Latest News

Tuesday, March 28, 2017

လွှတ်တော်မှာ မဆိုင်တာတွေ မဆွေးနွေးဖို့  အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးသတိပေး

လွှတ်တော်မှာ မဆိုင်တာတွေ မဆွေးနွေးဖို့  အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးသတိပေး

လွှတ်တော်တွင် အဆို မေးခွန်းများနှင့် စပ်ဆပ်မှု မရှိသော မေးခွန်းများကို မဆွေးနွေးဖို့  ဧရာဝတီ
တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက မတ်လ(၂၉)ရက်နေ့ က လွှတ်တော်တွင် သတိပေးပြောဆိုလိုက်သည်။

ပညာရေးဝန်ထမ်းအချို့  တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းကို အစိုးရအဖွဲ့ ကထိမ်းကျောင်းနိုင်ရေးအဆို
အားထောက်ခံဆွေးနွေးသည့် ၀ါးခယ်မမဲဆန္ဒနယ်ဦး ဌေးအောင်၏ ဆွေးနွေးမှုအပြီးတွင် ယင်းသို့ 
သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

"နောက်နောင် အဆိုများကို ဆွေးနွေးတဲ့ နေရာမှာ  အဆိုကို အဆိုနဲ့ တူသော ဆွေးနွေးမှု များဖြစ်စေဖို့ ကျွန်မအနေနဲ့  ဥက္ကဌကြီးမှတစ်ဆင့် လွှတ်တော်ကိုတင်ပြဆွေးနွေးပါတယ်" ဟုပြောသည်။

ဦးဌေးအောင် ၏ အဆိုသည် မူလအဆိုနှင့် စပ်ဆပ်မှုမရှိကြောင်းလည်းဒေါက်တာလှမြတ်သွေးကပြောသည်။

"လွှတ်တော်ကိုယ်စားလှယ်က တော့ ကိုယ်စားလှယ်လိုပဲ ဆွေးနွေးရမှာပဲလေ။ ၀န်ကြီးကတော့
သူ့ အမြင်နဲ့ မတူဘူးလေ " လို့  ဦးဌေးအောင်က လွတ်တော်ပြင်ပတွင် မီဒီယာများကိုပြောသည်။

အဆိုပါ အစိုးရအဖွဲ့ ဝန်ကြီး၏ ဆွေးနွေးပြောဆိုမှုကို လွှတ်တော်က လည်းမှတ်တမ်းတင်ခဲ့ သည်။
မျိုးမင်းပိုင်

No comments:

Post a Comment