Latest News

Wednesday, March 29, 2017

မြောက်ကိုရီးယား ကျောက်မီးသွေး တရုတ်ပြည် ပို့သွင်း

မြောက်ကိုရီးယား ကျောက်မီးသွေး တရုတ်ပြည် ပို့သွင်း

တရုတ်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံကနေ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းတင်သွင်းခဲ့တဲ့ ကျောက်မီးသွေး ပမာဏဟာ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၇၆သန်းကျော်ရှိပြီး ၂ဝ၁၆ ခုနှစ် ဖေဖေါ်ဝါရီလမှာ ဒေါ်လာ သန်း ၁၂ဝ ဖိုးပဲရှိတဲ့အတွက်၎ဝ% ပိုများပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလအတွင်းမှာပဲ မြောက်ကိုရီးယားကို ကုန်သွယ်ရေးအရပိတ်ဆို့အရေးယူမယ်လို့ တရုတ်ပြည်က ကြေညာခဲ့ပြီး လက်တွေ့မှာ အခုလိုကျောက်မီးသွေးတင်သွင်းမှု တိုးလာတာကို ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။

ပိတ်ဆို့မယ်လို့ မကြေညာခင်မှာ သွင်းယူခဲ့တာလားဆိုတာတော့ မသိရသေးပါဘူး။တရုတ်ပြည်ဟာ မြောက်ကိုရီးယားနိုင်ငံ ရပ်တည်ရေးအတွက် ပင်မသွေးကြောဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ကတော့ တရုတ်ပြည်ဟာ မြောက်ကိုရီးယားနိုင်ငံအနုမြူလက်နက်အစီအစဉ် ဖျက်သိမ်းရေးအတွက် ပါဝင်ကူညီခြင်း မရှိပါဘူးလို့ ထပ်တလဲလဲ ပောကြားထားပါတယ်။RFA

No comments:

Post a Comment