Latest News

Wednesday, March 15, 2017

အောင်ဆန်းနော် ဗိုလ်ချုပ်နော် တေဇနော်

အောင်ဆန်းနော် ဗိုလ်ချုပ်နော် တေဇနော်



၂၀၁၀ ပြည့်နှစ်တွင် ဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာပြီးနောက် စာပေစိစစ်မှုကို လျှော့ချ ပေးခဲ့ရာ ယခင် ထုတ်ခွင့်မရခဲ့သည့် စာအုပ်များ ထုတ်ဝေခွင့်ရလာသည်။ အထူးသဖြင့် နိုင်ငံရေးနှင့် အတ္ထုပ္ပတ္တိစာအုပ်အချို့ လွတ်လပ်ခွင့် အထိုက်အ လျောက် ရလာသဖြင့် ဈေးကွက်ပိုမိုကျယ်ပြန့်လာကာ ဖတ်ရှုသူလည်း များပြားလာပါသည်။ ထိုသို့သော အခြေအနေတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သည့် ဗွေဆော်ဦးစာအုပ်အချို့ ပေါ်ထွက်လာရာ စာ ရေးဆရာ ကိုအောင်ဆန်း နှင့် ယခု အောင်ဆန်းနော် ဗိုလ်ချုပ်နော် တေဇနော် တို့သည် ထုတ်ဝေခွင့် တစ် ခေတ်ဆန်းချိန်၌ အဦးအဖျား ဖြစ်ခဲ့သည်။ ထိုနောက် ပိုင်းကစ၍ ဗိုလ်ချုပ်အောင်ဆန်းစာအုပ်များ  ဟော တစ်အုပ် ဟောတစ်အုပ် ထွက်လာကြသည်မှာ ယနေ့ တိုင် မဆုံးနိုင်သေး ...။

ထိုသို့ ထုတ်ဝေရေးတစ်ခေတ်ဆန်းချိန်တွင် ဦး ဦးဖျားဖျား ပေါ်ထွက်လာသည့် ယခုစာအုပ်သည် ကြိမ်ဖန်များစွာ ရိုက်နှိပ်ခဲ့ရပြီး စာဖတ်ပရိသတ် အ များအပြားက ၀ယ်ယူသိမ်းဆည်းထားပြီးဖြစ်ပါသည်။ သို့သော် ယခုစာအုပ်သည် မည်မျှအရောင်းသွက်ခဲ့ သည်မသိ၊ ဈေးကွက်ထဲ ပြတ်လပ်နေသည်မှာ ၂ နှစ်၊ သုံးနှစ်ခန့်ရှိခဲ့ပြီ။ ထိုအချိန်တွင် ထပ်မံဖြည့်စွက်ထား သော ဆောင်းပါးများဖြင့် အသစ်တစ်ဖန် ပေါ်ထွက် လာရာ မဖတ်ရသေးသူများနှင့် ၀ယ်ယူလိုသူများ ကျေနပ်ဖွယ်ရာ ဖြစ်လာပါသည်။

ယခုစာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းအ ကြောင်း ရေးဖွဲ့ထားသော ဆောင်းပါး ၆၃ ပုဒ်ပါဝင် ပြီး အားလုံးလိုလိုမှာ ဗိုလ်ချုပ်နှင့်ခေတ်ပြိုင် နိုင်ငံရေး သမားကြီးများ၊ ဒို့ဗမာအစည်းအရုံးဝင် သခင်အချို့၊  ဘီအိုင်အေ၊ ဘီဒီအေ ခေတ်ကတည်းက မြန်မာ့လွတ် လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူများ၊ ဗိုလ်ချုပ်၏ သက်တော်စောင့် ကိုယ်ရံတော်အချို့နှင့် စာပေ အနု ပညာရှင်များ၏ ဗိုလ်ချုပ်အကြောင်း ရေးဖွဲ့သော ရုပ် ပုံလွှာများပါဝင်သည်။ စာနယ်ဇင်းအသီးသီး၌ ဖော်ပြ ခဲ့သော ယင်းဆောင်းပါးများကို  တိုးမြစ်စာအုပ်တိုက် က ရှာဖွေစုစည်းကာ တပေါင်းတစည်းတည်း ဖော်ပြ ခဲ့ခြင်းဖြစ်ပေသည်။ စာအုပ်တွင် သခင်ကိုယ်တော် မှိုင်း၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ ညိုမြ၊ မောင်ထင်၊ တိုးတက်ရေး အုန်းမြင့်၊ ဂျာနယ်ကျော်မမလေး၊ သခင်ကျော်စိန်၊ ကျော်အောင်၊ တင်အောင်၊ မိုးမင်း၊ ဗိုလ်ဥတ္တမကျော်၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)၊ တိုင်း(၄)ရဲဘော်ဟောင်း၊ စံအောင်၊ သခင်ဗဟုန်၊ ဗိုလ်ခွန်ဖြူ၊ နတ်မောက်လင်း ရောင်၊ ဦးဗဆွေ၊ ဦး ဗဂျမ်း(၀န်ကြီးဟောင်း)၊ ရွှေမိုး၊ ဗိုလ်ပြည့်၊ ဗမိုး၊ မြ၀တီရဲခေါင်၊ နတ်မောက်တေဇ၊ မောင်ဆွဲ၊ သခင် မြသန်း အစရှိသည့် လူပုဂ္ဂိုလ်တို့၏ ဗိုလ်ချုပ်ကောက်ကြောင်း ရုပ်ပုံလွှာအဖွဲ့အနွဲ့များ ပါရုံသာမက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေး ဆွဲသော ဖခင်ပုံတူပန်းချီကားများ၊ ဗိုလ်ချုပ်၏ လက် ရေးမူ ကော်ပီများနှင့် သမိုင်းဝင်ဓာတ်ပုံများ ဖော်ပြ ထားသလို ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ဝေခဲ့ သော ငွေစက္ကူများပါ တစ်ပါတည်း ရောင်စုံရိုက်နှိပ် ထည့်သွင်းထားသည်။

ဗိုလ်ချုပ်နှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်များ၊ ဗိုလ်ချုပ်၏ တပည့် တပ်မတော်သားများနှင့် စာပေအနုပညာရှင် များ ရေးခြယ်သော တစ်ပိုင်းတစ်စ မှန်ကူကွက်ကား ချပ်အဖြစ် ရှုမြင်ရမည်ဖြစ်၍ ဗဟုအမြင်များ ပြည့် လွှမ်းနေသော ဆောင်းပါးများအဖြစ် ဖတ်ရပါမည်။ ထိုသို့ မတူညီသော ရှုထောင့်အသီးသီးက ရေးဖွဲ့ထား ၍ တစ်အုပ်လုံး ဖတ်ပြီးပါက ဗိုလ်ချုပ်အောင်ဆန်း တည်းဟူသော ပုဂ္ဂိုလ်သည် မည်သို့ ပုဂ္ဂိုလ်မျိုးဖြစ် သည်ကိုကိုယ်ပိုင်ကောက်ချက်ချနိုင်ပေမည်။စာအုပ် အမှာတွင် ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ က ‘ယခုဖော်ပြပါစာစုများမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိတ်ဆွေများက သူ့ကို တွေ့မြင်သော အခြင်းအရာ များကို ဖွဲ့နွဲ့သည်။ ယင်းသို့ ဖွဲ့နွဲ့ရာတွင် ဖွဲ့နွဲ့သူတို့ ၏ ဟန်ကလည်း သူ၏ ဆောင်ရွက်ချက်များကို ဖော် ပြသော အကြောင်းအရာများမှာ ပါဝင်နေကြသည်။ ယခု ရေးသားချက်များမှာ သူ့ခေတ်ကို ကိုယ်စားပြု သော ဖွဲ့နွဲ့မှုများကို တွေ့ရသည်။ ယင်းသည် ဤ စာအုပ်၏ တန်ဖိုးကို ဖော်ပြရာရောက်သည်။ ကျွန် တော်က ထပ်ပြောရန်မလိုပါ။ ကိုအောင်ဆန်းသည် သူ့ခေတ် သူ့အခါက အရိုးသားဆုံးနှင့် တိုင်းပြည်အ တွက် လုပ်ဆောင်မှုများသော၊ စေတနာထားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ဟု သူတို့အမြင်ဖြင့် ဖော် ပြကြသည်။ ယင်းကို ဖတ်ကြည့်သောအခါ နှစ်သက် ဖွယ်ရာများဖြင့် ပြည့်လွှမ်းနေကြောင်း တွေ့ရသည်’ ဟု ရေးထားပါသည်။ စာအုပ်ကို တိုးမြစ်စာအုပ်တိုက် က တန်ဖိုး ၈,၀၀၀ ကျပ်ဖြင့် ဖြန့်ချိသည်။



7Day News Journal

No comments:

Post a Comment