ဒီမိုကရေစီစနစ်ကို ဟန့်တားနှောင့်ယှက်မည့်သူများ လွှတ်တော်ထဲရောက်မလာစေရေး ပြည်သူများကြိုးစားပေးရန် ဦးဝင်းမြင့်တိုက်တွန်း
လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်နည်းပါး သော်လည်း ဒီမိုကရေစီစနစ်ကို ဟန့်တားနှောင့်ယှက်မည့်သူများ လွှတ်တော်ထဲ ရောက်မလာစေ ရေး ပြည်သူလူထုက ကြိုးစားပေး ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းမြင့်က တိုက်တွန်းပြောကြားခဲ့သည်။
လက်ရှိတွင် ဒီမိုကရေစီအ ခြေခိုင်မာရန် တည်ဆောက်နေဆဲ ကာလဖြစ်၍ ဒီမိုကရေစီအင်အား စုများလွှတ်တော်ထဲတွင် ခိုင်မာ တောင့်တင်းရန် လိုအပ်ကြောင်း နှင့် ဒီမိုကရေစီကို ကဖျက်ယဖျက် လုပ်မည့်သူများကို ဆန္ဒမဲမပေး ရန် ပြည်သူလူထုက ကြိုးစားပေး ရန် မတ်လ ၂ ရက်က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ ပြုလုပ် သော ဒီချုပ်မဲဆွယ်ပွဲတွင် ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
‘‘ဆီထဲကို ရေတစ်စက်ရော သလို ရွေးပေးလိုက်ရင် ကျွန်တော် တို့ဟာ လိုရာခရီးပန်းတိုင်ကို တုံ့ ဆိုင်းတုံ့ဆိုင်းနဲ့ သွားနေရရင် တစ် နည်းအားဖြင့် ဒီမိုကရေစီကို ဟန့် တားနှောင့်ယှက်မယ့်သူများ ဒီမိုကရေစီပန်းတိုင်ရောက်အောင် ကဖျက်ယဖျက်လုပ်မယ့် သူများ မပါဖို့ အထူးကြိုးစားပေးပါ။ ဒါ ကျွန်တော်တို့ အရေးကြီးပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
လက်ရှိကာလ၊ အခြေအနေ နှင့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်မျိုးရှိနေချိန်တွင် နိုင် ငံ၌ ဒီမိုကရေစီစနစ် အခြေခိုင်မာ ရန်နှင့် ပြည်သူများ လူ့အခွင့်အ ရေးအပြည့်အဝရရှိရန် ပြုပြင် ပြောင်းလဲရမည်ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။
ထို့အပြင် ဦးဝင်းမြင့်က လက်ရှိအစိုးရလက်ထက်တွင် ပြောင်း လဲမှုမရှိသည်ဟု ဝေဖန်မှုများ ထွက်ပေါ်မှုနှင့် ပတ်သက်၍ ပြောင်းလဲမှု လုံးဝမရှိခဲ့သည်မ ဟုတ်ဘဲ မြင်သာထင်သာသော ပြောင်းလဲမှုနှင့် မမြင်သာမထင် သာသော ပြောင်းလဲမှုများလုပ် ဆောင်နိုင်ခဲ့ကြောင်း တုံ့ပြန်ခဲ့ သည်။
မြင်သာထင်သာမှု အရှိဆုံး ဥပမာသည် ပြည်သူလူထုက ဒေါ် အောင်ဆန်းစုကြည်အား ပြည်သူ များက ဖြစ်စေလိုသည့် နိုင်ငံ့ခေါင်းဆောင်နေရာအတွက် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပ ဒေကို လွှတ်တော်က ပြဋ္ဌာန်းနိုင်ခဲ့ ကြောင်းနှင့် ပြည်သူလူထုအပေါ် ဖိနှိပ်ခဲ့သည့် ဥပဒေများကို ဖျက် သိမ်းနိုင်ခဲ့ကြောင်း ဦးဝင်းမြင့်က ဆိုသည်။
မမြင်သာ မထင်သာသည့် ပြောင်းလဲမှုများအဖြစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းနိုင် ခဲ့ခြင်း၊ ကျန်းမာရေးနှင့်ပညာရေး ဘတ်ဂျက်များကို လွှတ်တော်က ပိုမိုခွင့်ပြုခဲ့ခြင်းများ ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။
အစိုးရသစ်လက်ထက် ပြောင်းလဲမှုများကို ဥပမာပြုပြော ကြားရာတွင် လွှတ်တော်၏လုပ် ဆောင်ချက်များကို ပြောကြားခဲ့ သော်လည်း အစိုးရ၏လုပ်ဆောင် ချက်များကို ဦးဝင်းမြင့်က ထည့် သွင်းပြောကြားခြင်းမရှိပေ။
သို့ရာတွင် အစိုးရသစ်လက် ထက်ပြောင်းလဲမှုမရှိဟု ဝေဖန်နေ သူများကို ‘မမြင်မကန်း’၊ ‘နားလေးပါးလေး’ များဟု ဦးဝင်းမြင့်က တင်စားပြောကြားခဲ့သည်။
ထို့အပြင် မတ်လ ၂ ရက်နှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ကြီး နေဝင်း၏တော်လှန်ရေးကောင်စီ က အာဏာသိမ်းခဲ့သော ၁၉၆၂ မတ်လ ၂ ရက်ကို အာဏာရှင် များက ဖုံးကွယ်လို၍ တောင်သူ လယ်သမားနေ့ဟု အမည်ပေးခဲ့ ခြင်းဖြစ်ကြောင်း ဦးဝင်းမြင့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြု လုပ်သော ပါတီအောင်နိုင်ရေး ဟောပြောပွဲတွင် ထည့်သွင်းပြော ကြားခဲ့သည်။
ထို့အပြင် နောင်လာနောက် သားမျိုးဆက်များအတွက် ဒီမိုက ရေစီစနစ်အမြစ်တွယ်ရန် ဒီချုပ်မှ ဆက်လက် လုပ်ဆောင်ကြိုးပမ်း မည်ဟု ဦးဝင်းမြင့်က ယင်းမဲဆွယ် ပွဲတွင် ပြောကြားခဲ့သည်။
ဦးဝင်းမြင့်သည် မတ်လ ၂ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ နယ်များ၌လည်းကောင်း၊ ယနေ့ (မတ်လ ၃ ရက်)တွင် ကော့မှူးနှင့် လှိုင်သာယာမြို့နယ်များ၌လည်း ကောင်း၊ မတ်လ ၄ ရက်တွင် လှိုင်နှင့် အလုံမြို့နယ်တို့၌လည်း ကောင်း ဒီချုပ်ပါတီအောင်နိုင်ရေး အတွက် ဆက်လက်မဲဆွယ်ရန် စီစဉ်ထားသည်။
ကြားဖြတ်ရွေးကောက်ပွဲ တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအနက် ရန်ကုန်တိုင်းဒေသကြီး၌ ပြည်သူ့လွှတ်တော် လေး နေရာနှင့် အမျိုးသားလွှတ်တော်တစ်နေရာ လစ်လပ်နေသည်။
ပြည်သူ့လွှတ်တော်လေးနေ ရာတွင် လှိုင်သာယာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)၊ ကော့မှူးမြို့နယ်တို့ပါဝင်ကာ အမျိုးသားလွှတ်တော်တစ်နေရာတွင် ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမ တော်နှင့်အလုံမြို့နယ်တို့ဖြစ်ပြီး ယင်းမြို့နယ်များ၌ ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။
7Day News Journal
Thursday, March 2, 2017
ဒီမိုကရေစီစနစ်ကို ဟန့်တားနှောင့်ယှက်မည့်သူများ လွှတ်တော်ထဲရောက်မလာစေရေး ပြည်သူများကြိုးစားပေးရန် ဦးဝင်းမြင့်တိုက်တွန်း
ဒီမိုကရေစီစနစ်ကို ဟန့်တားနှောင့်ယှက်မည့်သူများ လွှတ်တော်ထဲရောက်မလာစေရေး ပြည်သူများကြိုးစားပေးရန် ဦးဝင်းမြင့်တိုက်တွန်း
Reviewed by Ar Ti
on
10:17 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment