Latest News

Friday, March 3, 2017

ရခိုင်ပြည်နယ်အရေးတွင် လူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်ချက်များသည် ပြဿနာဖြေရှင်းမှုသာဖြစ်ရမည်ဟု နိုင်ငံခြားရေးဒုဝန်ကြီးပြောကြား

ရခိုင်ပြည်နယ်အရေးတွင် လူ့အခွင့်အရေးကောင်စီ၏ ဆောင်ရွက်ချက်များသည် ပြဿနာဖြေရှင်းမှုသာဖြစ်ရမည်ဟု နိုင်ငံခြားရေးဒုဝန်ကြီးပြောကြား


ရခိုင်ပြည်နယ်ကိစ္စကို ဖြေရှင်းရာတွင် လူ့အခွင့်အရေး ကောင်စီ၏ ဆောင်ရွက်ချက်များ သည် ပြဿနာ အစိတ်အပိုင်း မဟုတ်ဘဲ ပြဿနာဖြေရှင်းမှုသာ ဖြစ်ရမည်ဟု နိုင်ငံခြားရေး ဒုဝန် ကြီး ဦးကျော်တင်က ပြောသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ တွင် ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၃၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး High Level Segment သို့ တက် ရောက်နေသော ဦးကျော်တင်က ဖေဖော်ဝါရီ ၂၈ ရက် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

ရခိုင်ပြည်နယ်ကိစ္စကို ဖြေ ရှင်းရာတွင် မြန်မာနိုင်ငံအနေဖြင့် ပြဿနာဖြေရှင်းမှုကို အာရုံစိုက် ထားကြောင်း၊ နိုင်ငံတကာ အ သိုင်းအဝိုင်းအနေဖြင့် လူ့အသိုက် အဝန်းများကို ပိုမိုကွဲပြားသွား အောင် ဆောင်ရွက်ရန်မဟုတ်ဘဲ ပိုမိုနီးကပ်လာအောင် ဆောင်ရွက် ရန် ဒုဝန်ကြီးက ပြောသည်။

လူ့အခွင့်အရေး ကောင်စီ သည် လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေး ဆောင်ရွက်ရာတွင် လူအားလုံး၏ အခွင့်အရေး ကာ ကွယ်မြှင့်တင်ပေးရန်ဖြစ်ပြီး နိုင်ငံ အားလုံး၏ အကျိုးအတွက် ဖြစ်ရ မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါ က လူ့အခွင့်အရေး ကောင်စီ၏ လုပ်ငန်းများအပေါ် ထားသည့် ယုံကြည်မှုကို ထိခိုက်စေမည်ဖြစ် ကြောင်း ဒုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယ ဝန်ကြီး၏ မိန့်ခွန်း တွင် မြန်မာနိုင်ငံ အစိုးရသစ်၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် ပေးရေးဆိုင်ရာ ချဉ်းကပ်မှု အ သစ်၊ အစိုးရသစ်၏ ဦးစားပေး လုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်ကိစ္စတို့နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ကိစ္စနှင့်စပ်လျဉ်း၍ အစိုးရသစ်အနေဖြင့် ပြည်တွင်းယန္တရားများ ဖွဲ့စည်းတည်ထောင်ပြီး အလေးထားဆောင်ရွက်နေမှုတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တည် ငြိမ်မှုရှိနေသည့်အချိန်တွင် ၂၀၁၆အောက်တိုဘာ ၉ ရက်၌ သေချာ စွာအကွက်ချ၍ နယ်စပ်ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်ခဲ့ မှု၊ လုံခြုံရေးတပ်ဖွဲ့များက အပြစ် ကျူးလွန်သူများကို ဖမ်းဆီးရေး၊ နယ်မြေရှင်းလင်းရေး ဆောင်ရွက် မှုများတွင် လူ့အခွင့်အရေး ချိုး ဖောက်မှုများရှိသည်ဟူသော စွပ် စွဲချက်များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေမှုတို့ကို ဒုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

 အဆိုပါ High-Level Segment သို့ နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရ အကြီးအကဲ၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ တက် ရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်း တွင် ရောက်ရှိနေသော ဘင်္ဂါလီ များနှင့် တွေ့ဆုံမေးမြန်းထား သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး (OH-CHR)က ထုတ်ပြန်သော အစီရင် ခံစာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ က ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဘင်္ဂါလီများအပေါ် လူ့အခွင့်အ ရေးချိုးဖောက်မှုများ ကျူးလွန်နေ ကြောင်း စွပ်စွဲထားသည်။

ရခိုင်ပြည်နယ်နှင့်ပတ်သက် ၍ အစိုးရကဖွဲ့စည်းသည့် အဖွဲ့ အစည်းများမှာ ဒေါ်အောင်ဆန်းစု ကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင် သော ‘ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက် ရေး၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ’ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် ဦးဆောင် သော မောင်တောဒေသ စုံစမ်းစစ် ဆေးရေးကော်မရှင်၊ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်သောရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ် ခံရမည့်သူ၏ သက်သေခံကတ် ပြား (National Verification Card) စိစစ်ထုတ်ပေးရေး ဦးဆောင်အဖွဲ့၊ ကုလသမဂ္ဂ လူ့အ ခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံး၏ အစီရင်ခံစာအပေါ် တပ် မတော်က ဖွဲ့စည်းလိုက်သော တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ရဲရေးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ၁၁ ဦးပါဝင် သော မောင်တောဒေသအကြမ်း ဖက်မှု စုံစမ်းလေ့လာရေးကော် မတီလည်း ရှိသေးသည်။

 
7Day News Journal

No comments:

Post a Comment