၂၀၁၇ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အဆိုတင်သွင်းခံရသူ ၃၁၈ ဦးရှိ
ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အဆိုတင်သွင်းခံထားရသူ ဦးရေသည် ၃၁၈ ဦး ရှိသည့်အတွက် စံချိန်ချိုးလုနီးပါး ဖြစ်နေသည်ဟု နိုဘယ်အင်စတီကျု့က မတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဆုအတွက် အဆိုပြုခံထားရသည်ဟု ယူဆခံနေရသူများထဲတွင် ဆီးရီးယားဦးထုပ်ဖြူအဖွဲ့၊ ဒေါ်နယ်ထရန့်မှသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အထိ ပါဝင်ကြသည်။
နိုဘယ်အင်စတီကျု့သည် ဆုအတွက် လျာထားခံရသူများ အမည်စာရင်းကို နှစ် ၅၀ ကြာ လျှို့ဝှက်ထားမည်ဖြစ်သည်။ သို့သော်လည်း ဆုအတွက် အဆိုပြုသူများက ၎င်းတို့ မည်သူ့အား အဆိုပြုထားသည်ကို ထုတ်ဖော်ခွင့်ရှိသည်။ ထို့ကြောင့် နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုခံထားရသူများစာရင်းထဲတွင် ဦးထုပ်ဖြူအဖွဲ့၊ အကျဉ်းကျခံနေရသော ဆော်ဒီဘလော့ဂါရေ့ဗ်ဘာဒါဝီ၊ အမေရိကန်၏ ထောက်လှမ်းရေးလျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သူ အက်ဒ၀ပ်စနိုးဒင် အစရှိသူတို့ ပါဝင်နေသည်ဟု ယူဆရသည်။ ထို့ပြင် အမည်မဖော်လိုသော အမေရိကန်တစ်ဦးကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ခိုင်မာသော သဘောထားဖြင့် ငြိမ်းချမ်းရေးကို ပုံဖော်နေသည်ဟုဆိုကာ ဆုအတွက် အဆိုပြုထားသည်။
နိုဘယ်ဆုများကို ၁၉၀၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီးနောက်ပိုင်း ယခုနှစ်အတွက် ငြိမ်းချမ်းရေးဆု လျာထားခံရသူဦးရေသည် ၂၀၁၆ ခုနှစ်ပြီးလျှင် ဒုတိယအများဆုံးဖြစ်နေသည်။ ၂၀၁၆ ခုနှစ်ကမူ လျာထားခံရသူ ၃၇၆ ဦး ရှိခဲ့သည်။
နိုဘယ်ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ အမျိုးသမီး ကေစီကူမန်ဖိုက်သည် ဖေဖော်ဝါရီ ၁၉ ရက်ကမှ ရင်သားကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။ ၂၀၁၇ ခုနှစ်အတွက် နိုဘယ်ဆုရှင်များကို ကြေညာမည့်ရက်အား မသတ်မှတ်ရသေးသော်လည်း အောက်တိုဘာ ၆ ရက်တွင် ကြေညာနိုင်သည်ဟု ခန့်မှန်း နေကြသည်။
Ref: AFP
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment