Latest News

Friday, March 31, 2017

ပုသိမ်မှာ စီးပွားဖြစ် မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုမှာ မဟုတ်

ပုသိမ်မှာ စီးပွါဖြစ် မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုမှာ မဟုတ်

ပုသိမ်မြို့ မှာ စီးပွါးဖြစ်မဏ္ဍပ် ဆောက်လုပ်ခွင့် ပြုမှာ မဟုတ်ဘူးလို့  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ 
စည်ပင်သာယာရေး ၀န်ကြီး ဦးကျော်မြင့်ကမတ်လ(၃၁)ရက်နေ့ ကပြောပါတယ်.။

"ခွင့်ပြုလို့ မဖြစ်ပါဘူး။ စီးပွားဖြစ်မဏ္ဍပ်ဆိုတဲ့ ခေါင်းစဉ်ရဲ့ နောက်ကွယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပေါ်ပေါက်လာနိုင်တာတွေ ရှိလာတာကြောင့် စီးပွားဖြစ်မဏ္ဍပ်ကိုတော့ ခွင့်ပြုဖို့ မရှိဘူးခုအခြေနေအထိတော့ လျှောက်ထားခြင်းမရှိသေးဘူး။ ကျွန်တော်တို့ ကတော့စီးပွါးဖြစ်မဏ္ဍပ်ကို ခွင့်မပြုဘူးလို့ ပဲ ဆုံးဖြတ်ထားတယ်"
လို့  ပြောပါတယ်။

ယခုနှစ် သင်္ကြန်ကို အစိုးရအဖွဲ့  စီးမံခန့် ခွဲမှု ဖြင့် ဗဟို မဏ္ဍပ် နှစ်ခုအပါဝင် ဌာနဆိုင်ရာမဏ္ဍပ် ခြောက်ခုနှင့်အတူ ရပ်ကွက်ကျေးရွာ အဖွဲ့ အစည်းမဏ္ဍပ် (၁၄)ခုလောက်နဲ့  စည်းစည်းကားကားကျင်းပဖို့ ဆောင်ရွက်
မှာဖြစ်တယ်လို့  အစိုးရအဖွဲ့ ကပြောပါတယ်။

ဒီလို ဆောင်ရွက်မှုအပေါ် ပုသိမ် သူ ပုသိမ်သားဒေသခံများနှင့် ပုသိမ် အနီးတစ်ဝိုက်  ဒေသခံများက
လည်းကျေနပ်နှစ်သက်ကြကြောင်းပြောပါတယ်.။

သို့ သော်လည်း ဖေ့စ်ဘွတ် လူမှုကွန်ယက်ပေါ်တွင် သကြန်ရက်များအားလုံးအတွက် မဏ္ဍပ်လည်ခ
နံနက်စာ၊နေ့ လည်စာ၊ ကော်တေး အပါဝင် ငွေကျပ် (၁၀၀၀၀၀) ဆိုတော့ အမိုက်ပဲ လို့  ပုသိမ်သူ
ပုသိမ်သားများဆုံစည်းရာ ရေကစား မဏ္ဍပ်မှာ ပုသိမ်ဒေသခံ ၀န်ထမ်းတစ်ဦးကရေးသားထားပါတယ်။

"သူငယ်ချင်းတွေစုပြီးလုပ်မယ်၊ လူလေးနဲနဲတော့ထည် မယ်ပေါ့။ လက်မှတ်တော့လုပ်ထားတယ်။
ငွေရေးကြေးရေး တော့ အဲ့ လို မဟုတ်ပါဘူး ။အလှူငွေထည့် ပေါ့။ ပျော်ကြမယ်ဆိုရင် အလှူငွေတစ်သိန်း
ထည့်ရင် လက်မှတ် နှစ်စောင်တော့ ပေးမယ်လို့ ရည်ရွယ်ထားတယ်။ ပျော်ကြဖို့ လုပ်တာ။"လို့ ရေကစားမဏ္ဍပ် ဖြစ်မြောက်ရေးမှာပါဝင်ဆောင်ရွက်နေတဲ့  သူတစ်ဦးကပြောပါတယ်။

ဒီရေးသားထားမှုနှင့်အတူ ပါမစ် ရရှိရေးအတွက် စည်ပင်သာယာရေးဝန်ကြီး ကိုယ်ရေးအရာရှိကို
ချိတ်ဆက်ဖို့ လည်းပြောဆိုနေကြပါတယ်။
အစိုးရသစ် လက်ထက်မနှစ်ကသင်္ကြန် ရန်ကုန်မြို့ ကစတင်လို့ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်တွေကို ခွင့်ပြုတာတွေ မရှိတော့ ပါဘူး ။
မျိုးမင်းပိုင်

No comments:

Post a Comment