Latest News

Wednesday, March 1, 2017

ဘီလ်ဂိတ်နှင့် တွေ့ဆုံခြင်း

ဘီလ်ဂိတ်နှင့် တွေ့ဆုံခြင်း



‘‘ကာကွယ်ဆေးတွေ ဘယ်လောက်ကောင်းလွန်းတယ်ဆိုတာ ကျွန်တော် ထရန့်ကို ပြောပြလိုက်တယ်’’



စစ်ပွဲတွေ၊ သတင်းအတုတွေနဲ့ ဒေါ်နယ်ထရန့်သမ္မတဖြစ်လာတာ တွေ ကြုံနေရချိန်မှာ ကမ္ဘာလုံးဆိုင် ရာရောဂါဘယတစ်ခုဖြစ်နိုင်တဲ့ အန္တရာယ်ဟာ ဒီနေ့ခေတ်မှာ အာ ရုံစိုက်မှုနည်းနည်းလေးပဲ ခံနေရပါတယ်။ ဒီတွေ့ဆုံ
မေးမြန်းမှုမှာ ရုတ်တရက်ဖြစ်ပေါ်လာနိုင်တဲ့ အကျိုး ဆက်တွေနဲ့ ပတ်သက်လို့ ဘီလ် ဂိတ်က သတိပေးထားပါတယ်။

မစ္စတာဂိတ်ခင်ဗျာ ကျွမ်းကျင်သူ တွေက အရမ်းဆိုးရွားတဲ့ ရောဂါ ဘယ ဖြစ်ပွားမယ့်အချိန်ကို ကာ ကွယ်ဖို့ အထပ်ထပ်သတိပေးထား ကြပါတယ်။ ၂၀၀၂ က ပြင်းထန် သော အသက်ရှူလမ်းကြောင်း ရောဂါပိုး (SARS)၊ ၂၀၀၅ က ငှက်တုပ်ကွေး၊ ၂၀၀၉ က ၀က်တုပ် ကွေးတို့ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အကြိမ်တိုင်းမှာ ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်ဆိုးအတွက် လက် တွေ့ကျကျဖြေရှင်းဖို့ ပျက်ကွက် ခဲ့ပါတယ်။ လာမယ့် ၁၀နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ရောဂါဆိုးတစ် ခုကြောင့် လူသန်း ၃၀ အထိ သေ ဆုံးနိုင်တယ်လို့ အခုခင်ဗျားပြော နေတယ်။ လူတွေ နားထောင်နေ ကြတုန်းပဲလို့ ခင်ဗျားထင်လား။

လတ်တလောသမိုင်းမှာ အ ရမ်းဆိုးရွားတဲ့ ရောဂါဘယဖြစ် ပွားတာ မရှိခဲ့ဘူးဆိုတဲ့အချက် ကြောင့် နောက်ထပ်ရောဂါဆိုး တစ်ခုဖြစ်လာမှာ မဟုတ်ဘူးလို့ မှတ်ယူလို့မရဘူး။ ပြီးတော့ ကျွန် တော်တို့ဟာ ဖြစ်လာမယ့် ရောဂါ ဆိုးအတွက် ကြိုတင်ပြင်ဆင် မထားတာ အသေအချာပဲဖြစ်ပါ တယ်။ သဘာဝအတိုင်းဖြစ်လာ တဲ့ ကြီးမားတဲ့ ရောဂါကပ်ဆိုးတစ် ခု (ဒါမှမဟုတ်) တမင်တကာဖြစ် ပေါ်လာစေတဲ့ ဇီဝအကြမ်းဖက်မှု ပုံစံကြောင့် ဖြစ်ပေါ် လာတဲ့
ရောဂါ ကပ်ဆိုးတစ်ခုဖြစ်လာနိုင်ခြေကို ရှင်းရှင်းလင်းလင်းဖော်ပြဖို့ ခက် ခဲပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေက သုညဖြစ်နေတာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ပိုလုပ်ဖို့ လိုတဲ့ဟာတွေကို ကျွန်တော်ထုတ် ဖော်ပြောဆို ခဲ့တာဖြစ်ပါတယ်။

၁၉၁၈ အတွင်း စပိန်တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံး လူသန်း ၅၀ သေဆုံးခဲ့ပါတယ်။ နှစ်ပေါင်း ၁၀၀ ကြာပြီးမှ ခုချိန်မှာ ကမ္ဘာကြီးဟာ မပြင်ဆင်ရသေးဘဲ ရှိနေဆဲလို့ ခင်ဗျားဘာလို့ထင်ရတာလဲ။

အကြောင်းရင်းတစ်ခုက တော့ လူတွေ မေ့ပစ်လိုက်ကြတာ ပါ။ ပထမကမ္ဘာစစ်အပြီးမှာ စစ် ပွဲအတွင်း သေတဲ့ လူထက်ပိုပြီး သေဆုံးစေတဲ့ ရောဂါဆိုးတစ်ခုရှိ ခဲ့တယ်လို့ပြောရင် အများစုက ‘‘နေပါဦး၊ ခင်ဗျားနောက်နေတာ လား။ ပထမကမ္ဘာစစ်အကြောင်း ကို ငါသိပါတယ်။ ဒါပေမဲ့ ပထမ နဲ့ အခွဲကမ္ဘာစစ်ရယ်လို့ မရှိခဲ့ဘူး လေ။ ရှိခဲ့လို့လားလို့ ပြောကြလိမ့် မယ်။ ဒါပေမဲ့ အဲဒီစစ်ပွဲပြီးနောက် မှာ လူတွေဟာ ကမ္ဘာတစ်ဝန်းခရီး သွားကြတယ်။ အဲဒါကြောင့်
ရောဂါကူးစက်နိုင်မှုအင်အားဟာ အများကြီးမြင့်မားပါတယ်။ ပြီးတော့ပြဿနာက အဲဒီအချိန်ခရီးသွား လာနှုန်းဟာ ဒီကနေ့ခေတ် ခရီးသွားလာနှုန်းထက် သိသိသာသာ ပိုနည်းပါးတာပဲဖြစ်ပါတယ်။

တခြားအကြောင်းရင်းတွေက ဘာဖြစ်မလဲ။

တစ်ခုကတော့ ဦးစားပေး ကိစ္စတွေပေါ့။ ကမ္ဘာကြီးဟာ ပိုပို ပြီးကောင်းလာတယ်ဆိုတဲ့ အရမ်း အကောင်းမြင်တဲ့ အမြင်မျိုး ကျွန် တော့်မှာရှိပါတယ်။ အကြီးမားဆုံး ဆုတ်ယုတ်မှုဖြစ်စေနိုင်တဲ့ အရာ တွေစာရင်းက အရမ်းကြီး
မရှည်ပါဘူး။ နျူကလီးယားစစ်ပွဲ၊ ရာသီ ဥတုပြောင်းလဲမှုနဲ့ ရောဂါကပ်ဆိုး ဖြစ်ပွားမှုတွေပါ။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ နျူကလီးယား စစ်ပွဲဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို အတော့်ကို လေးလေးနက်နက် ထားနေကြတယ်။ ရာသီဥတု ပြောင်းလဲမှုကိုတော့ အဲဒီလောက် အရမ်းလေးလေးနက်နက်မထား ကြဘူး။ ရောဂါကပ်ဆိုးတွေကို တော့ လုံးဝကိုပဲ။ ဒါပေမဲ့ ဘယ်နိုင်ငံတစ်နိုင်ငံမှ၊ အမေရိကန်နိုင်ငံ တောင်မှ ကောင်းကောင်း ကြိုတင်ပြင်ဆင်
ထားတာမရှိပါဘူး။ ပြီး တော့ နိုင်ငံတစ်နိုင်ငံက သူ့ကိုယ်သူ ကာကွယ်ဖို့ မှန်ကန်တဲ့ အရာ တွေကို လုပ်နေတယ်ဆိုရင်တောင်အဲဒါဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အရာတစ်ခုဖြစ်ရမယ်။ ကျွန်တော် တို့ဟာ ရောဂါကပ်ဆိုးတွေ
အတွက် ကြိုတင်ပြင်ဆင်ရာမှာ တစ် ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်ကြ ဖို့ လိုပါတယ်။ နျူကလီးယားလက် နက်တွေ လူတွေ မရနိုင်အောင် ကျွန်တော်တို့ တစ်ကမ္ဘာလုံးပူး ပေါင်းပြီး တားဆီးသလိုပဲ ကြို တင်ကာကွယ်ရပါမယ်။

ရောဂါကပ်ဆိုးအတွက် ကြိုတင် ပြင်ဆင်ရာမှာ ပြဿနာတစ်ခုက တော့ ပါဝင်နေတဲ့ သိပ္ပံပညာရပ် အများစုဟာ နှစ်မျိုးသုံးဖြစ်နေတာ ပါ။ နည်းလမ်းအသစ်တွေက ဗိုင်းရပ်စ်တွေကို ကာကွယ်ရာမှာ အ ထောက်အကူပြုနိုင်ပေမယ့် အဲဒါ တွေကို လက်နက်တွေလိုလည်း သုံးနိုင်ပါတယ်။

ရောဂါဖော်ထုတ်ဖို့၊ ကုသဖို့ နဲ့ ကာကွယ်ဖို့အတွက် သိပ္ပံပညာ က နည်းလမ်းတွေ တီထွင်နေတာ ဟာ သတင်းကောင်းပါ။ ၁၉၉၀ မှာ ကလေး ၁၀ယောက်မှာ တစ် ယောက်ဟာ အသက် (၅)နှစ် မတိုင်ခင် သေဆုံးသွားပါတယ်။ အဲဒါဟာ ခုဆို ၂၀ မှာ တစ်ယောက်အထိ လျော့သွားပါပြီ။ ပြီးတော့ အဲဒါမှာ ကာကွယ်ဆေးတွေဟာ တစ်ခုတည်းသော အကြီးမားဆုံး ကဏ္ဍဖြစ်ခဲ့ပါတယ်။ အဲဒီလိုမျိုး၁၀ ရာခိုင်နှုန်းမှာရှိနေခဲ့မယ်ဆိုရင် ကလေးနောက်ထပ် ၁၂၂ သန်းသေဆုံးသွားပါလိမ့်မယ်။ ကံမကောင်း တဲ့ သတင်းက သိပ္ပံပညာဟာ ရော ဂါကပ်ဆိုးတစ်ခုဖြစ်လာစေမယ့်၊ ရောဂါဖြစ်စေမယ့် ပိုးမွှားအချို့ကို အစိုးရမဟုတ်တဲ့ လူတွေသား ဖောက်ဖို့ ပိုလွယ်ကူအောင် လုပ်ပေးနေတယ် ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

အစိုးရအဖွဲ့တွေက ကိစ္စတစ်ခုကို ကြိုတင်ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ လူတွေက ကာကွယ်ဆေးအထိုးခံဖို့ ဆန္ဒရှိ ကြပါ့မလား။ ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်လို့ တလွဲပြောဆိုတာတွေဟာ တစ်ခါပြန်ပိုများ လာပုံရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကို အများပြည် သူယုံကြည်မှု လျော့ကျသွားတာ ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။

ရောဂါကပ်ဆိုးတစ်ခုရှိခဲ့ရင် အဲဒါက ကာကွယ်ဆေးကို လူတွေလက်ခံလာစေအောင် အသေအချာဖြစ်စေပါလိမ့်မယ်။ အဲဒါအ တွက် ကျွန်တော်မမျှော်လင့်ပါဘူး။ တကယ်ပါ။ ဒါပေမဲ့ လူတွေကို ကာကွယ်ဆေးတွေကို သဘော ကျလာစေချင်ရင် အဲဒီကာကွယ် ဆေးတွေဟာ ဘယ်လောက်မှော် ဆန်သလဲဆိုတာကို ရောဂါကပ် ဆိုးတစ်ခုက သူတို့ကို သတိပေး ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ကျောက်ရောဂါကို လုံးဝရှင်းပစ်ခဲ့ ပြီ၊ ပိုလီယိုရောဂါကို အပြီးသတ် ရှင်းပစ်နိုင်လုနီးနေပြီ။ အဲဒါဟာ ကာကွယ်ဆေးတွေရဲ့ ဆန်းကြယ် မှုပေါ့။ အဲဒါဟာ ပဋိဇီဝဆေးတွေ ရဲ့ အစွမ်းထက်တောင် ပိုကြီးမား ပါတယ်။ ကာကွယ်ဆေးတွေကို အရမ်းပဲကောင်းကောင်းစမ်းသပ် ထားပြီး
ဘေးကင်းလုံခြုံမှုကိုလည်း ကောင်းကောင်း သဘောပေါက် နားလည်ထားပြီးဖြစ်ပါတယ်။ ကာကွယ်ဆေး တွေကြောင့် ကလေးဘ၀ကစလို့ အထီးကျန် စိတ်ဝေဒနာခံစားရတယ်ဆိုတဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေကို မမှန်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေကို ရှုပ်ထွေးသွားစေတဲ့ ထပ်ပြီးပြော ဆိုမှုတွေရှိနေဆဲပါပဲ။

အဲဒီလိုမျိုးထပ်ပြီး ပြောဆိုတယ် ဆိုသလိုပဲ သမ္မတဒေါ်နယ်ထရန့် ကိုယ်တိုင်က ကာကွယ်ဆေးတွေ ဟာ အထီးကျန်စိတ်ဝေဒနာဖြစ်စေ တယ်ဆိုတဲ့ အတွေးမျိုးကို အကြိမ် ကြိမ်လက်ခံထားတယ်။ သူကျမ်း သစ္စာကျိန်ဆိုပြီး
နောက်ပိုင်းမှာ တောင် ပြောပါသေးတယ်။ မဲ ဆွယ်ကာလအတွင်းမှာ အချက် အလက်အတုတွေကို သုံးပြီး အထီးကျန်စိတ်ဝေဒနာဖြစ်စေတယ်ဆို တဲ့အကြောင်း ဖော်ပြခဲ့တဲ့ သိပ္ပံ ပညာရှင်အန်ဒရူးဝိတ်ခ်ဖီးဒ်နဲ့ သူ တွေ့ဆုံ
ခဲ့ပါတယ်။ ဒါက ကာကွယ်ဆေးတွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ထိခိုက်စေပါသ လား။ ယေဘုယျအားဖြင့် သိပ္ပံနဲ့ အချက်အလက်မှန်ပေါ် အခြေခံ တဲ့ ချဉ်းကပ်မှုမျိုးဆီ ထရန့်ရဲ့ ချဉ်းကပ်တာနဲ့ပတ်သက်လို့ ဘာပြော မလဲ။

ကျွန်တော် မစ္စတာထရန့်နဲ့ သူ ဒီဇင်ဘာရွေးကောက်ခံရပြီး နောက်တစ်ခါပဲ တွေ့ခဲ့ရပါတယ်။ ကာကွယ်ဆေးတွေအကြောင်း ရှင်းပြခွင့်နဲ့ ကာကွယ်ဆေးတွေ ဘယ်လောက်ကောင်းတယ်ဆို တာ ပြောပြခွင့်ရခဲ့ပါတယ်။

ခင်ဗျားအရမ်းမအောင်မြင်ဖြစ်ခဲ့ပုံ ရတယ်။ ဇန်န၀ါရီက အဲဒီအထီး ကျန်စိတ်ဝေဒနာဖြစ်စေတယ်ဆို တာကို လေ့လာဖို့၊ ကော်မရှင် တစ်ရပ်ဖွဲ့ဖို့ မစ္စတာထရန့်စီစဉ်နေ တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာခဲ့ပါတယ်။ သူက ကာကွယ် ဆေးတွေ မကောင်းဘူးလို့ ဝေဖန်ပြောဆိုရာမှာ နာမည်ကြီးတဲ့ ရော ဘက်အက်ဖ်ကနေဒီဂျူနီယာကို ကော်မရှင်ကို ဦးဆောင်စေလိုပုံ ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒီအစိုး ရအဖွဲ့တရားဝင်လုပ်တာ ဘာ တစ်ခုမှ မရှိသေးပါဘူး။ အဆိုးဆုံး အခြေအနေမှာ အရမ်းကိုဆိုးရွား လွန်းနိုင်တဲ့ အဲဒီကိစ္စကို လေ့လာ ဖို့ သူတို့ကော်မရှင်ဖွဲ့ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စနဲ့ ပတ် သက်လို့ ပွင့်လင်းမေးခွန်းတွေ တကယ်မရှိလို့ပဲဖြစ်ပါတယ်။ ဒါ ပေမဲ့ ရှိခဲ့မယ်ဆိုရင် သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ဖြစ်မယ်လို့ ယူဆရ တဲ့ အဲဒီကော်မရှင်ဟာ အဲဒီလိုမျိုးဖြစ်မှာ အသေအချာပါပဲ။

ခင်ဗျားဟာ အကောင်းမြင်သူတစ် ယောက်လို့ပြောတယ်။ ရေရှည်မှာ ကိစ္စတွေ ပိုပိုပြီး ကောင်းလာတယ် လို့ ပြောတယ်။ အဲဒါက ခင်ဗျား ကို အကြိမ်များစွာမှာ အထီးကျန် တယ်လို့ ခံစားရစေပါသလား။

အမှန်က အမြဲတမ်းပိုကောင်း တဲ့ ချဉ်းကပ်မှုဟာ ကျယ်ကျယ် ပြန့်ပြန့်ကို အလေးထားမခံရတာ ပဲဖြစ်ပါတယ်။ ပြဿနာကြီးကြီး မားမားတွေ မရှိဘူးလို့ ကျွန်တော် မပြောပါဘူး။ ဒါပေမဲ့ ကောင်း တဲ့ဟာတွေက တဖြည်းဖြည်း
ဖြစ်လာလေ့ ရှိပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ (ဒါမှမဟုတ်) သဘာဝဘေးအန္တရာယ်တွေကို ပို ပြီး သတင်းဖြစ်လောက်တယ်လို့ ထင်မှတ်နေတဲ့နေရာတွေမှာပေါ့။ ကနေ့ခေတ်မှာ အတိတ်ကထက် အကြမ်းဖက်
တိုက်ခိုက်မှုတွေ ပို နည်းတယ်လို့ လူတွေကိုပြောရင် အဲဒီလိုကြားရတဲ့ လူတွေကြက် သေသေသွားပါလိမ့်မယ်။ ဒါပေ မဲ့ အဲဒါဟာ အမှန်ပဲ။ ဆီးရီးယား (ဒါမှမဟုတ်) ဆူဒန်နိုင်ငံမှာ ဆိုး ဆိုးရွားရွားကိစ္စတွေ ဖြစ်နေပေမယ့်လည်း သူတို့ အံ့သြသွားပါ လိမ့်မယ်။      

—Ref:SPEIGEL



7Day News Journal

No comments:

Post a Comment