Latest News

Thursday, March 30, 2017

မန္တလေးစည်ပင်ပိုင် နိုဗယ်မင်္ဂလာဟိုတယ်ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးမည်

မန္တလေးစည်ပင်ပိုင် နိုဗယ်မင်္ဂလာဟိုတယ်ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးမည်

မန္တလေးမြို့ မင်္ဂလာ မန္တလေးတည်ဆောက်ရေးဝင်းရှိ စည်ပင်သာယာပိုင် နိုဗယ် မင်္ဂလာဟိုတယ်ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကသို့ ငှား ရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ဧပြီတွင် တင်ဒါလျှောက်လွှာများ စတင်ရောင်းချမည်ဖြစ်သည်။

နိုဗယ်မင်္ဂလာဟိုတယ်အ မည်ဖြင့် ဖွင့်လှစ်ထားသည့် ဟို တယ်သည် ချမ်းမြသာစည်မြို့ နယ် ၇၃ လမ်း၌ တည်ရှိပြီးအခန်း ၅၂ ခန်းပါ RC ငါးထပ်ဟိုတယ် အဆောက်အအုံဖြစ်သည်။ ယင်း ဟိုတယ်ကို ငှားရမ်းလိုသူများ သည် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ သန့်ရှင်း ရေးဌာန (နန်းရှေ့အဈေးပေါ်ထပ်)သို့ တင်ဒါတင်သွင်းရန် စာရင်း ပေးသွင်းနိုင်မည်ဖြစ်သည်။

‘‘Blacklist (အမည်ပျက်စာ ရင်း)ထဲမပါဘူးဆိုရင် မည်သူမ ဆို တင်ဒါဆွဲခွင့်ရှိပါတယ်။ ထူး ထူးခြားခြား ကန့်သတ်ထားတာ မရှိပါဘူး။ နိုင်ငံသားဖြစ်သူ၊ နိုင်ငံ သားမှတ်ပုံတင်ကတ်တင်ပြနိုင် ရင် တင်ဒါဆွဲလို့ရပါတယ်’’ ဟု သန့်ရှင်းရေးဌာန၊ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အိတ်ဖွင့်တင်ဒါစည်းကမ်း နှင့် တင်ဒါဈေးနှုန်းတင်သွင်းလွှာ ပုံစံများကို ဧပြီ ၂၄ ရက်တွင် စ တင်ရောင်းချမည်ဖြစ်ပြီး မေလ ၄ ရက်၌ အိတ်ဖွင့်တင်ဒါလျှောက် လွှာ နောက်ဆုံးတင်သွင်းရမည် ဖြစ်သည်။ အိတ်ဖွင့်တင်ဒါများကို မတ်လ ၅ ရက်တွင်စိစစ်ဆောင် ရွက်မည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

အိတ်ဖွင့်တင်ဒါပုံစံတစ်စုံ လျှင် ကျပ် ငါးသောင်းဖြင့် စည် ပင်သာယာသန့်ရှင်းရေးဌာန၌ ၀ယ်ယူနိုင်ပြီး တင်ဒါတင်သွင်းရာ တွင် အာမခံစပေါ်ငွေအဖြစ် ကျပ် သိန်းတစ်ရာပေးသွင်းရမည်ဖြစ် သည်။

ဟိုတယ်ငှားရမ်းလုပ်ကိုင်ခွင့် အိတ်ဖွင့်တင်ဒါ ကြမ်းခင်းဈေး နှုန်းများ အတည်ပြုသတ်မှတ်ရ ခြင်းမရှိသေးသလို လုပ်ကိုင်ခွင့် မည်မျှပေးမည်ဆိုသည်ကို အ တည်ပြုဆုံးဖြတ်ရခြင်း   မရှိ သေးကြောင်း စည်ပင်သာယာ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘အရင်ကတော့ ၁၅ နှစ် လုပ်ပိုင်ခွင့်ပေးတယ်။ အခုတော့ ဘယ်နှနှစ် လုပ်ပိုင်ခွင့်ပေးမလဲ မသိရသေးဘူး’’ဟု ၎င်းကပြော သည်။

လက်ရှိတွင် အဆိုပါဟို တယ်ကို နိုဗယ်မင်္ဂလာဟိုတယ် အမည်ဖြင့် လုပ်ငန်းရှင်တစ်ဦးက ၂၀၁၅ ကစတင်ကာ ငှားရမ်းလုပ် ကိုင်နေပြီး အဆိုပါလုပ်ငန်းရှင်က ပြန်လည်အပ်နှံသဖြင့် ယခုကဲ့သို့ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုဂ္ဂလိ ကသို့ ထပ်မံငှားရမ်း လုပ်ကိုင်ခွင့် ပေးရန် တင်ဒါခေါ်ယူခြင်းဖြစ် ကြောင်း စည်ပင်သာယာမှ သတင်းရရှိသည်။

၂၀၁၅ ကစတင်၍ ယင်းဟို တယ်ကို ငှားရမ်းလုပ်ကိုင်ခွင့်ပေး ခဲ့ရာ တစ်နှစ်ကောက်ခံရရှိငွေ ကျပ်သိန်း ၉,၃၆၀ ကျော်ရရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လွှတ်တော်သို့တင်သွင်းသည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၅-၁၆ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မှု အခြေအနေတင်ပြချက် အစီရင်ခံစာတွင်ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာအရ ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုထားသည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ဟိုတယ်ငါးလုံးရှိပြီး အဆိုပါဟို တယ်များသည် ၇၈ လမ်းမပေါ်ရှိ ဟိုတယ်မန္တလေး၊ ၆၂ လမ်းမပေါ် ရှိ နဒီမြန်မာဟိုတယ်၊ ၇၈ လမ်းမ ပေါ်ရှိ ချမ်းမြသာစည်လေဆိပ် (မင်းသားကြီး)ဟိုတယ်၊  ၂၆ လမ်းမပေါ်ရှိ မန္တလေးစီးတီး ဟိုတယ်နှင့် ၇၃ လမ်းပေါ်ရှိ နို ဗယ်မင်္ဂလာဟိုတယ်တို့ဖြစ်သည်။

စည်ပင်ပိုင်ဟိုတယ်များ ပုဂ္ဂ လိကသို့ငှားရမ်းလုပ်ကိုင်ခွင့်ပေး ခဲ့ရာတွင် နိုဗယ်မင်္ဂလာဟိုတယ် သည် အခွန်အများဆုံးရရှိသည့် ဟိုတယ်ဖြစ်ပြီး ကျန်ဟိုတယ်များ သည် တစ်နှစ်ကောက်ခံရရှိငွေ ကျပ်သိန်း ရာဂဏန်းမျှသာဖြစ် သည်။

မန္တလေးမြို့ ၇၈ လမ်းမကြီး ပေါ်တွင်ရှိပြီး ၁ ဒသမ ၆ ဧက ကျော်ကျယ်ဝန်းသည့် ဟိုတယ် မန္တလေးကို စည်ပင်သာယာက AK ကုမ္ပဏီသို့ ၁၉၉၆ က စတင် ငှားရမ်းခဲ့ရာ တစ်နှစ် ကောက်ခံ ရရှိငွေ ကျပ် ၂၈၆ သိန်း ကျော်သာရရှိပြီး ၆၂ လမ်းမကြီး ပေါ်ရှိ ၁ ဒသမ ၆ ဧကကျော် ကျယ်ဝန်းသော နဒီမြန်မာဟို တယ်ကို၂၀၁၇ က စတင်ကာ စည်ပင်သာယာက ဒေါ်နီအိုမီ အား ငှားရမ်းလုပ်ကိုင်ခွင့်ပေးခဲ့ရာ တစ်နှစ်ကောက်ခံရရှိငွေ ကျပ် ၆၁ သိန်းကျော်သာရရှိခဲ့ကြောင်း သိရသည်။

NLD အစိုးရသစ်တာဝန်ယူ ပြီးနောက် စည်ပင်သာယာအခွန် အခပိုမိုရရှိနိုင်ရန် ခေတ်ကာလ ပေါက်ဈေးနှင့်ကိုက်ညီမှုမရှိတော့ သောငှားရမ်းခများကို ကာလ ပေါက်ဈေးနှင့်ကိုက်ညီရန်ပြောင်းလဲပြင်ဆင်သတ်မှတ်နေကြောင်း မန္တလေးမြို့တော်ဝန်က ပြော သည်။
( 7Day News )

No comments:

Post a Comment