Latest News

Saturday, March 4, 2017

သေဒဏ်ကျခံ မြန်မာလုပ်သားနှစ်ဦးအရေး ထိုင်းနိုင်ငံရှေ့နေများ ကောင်စီ ဆွေးနွေးမည်

သေဒဏ်ကျခံ မြန်မာလုပ်သားနှစ်ဦးအရေး ထိုင်းနိုင်ငံရှေ့နေများ

ကောင်စီ ဆွေးနွေးမည်



လိပ်ကျွန်းလူသတ်မှု ကြောင့် သေဒဏ်အပြစ်ပေးခံထားရသော မြန်မာလုပ်သားနှစ်ဦးကို ရှေ့ဆက်လုပ်ဆောင်ရမည့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှေ့နေများကောင်စီက မတ်လ ၈ ရက်တွင် အစည်းအဝေးပြုလုပ် ဆုံးဖြတ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

 ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီသည် အမှုနှင့်ပတ်သက် ၍ အယူခံထုချေလွှာအပေါ် ဆွေး နွေးတိုင်ပင်ပြီးမှသာ မြန်မာသံရုံး ကိုယ်စားလှယ်များနှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးထူးချစ်က ပြောကြားသည်။


‘‘သံရုံးက ကျွန်တော့်ကို ခေါ် တွေ့ပါတယ်။ အမှုကဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ သံရုံးက သိနေပါတယ်။ သူတို့ဘက်က ဘာတွေကူညီပေးရမလဲ ပြောပါ တယ်။ ရှေ့နေများကောင်စီက လည်း သူတို့က အမှုနဲ့ပတ်သက် ပြီး ရှေ့ဆက်အယူခံတက်ဖို့ရာ ဆုံးဖြတ်မလား၊ တခြားနည်းလမ်း နဲ့ သွားမလားဆိုတာ ဆုံးဖြတ်ကြ မှာပါ။ သူတို့က ၈ ရက်နေ့မှာ အယူခံထုချေလွှာတွေကို ဆွေးနွေးကြမယ်။ ပြီးမှ မြန်မာသံရုံးကိုယ်စားလှယ်တွေနဲ့ တွေ့ပါမယ်’’ဟု ဦးထူးချစ်ကပြောသည်။

 ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီသည် မြန်မာလုပ်သား နှစ်ဦး အရေးကို အမှုစတင်ဖြစ် ပွားကတည်းက အခမဲ့အကျိုး ဆောင်ရွက်ပေးနေသော အဖွဲ့ ဖြစ်သည်။

ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့သည် လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်အပြစ်ပေးခံထားရသော ကြောင့် အယူခံတင်ပြသော်လည်း ထိုင်းအောက်တရားရုံးက မတ်လ ၁ ရက်၌ အယူခံကိုပယ်ချပြီး သေဒဏ်အမိန့် ထပ်မံအတည်ပြုခဲ့သည်။

အယူခံ ထပ်မံတင်ပြမည့် အဆင့်မြင့်တရားရုံး၌ လွတ် မြောက်ခြင်းမရှိပါက ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ အသနားခံစာ တင်ပြရန်သာ ကျန်ရှိတော့သည်။

 မြန်မာလုပ်သားနှစ်ဦးကို ထိုင်းအယူခံအောက်တရားရုံးက သေဒဏ်အမိန့် ထပ်မံချမှတ်သည့် အပေါ် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က စိတ်မကောင်းဖြစ်နေပြီး အဆင့်မြင့် တရားရုံးသို့ အယူခံတင်ပြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန် ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

မြန်မာလုပ်သားနှစ်ဦးအရေး နှင့်ပတ်သက်၍ အမျိုးသားရေး လှုပ်ရှားသူများကလည်း ယနေ့ (မတ်လ ၄ ရက်)တွင် ရန်ကုန်မြို့ ၌ ဆန္ဒပြကန့်ကွက်ကြမည်ဖြစ် သည်။


7Day News Journal

No comments:

Post a Comment