲ့ကို လူအများစု ရင်ထဲရောက်စေတာမျိုးတွေ.. မြန်မာလိုဆို သိပ်ကြွေချင်စရာကောင်းတဲ့ မိန့်ခွန်းတွေ လူသားဆန်ပြီး မြေကြီးနဲ့နီးတယ်လို့ မှတ်ချက်ပြုရမှာပဲ..
သူတို့မှာ ပထမဦးဆုံးလူမည်းသမ္မတနဲ့ သမ္မတကတော်မို့ လူတွေရဲ့ အာရုံစူးစိုက်မှုလည်း အတော်ခံရသလို ဝေဖန်ရှုံ့ချတာတွေလည်း အတော်ခံရတယ်.. ဘယ်လောက်တော်တော် ကောင်းကောင်း လူတစ်ရာလုံး ကြည်ဖြူတာမျိုးတော့ ဘာသာပေါင်းစုံက ဘုရားရှင်တွေတောင် မလွတ်သေးတာ..
မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းကို ၊ ဒေါ်အောင်ဆန်းစုကြည်ကို လူတွေက ဝိုင်းခဏခဏ ဝေဖန်သလို မီရှဲလ်တို့လည်း အမေရကန်စံ အမေရိကန်ဟန်တွေနဲ့ အပြောခံရတာပါပဲ..
READ လိင်နှစ်မျိုးစိတ်ဝင်စားသူ၊ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ နှစ်ဆများ
ဒါပေမယ့် လူတွေရဲ့ ပညာဉာဏ်ကြီးခြင်း မကြီးခြင်းတွေက ဒီနေရာမှာ အတော်သိသာတယ်.. ထရမ့်သာဆို ကလော်တုပ်မှာပဲ..
မီရှဲလ်တို့ကတော့ လူ့အန္ဓတွေ ယုတ်မာဉာဏ်နည်းသူတွေနဲ့အပြိုင် ဆဲဆိုအော်ဟစ် စောင်းမြောင်းပြောတာတွေ နည်းနည်းလေးတောင် မရှိဘူး.. သူတို့ဂုဏ်သိက္ခာနဲ့ သူတို့နေတယ်.. အထူးသဖြင့် ကိုယ့်စိတ်ထဲ စွဲနေအောင် မှတ်မိတဲ့ မီရှဲလ် ရဲ့ စကားလေးရှိတယ်..
“တစုံတယောက်က သင့်အပေါ် ရက်စက်ယုတ်မာရင် ဒါမှမဟုတ် အနိုင်ကျင့်ရင် သူတို့နဲ့ အပြိုင် သင်ပါ လိုက်ပြီး အောက်တန်းကျဖို့ မလိုပါဘူး..
ကျွန်မတို့ရဲ့ စိတ်ထဲ နှလုံးသွင်းထားရမှာက သူတို့အောက်တန်းကျလေလေ ကျွန်မတို့ပိုပြီး ဂုဏ်ရှိန်မြင့်မားလေလေပါပဲ..” တဲ့ ✨🤗
“When someone is cruel or acts like a bully, you don’t stoop to their level. No, our motto is, when they go low, we go high.”
ပညာတတ်တွေရဲ့ တုံ့ပြန်ပုံများနော်.. သိပ်လှတာပဲ.. နော်
တခြားသူတွေကိုလည်း နားထောင်ချင်တယ်ဆို youtube မှာ ရှာကြည့်ဖို့ လက်တို့ပါရစေ.. အင်္ဂလိပ်စာ လေ့လာချင်တယ်ဆိုတဲ့လူငယ်တွေအတွက်ရောပေါ့.. …
Credit :Poe Phyu Thant( မယ်ပိုး )
Friday, March 3, 2017
အင်္ဂလိပ်စာ လည်း စိတ်ဝင်စားတယ်.. ဘယ်လိုလေ့ကျင့်ရမယ်မှန်းလည်း မသိဘူးဆိုတာတွေ လာလာမေးကြတော့ မီရှဲလ် ရဲ့ မိန့်ခွန်းတွေကို သွားသတိရတယ်..
အင်္ဂလိပ်စာ လည်း စိတ်ဝင်စားတယ်.. ဘယ်လိုလေ့ကျင့်ရမယ်မှန်းလည်း မသိဘူးဆိုတာတွေ လာလာမေးကြတော့ မီရှဲလ် ရဲ့ မိန့်ခွန်းတွေကို သွားသတိရတယ်..
Reviewed by Ar Ti
on
9:19 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment