Latest News

Thursday, March 23, 2017

ဝေဖန်ခြင်းနှင့် ပုတ်ခတ်ခြင်း . . .

ဝေဖန်ခြင်းနှင့် ပုတ်ခတ်ခြင်း . . .

ဝေဖန်ခြင်းနှင့်
ပုတ်ခတ်ခြင်းမတူဘူး။
ဝေဖန်ခြင်းဆိုတာ
သူ့အမှားသူ ပြန်စဉ်စားနိုင်အောင်
ယဉ်ယဉ်ကျေးကျေး
အေးအေးဆေးဆေး သုံးသပ်ပြတာ။

မေတ္တာ၊ ပညာ၊
အကြင်နာနဲ့ ပြောတာ။
ပုတ်ခတ်ခြင်းဆိုတာ
သူ့အမှားကို
ချက်ကောင်းယူပြီး
စော်ကားတာ၊
အမုန်းတွေ ဒေါသတွေနဲ့
ချေဖျက်ပစ်တာ၊
သူတစ်ချက်မှားတာကို
ဆယ်ချက်လောက်အပြစ်ပြောတာ။

ဝေဖန်ခြင်းဟာ
သူရောကိုယ်ပါ ချမ်းသာစေတယ်။
ပုတ်ခတ်ခြင်းဟာ
သူ ကိုယ် မခွဲ ဆင်းရဲစေပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး (နတ်တလူတောရ သြ၀ါဒ)

( ဆုတင် )

No comments:

Post a Comment