Latest News

Wednesday, March 1, 2017

ဈေးကွက်သစ်များရလာ၍ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁၃ သိန်းခန့် ရောင်းနိုင်မည်ဟုဆို

ဈေးကွက်သစ်များရလာ၍ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁၃ သိန်းခန့် ရောင်းနိုင်မည်ဟုဆို



သီရိလင်္ကာအပါအ၀င် ဈေးကွက်အသစ်များ ရရှိလာ ခြင်းကြောင့် ဘဏ္ဍာနှစ်ပြည်ပ ဆန်တင်ပို့မှုသည် တန်ချိန် ၁၃ သိန်းခန့်ရှိမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တာ ၀န်ရှိသူများက ပြောသည်။

တရုတ်နိုင်ငံမှ အ၀ယ်နည်း သော်လည်း မိုးခေါင်ရေရှားမှု ကြုံ တွေ့နေရသည့် သီရိလင်္ကာနိုင်ငံ မှ ဆန်အ၀ယ်ရှိနေခြင်း၊ ယခင် အ၀ယ်ရပ်ထားသည့် အာဖရိက နိုင်ငံများကလည်း နိုင်ငံတကာ ဈေးကွက်၌ မြန်မာ ဆန်ဈေး သက်သာသဖြင့် ပြန်လည်ဝယ်ယူ လာခြင်းတို့ကြောင့် ပြည်ပသို့ ဆန်ပို့မှုသည် ယခင်ဘဏ္ဍာနှစ်ထက် တန်ချိန် တစ်သိန်းကျော်သာ လျော့နည်းနိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တွဲဖက်အ တွင်းရေးမှူး ဦးလူမော်မြင့်မောင် ကပြောသည်။

ယခင်က ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်က ပြည်ပသို့ဆန်ပို့မှုသည် တန်ချိန် ၁၄ သိန်းကျော်ရှိသည် ဟု မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်စာရင်းများအရ သိရသည်။

လက်ရှိပြည်ပသို့ ဆန်တင်ပို့ နေမှုအခြေအနေသည် တန်ချိန် တစ်သန်းကျော်ရှိနေပြီး မတ်လ အတွင်း၌လည်း ထပ်မံတင်ပို့ ရောင်းချရန် စီစဉ်ထားမှုများရှိနေ သည်ဟု ပြည်ပသို့ ဆန်တင်ပို့ ရောင်းချနေသည့် ကုန်သည်အချို့က ဆိုသည်။

မြန်မာနိုင်ငံက ပြည်ပသို့ ဆန်တင်ပို့ရောင်းချရာတွင် ယခင် ဘဏ္ဍာနှစ်များက တရုတ်နိုင်ငံကို သာ အဓိကထားသော်လည်း လက်ရှိဒီချုပ်အစိုးရလက်ထက် တွင် တရုတ်အစိုးရ၏ တရားမ ၀င် ကုန်သွယ်မှု တားဆီးရေး ဆောင်ရွက်ချက်များကြောင့် နယ် စပ်မှ တင်ပို့ရောင်းချမှုလျော့ကျ လာသည်။ မြန်မာနိုင်ငံမှ ပြည်ပ သို့ ဆန်တင်ပို့ရောင်းချရာတွင် နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနှစ်ခု၌ ယခင်က နယ်စပ်မှ ၈၀ ရာခိုင်နှုန်းခန့်ရှိခဲ့ သည်။ ဒီချုပ်အစိုးရလက်ထက် တွင် နယ်စပ်မှ ဆန်တင်ပို့မှု၌ လျော့နည်းလာပြီး လက်ရှိအချိန် တွင် နယ်စပ်နှင့် ပင်လယ်ရေ ကြောင်းကုန်သွယ်ရေးနှစ်ခု၌ နယ်စပ်က ၆၀ ရာခိုင်နှုန်းဝန်းကျင် သာရှိသည်ဟု ဆန်ကုန်သည်များက ပြောသည်။

နယ်စပ်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် လက်ရှိတွင် တစ်ရက်တန်ချိန် ၂,၀၀၀ ခန့်သာ ရှိကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူရ အေးက ပြောသည်။



7Day News Journal

No comments:

Post a Comment