ဟုမ္မလင်းမြို့နယ်အတွင်း ရစ်ခ်ျတာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အား အသင့်အတင့် မြေငလျင်တစ်ခု လှုပ်ခတ်
ဟုမ္မလင်းမြို့နယ်အတွင်း ရစ်ခ်ျတာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့် မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
“ငလျင်လှုပ်တာ သိသာတယ်။ လူတိုင်းလိုလို သတိထားမိလိုက်တယ်။ ပထမတစ်ချက် ခပ်ပြင်းပြင်း ဆောင့်လှုပ်သွားပြီး နောက်ထပ် ဆက်လှုပ်နေတာ ငါးစက္ကန့်လောက်တော့ကြာမယ်။ နှစ်ထပ်အိမ်တွေဆို နည်းနည်းယမ်းသွားတာ သိသာတယ်။ ထိခိုက်ပျက်စီးတာတော့ မရှိပါဘူး” ဟု ဟုမ္မလင်းမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ “၂၀၁၇ ခုနှစ် မတ် ၄ ရက် မြန်မာစံတော်ချိန် ၈ နာရီ ၄၁ မိနစ် ၅၃ စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၂၄၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (အိန္ဒိယမြန်မာ နယ်စပ်အနီး ဟုမ္မလင်းမြို့၏ အနောက်မြောက်ဘက် ၂၈ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်) ဟုထုတ်ပြန် ကြေညာခဲ့သည်။
ဇန်န၀ါရီ ၄ ရက်မှ ၁၈ ရက်အတွင်း အထက်ချင်းတွင်း ဒေသများဖြစ်သော ကလေးဝမြို့နယ်၊ မော်လိုက်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီမြို့နယ်နှင့် ခန္တီးမြို့နယ်များအတွင်း ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိ မြေငလျင် ငါးကြိမ်လှုပ်ခတ်ခဲ့သည်။
မဖေငြိမ်း
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment