တယ်လီနောက ၂ နှစ်အတွင်း အခွန် ကျပ်ဘီလီယံ ၈၀ ကျော် ပေးသွင်းထားဟုဆို
ဆက်သွယ်ရေးအော်ပရေတာသုံးခုအနက် တယ်လီနောသည် ၂ နှစ်ကျော်အတွင်း အစိုးရထံသို့ အခွန်ငွေကျပ် ၈၈ဘီလီယံ ပေးသွင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
‘‘မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ထားတာက ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိပါတယ်။ တိုင်းပြည် တိုင်းမှာ စီးပွားရေးလုပ်ရင် အခွန် ငွေပေးဆောင်ရတယ်ဆိုတာ နား လည်ပါတယ်။ အခုဆိုရင် တယ် လီနောက အစိုးရဆီကို အခွန်ငွေ ကျပ် ၈၈ ဘီလီယံပေးဆောင် ထားပါတယ်’’ဟု တယ်လီနော စီအီးအို Mr. Lars Erik Tellmann က ပြောသည်။
တယ်လီနောသည် ၂၀၁၆ နိုဝင်ဘာအတွင်း အစိုးရထံ အခွန်ကျပ် ၈၀ ဘီလီယံပေးဆောင် ထားသည်ဟု သတင်းထုတ်ပြန်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း အစိုးရထံသို့ အခွန် ကျပ် ၈၈ ဘီလီယံအထိ ပေးဆောင်ထား သည်ဟု ထပ်မံပြောကြားခဲ့သည်။
ဆက်သွယ်ရေးအော်ပရေ တာသုံးခုအနက် အခွန်ငွေပေး ဆောင်မှုနှင့်ပတ်သက်၍ တယ်လီ နောက ထုတ်ပြန်ပြောကြားခဲ့သော်လည်း အခြားသောဆက်သွယ်ရေးအော်ပရေတာများ သည် အခွန်ပေးဆောင်သည့်ပမာ ဏကို ထုတ်ဖော်ပြောကြားထား ခြင်းမရှိပေ။
၂၀၁၄ အတွင်း ၁၅ နှစ်အ ကြာ အော်ပရေတာလုပ်ကိုင်ခွင့် လိုင်စင်ကို တယ်လီနောက အမေ ရိကန်ဒေါ်လာ သန်း ၅၀၀ ပေး သွင်းရယူခဲ့ပြီး ပြည်တွင်းမှ ပြန် လည်ရရှိလာသည့် ငွေကြေးများ ကို ပြည်ပသို့ သယ်ဆောင်ခြင်း မရှိဘဲ ပြည်တွင်း၌သာ ဆက်လက် ရင်းနှီးမြှုပ်နှံထားသည်ဟု Mr.Lars Erik Tellmann က ပြောကြား သည်။
ဆက်သွယ်ရေးအော်ပရေ တာများအနက် အူရီးဒူးသည် ၁၅ နှစ်အကြာ အော်ပရေတာလိုင်စင် ကို အမေရိကန်ဒေါ်လာ သန်း ၁,၀၅၀ ပေးသွင်းရယူထားပြီး စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ MyTel သည် အော်ပရေတာလိုင်စင်ကို ကန်ဒေါ်လာ သန်း ၃၀၀ ပေးသွင်း ရယူခဲ့သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment