ကျောင်းဆရာမ ဒေါ်ဗျာမှီးအတွက် ရှမ်းပြည်နယ်အစိုးရက ကျပ် ၁၀ သိန်းထောက်ပံ့မည်
လောက်ကိုင်မြို့ တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သောကျောင်း ဆရာမဒေါ်ဗျာမှီးတွက် ရှမ်းပြည်နယ်အစိုးရကကျပ်ဆယ်သိန်း ထောက်ပံ့မည်ဖြစ်သည်။
လောက်ကိုင်မြို့နေရာအ ချို့ကို MNDAA အဖွဲ့က မတ်လ ၆ ရက် တိုက်ခိုက်မှုတွင် သေဆုံး ခဲ့သူ ၁၁ ဦးအနက် လောက်ကိုင် မြို့ ယောက်အဲရှီ မူလတန်း ကျောင်းမှ ကျောင်းဆရာမ ဒေါ် ဗျာမှီးနှင့် သူမ၏အမျိုးသားဖြစ် သူလည်းပါဝင်ခဲ့သည်။ ဆရာမ ဒေါ်ဗျာမှီးအတွက် ထောက်ပံ့ငွေ ကျပ်ဆယ်သိန်းကို ကျန်ရစ်သူ မိသားစုအား ပေးအပ်မည်ဖြစ် ကြောင်း ရှမ်းပြည်နယ် စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့် လွင်ကပြောသည်။
‘‘သေဆုံးသူ ဆရာမအတွက် ထောက်ပံ့ငွေ ဆယ်သိန်းပေးအပ် သွားမယ်။ ကျန်တဲ့သေဆုံးသူ တွေအတွက်လည်း လိုအပ်တာ တွေ လုပ်ပေးဖို့စိစစ်နေတယ်’’ ဟု ဦးစိုးညွန့်လွင်ကပြောသည်။
ကျောင်းဆရာမ ဒေါ်ဗျာမှီး နှင့် အမျိုးသားအတွက် ထောက်ပံ့ ငွေကျပ်နှစ်သိန်းကိုလည်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီး ဌာန၊ ကယ်ဆယ်ရေးဦးစီးဌာန (လားရှိုး)က ပေးအပ်ထားကြောင်း သတင်းရရှိသည်။ ဆရာမဒေါ်ဗျာမှီးသည် သေဆုံးချိန်တွင် အသက် (၂၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး နှစ်လသားအရွယ်သမီးတစ်ဦးကျန်ရစ်ခဲ့သည်။ မတ်လ ၆ ရက် တိုက်ခိုက်မှုတွင် ဆရာမ ဒေါ်ဗျာမှီးနှင့် အရပ်သားငါးဦး၊ ကိုးကန့် ရဲတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment