Latest News

Wednesday, March 1, 2017

လူမှုကွန်ရက်ပေါ်က အိုင်ဒေါတွေရဲ့ အကြောင်း

လူမှုကွန်ရက်ပေါ်က အိုင်ဒေါတွေရဲ့ အကြောင်း

ရဲနောင် (votting no 1)
ရဲနောင်က မအူပင်မြို့က လာရောက် ယှဉ်ပြိုင်တာဖြစ်ပြီး ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ ရဲနောင်ရဲ့ အမေက ကွမ်းယာရောင်းတာကို ကူညီလုပ်ကိုင်ပေးနေရင်းနဲ့ မြန်မာအိုင်ဒေါကို လာရောက်ယှဉ်ပြိုင်တုန်းက လက်ထဲမှာ ငွေ ၁၀,ဝ၀ဝ သာပါပြီး လာရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။အခုတော့ သူက နောက်ဆုံးကျန်တဲ့ ငါးဦးမှာ ပါဝင်ခဲ့တာဖြစ်ပြီး votting အများဆုံးရနေတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

သားငယ် (votting no 2)
သားငယ်က မြန်မာအိုင်ဒေါကို ဝင် ရောက်မယှU်ပြိုင်ခင်က သူ့ရဲ့ ဇနီးနဲ့ ပြင်ဦးလွင်မှာ ငါးမုန့်ကြော်လုပ်ငန်းနဲ့ ပဲစိမ်းကြော်လုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပြီး မန္တလေး လူရွေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။သူကလည်း လက်ရှိအချိန်မှာ လူ ကြိုက်အများဆုံး လူတစ်ယောက် ဖြစ်ပါတယ်။ သူက ရခိုင်လူမျိုးတစ်ဦး ဖြစ်ပါတယ်။

မိုင်းမိုင်ဆိုင် (votting no 4)
မိုင်းမိုင်ဆိုင်က ကချင်ပြည်နယ်ကနေ လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ သူ က ရော့ခ်ဂီတကို စိတ်ဝင်စားပြီး ရော့ခ်သီချင်းတွေကို အများဆုံးသီဆိုယှဉ်ပြိုင်နေတာဖြစ်ပြီး ကချင်ပြည်နယ်က လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ပရိသတ် အခိုင်မာရရှိထားတဲ့ သူတစ်ယောက်ပါ။

ပိုးမီ (votting no 6)
ပိုးမီဆိုတာက ဒိုင်တွေ ပြန်ပြီးဆေ့ဖ်လုပ်ထားတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ သူက မြန်မာအိုင်ဒေါမှာ ဝင်ရောက်မယှဉ်ပြိုင်ခင် က စင်တင်တေးဂီတတွေမှာ သီဆိုနေတာ ဖြစ်ပါတယ်။ အမေနဲ့ညီမ တစ်ယောက်ကို လုပ်ကိုင်ကျွေးမွေးနေတာ ဖြစ်ပါတယ်။ တတိယအပတ်မှာ votting အနည်းဆုံးနဲ့ ပြိုင်ပွဲက ထွက်ခွာရမလို ဖြစ်ခဲ့ပေမဲ့ ဒိုင်တွေက ပြန်ဆေ့ဖ်လုပ်ခဲ့တာကြောင့် အခုကျန်တဲ့ ငါးဦးအထိ ပါဝင်နေတာ ဖြစ်ပါတယ်။

Billy လ မင်းအေး (votting no 9)
Billy ဆိုပြီး လူသိများတာဖြစ်တဲ့ သူ က တောင်ကြီးမြို့ကနေ လာရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင်နေ တာကတော့ preschool ကျောင်းမှာ အင်္ဂလိပ်စာ သင်ကြားနေပါတယ်။ အမြဲ တမ်း ပရိသတ် အားပေးမှုကို ခံနေရတဲ့သူ ကတော့ button မှာ တစ်ကြိမ်သာ ထိုင်ခဲ့ရ သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေ ဖန်တွေကလည်း အများပြား ရှိနေပါတယ်။

လိမ္မာ

Kumudra

No comments:

Post a Comment