Latest News

Friday, March 24, 2017

အမေဇုံမြစ်ရဲ့သက်တမ်းဟာ နှစ်ပေါင်းကိုးသန်းထက်မနည်းရှိပြီလို့ တွေ့ရှိ

အမေဇုံမြစ်ရဲ့သက်တမ်းဟာ နှစ်ပေါင်းကိုးသန်းထက်မနည်းရှိပြီလို့ တွေ့ရှိ

မတ် ၂၁ – သုတေသနအသစ်တစ်ရပ်အရ အမေဇုံမြစ်ဟာ နှစ်ပေါင်း ၉ သန်း နဲ့ ၉.၄ သန်းကြားရှိပြီလို့ သိရပါတယ်။ သည်မြစ်ရဲ့သက်တမ်း ဒီထက်ပိုနုငယ်တယ်ဆိုတဲ့ခန့်မှန်းခြေတွေဟာ မှားယွင်းနေတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

အမ်စတာဒမ်တက္ကသိုလ်နဲ့ ဘရာစေးလျားတက္ကသိုလ်က သုတေသီတွေဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရာက နေရရှိလားတဲ့ ကမ်းလွန်နှုန်းအနည်အနှစ်တွေကို လေ့လာဆန်းစစ်ခဲ့တာပါ။ သူတို့ရဲ့တွေ့ရှိချက်တွေကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ သန်းနဲ့ ၉.၄ သန်းခန့် သမိုင်းမတင်မီခေတ်နှောင်းပိုင်းအတွင်း သည်နှုန်းအနည်အနှစ်ပေါင်းစပ်ဖွဲ့စည်းမှုတွေနဲ့ အပင် အပျက်အစီးတွေမှာမြင်ရတဲ့အပြောင်းအလဲတစ်ခုကို ဖော်ထုတ်ခဲ့ပြီး အပူပိုင်းမုတ်သုံမြေနိမ့်နေရာတွေကနေ အင်းဒီးစ် ကုန်းမြင့်ပိုင်းအထိ သည်မြစ်ရဲ့အရင်းအမြစ်တွေမှာအပြောင်းအလဲတစ်ခုဖြစ်သွားပုံရတာကို တွေ့ရှိခဲ့ပါ တယ်။

သိပ္ပံပညာရှင်တွေက ဟိုအရင်က သည်မြစ်ရဲ့သက်တမ်းကို နှစ်ပေါင်း ၁ သန်းကနေ ၁.၅ သန်းခန့်အထိသာ သတ်မှတ် ခဲ့ပါတယ်။ ‘ ကျွန်တော်တို့ဟာ အမေဇုံမြစ်ရေပြင်အောက်ဖြန့်ထွက်နေတဲ့ဂန္တ၀င်မြောက်အပိုင်းက အကူးအပြောင်းကြားကာလကို နမူနာ ယူခဲ့တဲ့အတွက် ဒီမြစ်ရဲ့တကယ့်သက်တမ်းအစစ်အမှန်ကို နီးစပ်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရေအောက်အပိုင်းမှာ ဒီမြစ်ကနေ ပို့ချထားတဲ့နှုန်းအနည်အနှစ်တွေစုပုံနေပြီး ဒါဟာ မြစ်ရဲ့ဆင့်ပွားပြောင်းလဲမှုသမိုင်းအတွက် တိကျတဲ့မှတ်တမ်း တစ်ခုအဖြစ်ကျန်နေခဲ့တာပါ’ လို့ ဘရာစေးလျားသုတေသီဟောင်း ဖာရစ်ချီမေးလ်က သတင်းထုတ်ပြန်ချက် တစ်ခုမှာ ပြောပါတယ်။

သည်ရေနံတွင်းတွေကနေ စုဆောင်းရယူထားတဲ့နမူနာတွေဟာ မြက်တွေရှင်သန်မှုဖြစ်စဉ်ကို တဖြည်းဖြည်းချင်းတိုးပွားစေပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၅ သန်းက ဒေသတွင်းရာသီဥတုပြောင်းလဲမှုဟာ အမေဇုံတွင်းက အပင်တွေတွင်းပါဝင်ဖွဲ့ စည်းမှုတွေကို အကျိုးသက်ရောက်စေတာကို ပြသနေပါတယ်။ သုတေသီတွေဟာ သူတို့ရဲ့သည်တွေ့ရှိချက်တွေကို ဂလိုဘယ်အင်န်ပလန်းနက်ထရီချိန်းဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့ ပါတယ်။

ချိုလေးငယ်

ref:UPI. Mar 21, 2017

Kumudra

No comments:

Post a Comment