ဖုန်းခေါ်ဆိုခပိုမိုဖြတ်တောက်တဲ့ အော်ပရေတာကို စိစစ်အရေးယူမည်
မတ် ၎
မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခကိုအသုံးပြုနှုန်းထက် ပိုမို ဖြတ်တောက်နေတဲ့ အော်ပရေတာတွေကို တိုင်ကြားလာရင် စိစစ်အရေးယူမယ်လို့ သိရပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုဝန်ကြီးဦးကျာ်မျိုးက တချို့ ကွန်ပလိန်း (complain) လုပ်တယ်၊ အော်ပရေတာတွေကို စိစစ်တင်ပြပြီးတော့ ပြန်ဖြေရှင်းပေးပါတယ်လို့ ဆိုပါတယ်။
မိုဘိုင်းလ်ဖုန်းသုံးစွဲသူလူထုအနေနဲ့ဖုန်းခေါ်ဆိုခနဲ့အင်တာနက်သုံးစွဲခတွေကို ကျသင့်တာ ထက် ပိုမိုကောက်ခံနေတာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနကိုတိုင်တန်းတာကြောင့် ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာအော်ပရေတာ တွေကို ခေါ်ယူစိစစ်ခဲ့တယ်လို့လည်း သိရပါတယ်။
‘ဒါတွေကတိုင်မှသိတာကိုတိုင်တဲ့အခါကျရင် သက်ဆိုင်ရာ အော်ပရေတာကို စိစစ်အရေးယူဆောင်ရွက်က်ဖို့ ပြောပါတယ်၊ အော်ပရေတာတွေကို စိစစ်တင်ပြစေတယ်၊ တင်ပြစေပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ဆုံးဖြတ်ပေး တယ်ပေါ့၊ ဒါက ကိုယ့်ဥပဒေလုပ်ထုံးလုပ်နည်းအရ ပေါ့လို့ ဒုဝန်ကြီးက ဆိုပါတယ်။
သည်လိုစိစစ်ပြီးအရေးယူပေမဲ့အရေအတွက် သိပ်အများကြီး မရှိဘူးလို့ ဆိုပါတယ်။ ဝန်ကြီးဌာနအနေနဲ့ အရေးယူခဲ့တယ်လို့ ဆိုပေမဲ့လည်း ဖုန်းခေါ်ဆိုခတွေ အင်တာနက် သုံးစွဲခတွေကို ပိုမိုဖြတ်တောက် နေကြဆဲဖြစ်ပါတယ်။
စတုတ္ထမြောက်အော်ပရေတာလည်း ပေါ်လာတော့မှာ ဖြစ်လို့လက်ရှိဝန်ဆောင်မှု ပေးနေတဲ့အော်ပရေတာ သုံးခုအနေနဲ့ ပရိုမိုးရှင်းတွေအပြိုင်အဆိုင်လုပ်နေကြပါတယ်။
အသုံးပြုသူတွေအနေနဲ့ အော်ပရေတာများလာတာနဲ့အမျှ မှန်ကန်မှုနဲ့ မြန်ဆန်ကောင်း မွန်သော စီးပွားရေး အကျိုးအမြတ်တစ်ခုတည်း မကြည့်ဘဲ စိတ်စေတနာနဲ့ ဝန်ဆောင်မှု ပေးနိုင်တဲ့အော်ပရေတာကို ရွေးချယ်သုံး စွဲနိုင်မှာဖြစ်ပါတယ်။
အစိုးရအနေနဲ့လူထုအသံကို နားထောင်ပြီး ဥပဒေစည်းကမ်း အတိုင်း ဖြေရှင်းပေးရမှာ ဖြစ်သလို တိုင်ကြားလာမှဖြေရှင်းပေး တာမျိုး မဟုတ်ဘဲ စောင့်ကြည့်အကဲဖြတ်နေတဲ့ စနစ်နဲ့ အော်ပရေတာတွေကို ထိန်းကျောင်းဖို့ လိုအပ်တယ်လို့ သိရပါတယ်။
#Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment