Latest News

Thursday, March 2, 2017

ကင်ဂျုံနမ်လုပ်ကြံခံရမှုအတွက် အဖမ်းခံရတဲ့ မြောက်ကိုရိယားနိုင်ငံသားကို ပြန်လွှတ်ပေး


မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံနမ် သေဆုံးမှုအတွက် သံသယရှိလို ဖမ်းထားတဲ့ မြောက်ကိုရီယားနိုင်ငံ သား ကို  ပြန်လွတ်ပေးပြီး မြောက်ကိုနိုင်ငံ ဆီ ပြန်ပို့ သွားမယ်လို့ မလေးရှား နိုင်ငံ ကပြောပါတယ်။
မလေးရှားရှေနေချုပ်မိုဟာမက် အေပန်ဒီအလီက မြောက်ကိုရီယားနိုင်ငံကို ရီချောင်ချို ဟာ စွဲချက်တင်ဖို့ လုံလောက်တဲ့ သက်သေမရှိတာကြောင့် ပြန်လွတ်ပေးမယ်လို့ ပြောပါတယ်။

မြောက်ကိုရီယားခေါင်းဆောင်အကိုဖြစ်သူ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ က မလေးရှား ကွာလာလမ်ပူလေဆိပ်မှာ VX အဆိပ်နဲ့ လုပ်ကြံခံရလို သေဆုံးသွားခဲ့ပြီး သံသယရှိတဲ့အမျိုးသမီး နှစ်ဦးကို လူသတ်မှု နဲ့ စွဲချက်တင်ထားပြီးလည်းဖြစ်ပါတယ်။
 အခုချိန်မှာ မလေးရှားရဲတပ်ဖွဲ ဟာ မြောက်ကိုရီယားသံရုံးတာဝန်ရှိသူ အပါဝင် မြောက်ကိုရီယား နိုင်ငံသား တွေကို စုံစမ်းမေးမြန်းဖို့ လိုလားနေပါတယ်။

မလေးရှားနိုင်ငံ ဟာ လုံခြုံရေးအကြောင်းပြချက်နဲ့  မြောက်ကိုရီယား နိုင်ငံ သားတွေကိုမလေးရှားနိုင်ငံအတွင်း ဗီဇာကင်းလွတ်ခွင့် နဲ့ လာရောက်တာကို အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ မလေးရှားအာဏာပိုင်တွေကပြောပါတယ်။
မြောက်ကိုရီယားနိုင်ငံကတော့ မလေးရှားနိုင်ငံရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်မှုတွေပြုလုပ်ထားပြီးနိုင်ငံ ရေးဆက်နွယ်မှုရှိနေတယ်လို့ ဆိုပါတယ်။ တောင်ကိုရီယားနိုင်ငံက ကင်ဂျုံနမ်သေဆုံးမှုနောက်ကွယ်မှာ မြောက်ကိုရီယားခေါင်းဆောင် ပါဝင်ဆက်နွယ်ဖွယ်ရှိတယ်လို့ ပြောပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment