နဂါး ပွက်အိုင် ဘာလို့ပွက်သလဲ?
နဂါးပွက်ေတာင် လို့ မြန်မာနိုင်ငံမှာ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ တောင်တွေဟာ တကယ်တမ်းတော့ ရွှံ့မီးတောင်တွေ ဖြစ်ပါတယ်။ မြန်မာပြည်ရှိ ထင်ရှားသော နဂါးပွက်တောင် တစ်ခုမှာ မကွေးတိုင်း၊ မင်းဘူးမြို့တောင်ဘက်မှာရှိတဲ့ ရွှံ့မီးတောင်ပဲ ဖြစ်ပါတယ်။ ပင်မရွှံ့မီးတောင်ကြီးမှာ အမြင့်ပေ ၃၀ ခန့်နှင့် ထိပ်ဝမှာ ၈ ပေခန့် အကျယ်ရှိပါတယ်။ သာမာန်မီးတောင်များမှာ ချော်ရည်များထွက်သကဲ့သို့ ရွှံ့မီးတောင်များမှလည်း ရွှံ့ကဲ့သို့ အရည်များ ထိုးထွက်လာခြင်းဖြစ်ကာ တစ်ဘွက်ဘွက်နှင့် ပွက်နေရခြင်းမှာ တောင်အတွင်းမှ မီသိန်းဓါတ်ငွေ့ ထွက်ရှိသောကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံကဲ့သို့ပင် အခြားသောနိုင်ငံများမှာလည်း ထိုကဲ့သို့ နဂါးပွက်တောင် (ရွှံ့မီးတောင်) များရှိပြီး မြန်မာနိုင်ငံကဲ့သို့ နွားနို့လောင်းထည့်ခြင်း၊ ရှိခိုးပူဇော်ပသခြင်းမျိုးတွေတော့ တွေ့ရလေ့ မရှိပါဘူး။ မင်းဘူးရွှံ့မီးတောင်ကဲ့သို့ပင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာလည်း ရွှံ့မီးတောင်တစ်ခုရှိကာ ပြီးခဲ့တဲ့နှစ်က ငလျင်ကြောင့် ပေါက်ကွဲခဲ့ဖူးပါသေးတယ်။ အဆိုပါဗီဒီယိုကိုတော့ အောက်မှာတွဲပြီး ဖော်ပြပေးလိုက်ပါတယ်။
မင်းဘူး၊ နဂါးပွက်အိုင်
Credit: အောင်ခန့်( MOMOLAY)
Friday, March 3, 2017
နဂါး ပွက်အိုင် ဘာလို့ပွက်သလဲ?
နဂါး ပွက်အိုင် ဘာလို့ပွက်သလဲ?
Reviewed by Ar Ti
on
9:50 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment