မူဆယ်-လားရှိုးပြည်ထောင်စုလမ်းအနီး တိုက်ပွဲများဖြစ်သော်လည်းကုန်သွယ်ရေး ပုံမှန်ရှိ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်နှင့် နမ့်ဖက်ကာကျေးရွာ အကြား မူဆယ်-လားရှိုးပြည် ထောင်စုလမ်းအနီးတွင် မတ်လ ၄ရက် နံနက်က တိုက်ပွဲဖြစ်ပွားသော်လည်း မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးသည် ပုံမှန်လည်ပတ်နေကြောင်း မူဆယ်မြို့မှကုန်သည်များကပြောသည်။
မြန်မာ-တရုတ်နယ်စပ်ကုန် သွယ်ရေးတွင် မူဆယ်−မန္တလေး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် ကုန်သွယ်မှုအများဆုံးဖြစ်ပြီး နေ့စဉ်ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာသန်း ၈၀ ကျော်ရှိသည်။ လက်ရှိတွင်မြန်မာဘက်မှသကြား၊ ဆန်၊ ပြောင်းဖူးစေ့၊ အသီးအနှံများ၊ ရေထွက်ကုန်များအဓိက တင်ပို့နေပြီး တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ အီလက်ထရွန်နစ်ပစ္စည်းအမျိုးမျိုး၊ မိုဘိုင်းဖုန်းများနှင့် စားသောက်ကုန်များ တင်သွင်းနေသည်။
‘‘တိုက်ပွဲတွေကတော့ ရှမ်း မြောက်မှာ မကြာခဏ ဖြစ်တယ် ကြားနေရတာပဲ။ ဒီတစ်ကြိမ်တိုက် ပွဲက ကားလမ်းနဲ့နီးတယ်။ ဒါပေမဲ့ ကုန်ကားတွေကတော့ ဒီလိုပဲသွား နေရတာပဲ’’ဟု မူဆယ်မြို့မှ သ ကြားကုန်သည်တစ်ဦးက ပြော ကြားသည်။
ယခုဘဏ္ဍာနှစ် ၁၀လကျော် လာချိန်တွင် မြန်မာ-တရုတ်ကုန် သွယ်ရေးအခြေအနေသည် ယ ခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်း ယှဉ်ပါက ကန်ဒေါ်လာ သန်း ၅၀၀ ခန့် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
၂၀၁၆ နိုဝင်ဘာက မူဆယ် မြို့တွင် ဖြစ်ပွားသည့်တိုက်ပွဲ များကြောင့် ကုန်သွယ်မှုရပ်တန့် ခဲ့ခြင်း၊ တရုတ်နိုင်ငံ ယူနန်ပြည် နယ်အစိုးရက တရားမ၀င်ကုန် သွယ်မှုတားဆီးရေးအကြောင်း ပြ ချက်ဖြင့် မြန်မာနိုင်ငံမှ ပို့ကုန် များအပေါ် ဖမ်းဆီးမှုများခြင်း စသည့် အခက်အခဲများကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုပမာဏ လျော့ကျရခြင်းဟု ကုန်သည်များက ပြောကြားသည်။
မူဆယ်-လားရှိုးပြည်ထောင်စုလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေ၊ TNLA တို့ပြီးခဲ့သည့် နိုဝင်ဘာကစ၍ တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment