Latest News

Thursday, March 2, 2017

ဒီလို အိမ်ဖော် မျိုးတွေလည်း သတိထားကြပါ

ဒီလို အိမ်ဖော် မျိုးတွေလည်း သတိထားကြပါ

မနေ့က(၁၁.၁၀.၂၀၁၆) အဖြစ်ကို သိချင်ကြတယ်ဆိုလို့ ပြောပြမယ်နော် …
မနေ့ ညနေဘက်မှာ ကျွန်မ အဒေါ်ဆီကနေ ဖုန်းလာလို့ သူ့တိုက်ခန်းကို မြန်မြန်သွားလိုက်ရပါတယ် …
ဟိုရောက်တော့ ရဲတွေရော၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေရော ရောက်နေကြပါတယ် …
ဖြစ်စဉ်ကတော့ ကျွန်မအဒေါ်က ညနေဘက် အိမ်ရှေ့ဧည့်ခန်းမှာ အသိတစ်ယောက်နဲ့ viber ပြောနေတုန်း သူ့အိမ်ဖော်ကောင်မလေးကို ခေါ်တာ ခေါ်မရ ဖြစ်တဲ့အတွက် အိမ်နောက်ဘက်ကို လိုက်သွားတာမှာ သွေးအိုင်ထဲမှာ လဲနေတာကို တွေ့ပါတယ် …
ကျွန်မအဒေါ်က နှလုံးလဲသိပ်မကောင်း သွေးလဲ မကြည့်ရဲတော့ ပြေးထွက်ပြီး ဘေးအခန်းတွေကို တံခါးခေါက်ပြီးခေါ်၊ ရယက ဖုန်းဆက်၊ ရဲကို အကြောင်းကြားလိုက်ပါတယ် …
ထင်ကြေးကတော့ သူ့ကိုယ်သူ သေကြောင်းကြံတယ်လို့ ထင်ပြီးတော့ပါ …
ကျွန်မ အဒေါ်က အဲ့တိုက်ခန်းမှာ သူ့ မောင်ဖြစ်သူ ကျွန်မဘကြီးနဲ့ နှစ်ယောက် တူတူနေတာပါ .. ဘကြီးက လေဖြတ်လို့ အိပ်ယာထဲလဲပြီး လုံးဝမထနိုင်တော့တာ ၇နှစ်တိတိရှိပါပြီ … ကျွန်မ အဒေါ်ရဲ့ အသက်က ၇၁နှစ်ရှိပါပြီ … အဖေ့အမ အကြီးဆုံးပါ ..
ကျွန်မအဒေါ်က အရာရာကို ကိုယ့်လက် ကိုယ့်ခြေလုပ်ရမှ ကြိုက်ပေမယ့် ကူဖော်လေးရအောင် ခေါ်ထားတဲ့သဘောပါပဲ … ကောင်မလေးက (၁၇)နှစ်ပါ … နာမည်က ကေသွယ်စိုးပါ … သူ့ရှေ့က ကောင်မလေးပြန်သွားလို့ ရောက်လာတာ ၁လ မပြည့်သေးပါဘူး …
အိမ်က ကန်ထရိုက်တိုက်ပေမယ့် အခန်းတွေ အကုန်နီးပါးက ဆွေမျိုး မောင်နှမတွေပဲနေတာပါ ..
အဲဒါနဲ့ ရဲနဲ့ ရပ်ကွက် ဥက္ကဌနဲ့ အတူ ကောင်မလေးကို အနောက်ပိုင်း ဆေးရုံကို ခေါ်သွားပါတယ် .. အဲ့မှတဆင့် ရန်ကုန်ဆေးရုံကြီးကို ဆက်သွားပါတယ် …
ကျွန်မ အဖေနဲ့ မောင်လေးလဲ လိုက်သွားပါတယ် …
ကောင်မလေး သတိရလာတော့ ရဲက စစ်တဲ့အခါ ကောင်မလေးက သူ့ကို နောက်ကနေ တစ်ယောက်က ဆောင့်တွန်းလိုက်တယ်လို့ ပြောပါတယ် (အိမ်မှာက လူကောင်းဆိုလို့ ကျွန်မအဒေါ်ပဲရှိတာဆိုတော့ သူပြောချင်တာ ကျွန်မ အဒေါ်ပေါ့လေ) … အဲ့မှာ သူလဲကျသွားပြီး ဘာမှမသိတော့ဘူး ဖြစ်သွားတယ် … ကျွန်မအဒေါ်ကိုလဲ အဘွားကြီးက အမြဲတမ်းရိုက်ကြောင်း … အကြောင်းမရှိ အကြောင်းရှာ ဆူပူကြောင်း ပြောပါတယ် … လက်က ခြင်ကိုက်လို့ ကုတ်ထားပြီး အသားမာတက်နေတဲ့ ဟာကိုတောင် အဘွားကြီး ရိုက်ထားတဲ့ ဒဏ်ရာဆိုပြီးပြောပါတယ် … ဘယ်တုန်းက ရိုက်ထားတာလဲဆိုတော့ မနေ့ကရိုက်တာတဲ့ … အဲလိုတွေပါ …
ရဲတွေ ဆရာဝန်တွေရှေ့မှာတော့ လုံးဝကို မလှုပ်နိုင်အောင် ဒဏ်ရာတွေရနေတဲ့ပုံပါ … မထနိုင်လောက်ကို ဖြစ်နေတဲ့ပုံစံနဲ့ လုပ်နေပါတယ် …
ဟိုနေရာကိုထိလဲ နာတယ်ပြောတယ် … အဲတော့ ချက်ချင်း ဓာတ်မှန်ရိုက် … ၂နေရာလောက်ကို ရိုက်ပါတယ် … ခေါင်းထိလဲ နာတယ်ပြောတယ် … CT Scan ရိုက်နဲ့ … result ကလဲ ဘာမှ မဖြစ်ဘူးဆိုတာပဲ ထွက်ပါတယ် … ဆရာဝန်တွေကလဲ သူပြောသမျှ အကုန်စစ်ပေးပါတယ် … ဘာဆိုဘာမှ မဖြစ်ပါဘူး … (ဆေးစစ်ချက် result တွေ အကုန်ရှိပါတယ်)
ပြီးတော့ ဦးနှောက်နဲ့ အာရုံကြော အဆောင်မှာထားရပါတယ် …
ကျွန်မကတော့ အဒေါ်အိမ်မှာ စောင့်ပေးရင်း သတင်းနားစွင့်နေရတာပါ … ည ၁၀နာရီ လောက်ကျတော့ ရပ်ကွက်ဥက္ကဌက ဖုန်းဆက်လာပါတယ် (သူက ဆေးရုံမှာရှိနေတာပါ.. အိမ်မှာ တန်ဖိုးရှိ ပစ္စည်း အပျောက်အရှရှိမရှိ စစ်ပေးပါဆိုပြီး ပြောပါတယ် …
အဲဒါကလဲ ရဲက မေးခိုင်းတယ်ပြောပါတယ် …
ကျွန်မတို့လဲ စစ်ကြည့်တော့ တန်ဖိုးကြီးတာ တခုမှ အပျောက်မရှိပါဘူး … အဲ့အတိုင်းပဲ ပြန်အကြောင်းပြန်လိုက်ပါတယ် …
ည ၁၁နာရီလောက်မှ သတင်းအတိအကျရတာကတော့ ကောင်မလေးက ကျွန်မအဒေါ်ရဲ့ ရွှေလက်ကောက်ကို အတွင်းခံဘောင်းဘီထဲမှာ ချိတ်နဲ့တွယ်ပြီးခိုးထားတာကို xray ရိုက်တော
့ တွေ့လို့ ဖြုတ်ခိုင်းတဲ့အတွက် ရဲကနေ အစောပိုင်းကတည်းက ဖြုတ်ခိုင်းပြီး သိမ်းဆည်းထားတယ် ဆိုတာပါ … ပစ္စည်းကိုလဲ သက်သေအဖြစ်နဲ့ သိမ်းသွားတယ်ဆိုပြီး သိရပါတယ် …
အဲတော့မှ အားလုံးလဲ တော်တော်ကို စိတ်အေးသွားပါတယ် …
ဒီကောင်မလေးက ကျွန်မ အဒေါ်ကို အရင်က အိမ်ဖော်နှိပ်စက်သူအဖြစ် စွပ်စွဲနေတာပါ … အခုတော့ တရားကိုနတ်စောင့်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ … သူကိုယ်တိုင်ပြန်ထိသွားတာပါ …
ဖြစ်ချင်တော့ အဲ့လက်ကောက်ကို သူခိုး အိမ်ဖော်မက အစစ်ထင်လို့ ခိုးပေမယ့် အတု ဖန်စီကြီးပါ … ကျွန်မအဒေါ်ကို သူ့သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးထားတာ ရွှေအစစ်နဲ့ တော်တော်တူပါတယ်
… အဲဒါကို လွယ်လွယ်ပဲ အ၀တ်ဘီရိုထဲမှာ ထည့်ထားတာကို ဘီရိုသော့ဖွင့်ရွေလက်ကောက် အစစ်ထင်ပြီး ခိုးထားတာပါ …
အဲဒီ့အချိန်မှာတော့ ကျွန်မအဒေါ်အပေါ် သံသယတွေ ရှင်းသွားပြီပေါ့လေ …
ဒါမယ့် ဆေးရုံမှာ ၂၄နာရီစောင့်ကြည့်ရမယ်ဆိုတော့ ဆေးရုံမှာ တစ်ညထားလိုက်ရပါတယ် …
မနက်ကျတော့ ကောင်မလေးက ဘာမှမဖြစ် စားနိုင်သောက်နိုင် စကားတွေပြောနိုင်နေတဲ့အပြင် ပြောစကားက တမျိုးပြောင်းသွားပါတယ် ( သူ ခိုးထားတာ မိသွားပြီဆိုတော့လေ) .. သူ့မှာ ဒီအိမ်မှာလာမနေခင်တည်းက ပယောဂရှိကြောင်း … ဒီကိစ္စတွေဖြစ်တာကို သူဘာမှမသိကြောင်း … ပယောဂအနေနဲ့ ကပ်နေတာက အဘိုးကြီးတစ်ယောက်ဖြစ်ပြီး
သူ့ကို တိုက်ပေါ်က ခုန်ချခိုင်းတာတို့ ဘာညာတွေတောင်လုပ်ခိုင်းကြောင်း … သူ့ အတွင်းခံ ဘောင်းဘီထဲကို လက်ကောက်ဘယ်လိုရောက်လာမှန်းသူမသိကြောင်း … ဇာတ်ထုတ်တစ်မျိုး ပြောင်းပါတော့တယ် …
ကျွန်မအဒေါ်က အရမ်းတော်ကြောင်း .. ဘုရားတရားအရမ်းလုပ်ကြောင်း … သူ့မှာ ပယောဂရှိနေတဲ့အတွက် ဒီအိမ်မှာနေရတာ သူ့အတွက် ပူလောင်နေကြောင်းတွေလဲပါပါတယ် … ဆောင့်တွန်းလိုက်တာကလဲ လက်ကြီးတစ်ခုကနေတွန်းတာဖြစ်ကြောင်း ပယောဂအနေနဲ့ ကပ်နေတဲံ့ အဘိုးကြီးပဲ ဖြစ်မယ်ထင်ကြောင်းပြောပါတယ် …
တကယ်မလွယ်တဲ့ မိန်းကလေးပါ …
ဆေးရုံက သူဘာမှမဖြစ်တဲ့အတွက် နေ့လည် ၂နာရီလောက်မှ ဆေးရုံကပေးဆင်းလိုက်ပါတယ် …
ကျွန်မအဒေါ်ကလဲ ပစ္စည်းက တန်ဖိုးမကြီးတဲ့အတွက် အလုပ်ရှုပ်ခံပြီး အမှုမဖွင့်ချင်တော့ဘူး.. အိမ်ပေါ်ကိုတော့ ပြန်အတက်မခံနိုင်ဘူး… သူ့ကို သူ့အမေလက်ထဲကို ချက်ချင်း ပြန်ထည့်မယ်ဆိုပြီး သာပေါင်းက သူ့အမေကို မနက်တည်းကလာဖို့ ဖုန်းဆက်ခေါ်ပါတယ် … သူ့အမေ ညနေကရောက်လာတော့ ငိုယိုပြီး သမီးမိုက် ဘာညာပေါ့လေ …
အခုတော့ ရပ်ကွက်ရုံးမှာ ခံဝန်ချက်နဲ့အတူ ပြန်လွှတ်လိုက်ပါတယ် … အမှန်က အဲလောက်နဲ့ မခွင့်လွှတ်သင့်ဘူးတော့ ကျွန်မထင်ပါတယ်
တကယ်လို့သာ လက်ကောက်သာ သူ့အတွင်းခံထဲက မမိရင် သူက ကျွန်မအဒေါ်ကို အင်းဝအမှုလိုပုံစံမျိုး စွပ်စွဲချင်နေတာပါ …
သူ့အကြံက အတိအကျ ဘာမှန်းသေချာမသိပေမယ့် ဖြစ်နိုင်ချေက လက်ကောက်ခိုးပြီး သူ့အိမ်ပြန်ရအောင် လုပ်တယ် … ဒါမယ့် မပြန်ရပဲ ရဲတွေပါရောက်လာတော့ ကျွန်မအဒေါ်ကို စွပ်စွဲတယ် … ပြီးတော့ ခိုးတာမိသွားပြီး လေသံက ပြန်ပြောင်းသွားတယ် … စစ်ကြည့်တော့ သူ့အ၀တ်အစားထုတ်က အသင့်ပြင်ထားတာလဲတွေ့ပါတယ် …
တကယ်လို့သာ လက်ကောက်ကိစ္စ အကြောင်းသာမပါခဲ့ပဲ ကျွန်မအဒေါ်ကို စွပ်စွဲရင် ကျွန်မကလဲ အသရေဖျက်မှုနဲ့ ပြန်တရားစွဲမှာပါ …
ကျွန်မအဒေါ်ကလဲ အင်းဝအမှုဖြစ်တုန်းက အဲ့ကောင်မလေးကိုတောင်ပြောပြလိုက်သေးတယ်တဲ့ … သူများတွေနှိပ်စက်ကြတဲ့အကြောင်းပေါ့လေ … သူ့ကိုလုပ်မယ့်သူကို သူကိုယ်တိုင်က နည်းလမ်းသွားပေးနေသလိုပါ … 🙁
အမှန်က ဒီကလေးမက အနောက်ပိုင်းဆေးရုံမှာတည်းက သတိရနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကပြောပါတယ် … ဒါမယ့် သူမျက်လုံးပွင့်လာတာတွေ့လို့ သတိရပြီထင်တယ်ပြောတော့ မျက်လုံးပြန်မှိတ်သွားတယ်ပြောပါတယ် … တာဝန်ကျဆရာဝန်မက ရင်ညွန့်ကို နှိပ်ကြည့်တော့ ဟန်ဆောင်လို့မရပဲ
မျက်စိပြန်ပွင့်လာပါတယ် … မေ့နေတဲ့သူမှမဟုတ်တာ နာသွားတာကိုး… အဲလိုတွေ မူယာမာယာများအကောက်ကြံနေတာပါ …
ကျွန်မအဒေါ်က ကြောက်ပြီး သူလဲကျနေတုန်းက မကိုင်မိလို့လဲ တော်ပါသေးတယ် .. တကယ်လို့ သွားကိုင်မိရင်တောင် သူ့ကိုလုပ်တယ်ဆိုပြီး စွပ်စွဲတာက အထမြောက်သွားမှာပါ … လက်ဗွေတွေဘာတွေ ပါသွားပြီလေ ….
သူ့ကြောင့် ဆရာဝန်တွေရော၊ ရဲတွေရော၊ ကျန်လူတွေရော အလုပ်အကိုင်ပျက် ကျွန်မဆို အိမ်ကို ည သန်းခေါင်မှပြန်ရောက်တယ် …
ဒီလောက် ရှည်လျားထွေပြားစွာရေးပြနေတာက လူတွေကို သတိထားစေချင်လို့ပါ … အိမ်ဖော်ဆိုတိုင်း သနားစရာကောင်းတယ်ထင်နေကြလို့ပါရှင်
ကျွန်မကတော့ ဒီကိုယ်တွေ့နဲ့တင် တော်တော်ကို လန့်သွားပါပြီ …
သူ့ပုံနှစ်ပုံနဲ့ သူ့အတွင်းခံထဲ ချိတ်နဲ့တွယ်ပြီးထည့်ထားတဲ့ လက်ကောက်ပုံကိုပါ တင်ထားပါတယ် …
ကျွန်မအဒေါ်က ခွင့်လွှတ်ပေးပေမယ့် ဒီလောက် ယုတ်မာတဲ့ မိန်းကလေး ပြစ်မှုတွေ ဆက်ကျုးလွန်နေမှာ စိုးရိမ်ရပါတယ် …
အိမ်ဖော်ခေါ်ရင်လဲ သတိထားကြပါ … နောက်ကြောင်းကို သေချာစုံစမ်းပါ ..
အခုခေတ်ကြီးက လုံးဝမကောင်းလို့ပါရှင် 🙁
May Kyaw
Credit: https://m.facebook.com/story.php?

No comments:

Post a Comment