Latest News

Friday, March 17, 2017

ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် မတ် ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဝှေခါကျေးရွာအနီးမောင်းနှင်လာသော KENBO-125 ဆိုင်ကယ်တစ်စီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးစဉ် ဆိုင်ကယ်မောင်းနှင်သူ ဦးကျော်ဆန်း(ဘ) ဦးသန်းမြင့်နှင့် လိုက်ပါစီးနင်းသူ မောင်ယိုင်လှရွှေ(ဘ)ဦးညီအောင်တို့နှစ်ဦးထံမှ အပြာရောင်အိတ်ဖြင့် ထုပ်ထားသော (88/1) စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားတစ်ထုပ်လျှင် ၂၀၀ ပြားပါ ၉၈ ထုပ်၊ ၁၀၀ ပြားပါတစ်ထုပ်၊ စုစုပေါင်း ၁၉၇၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၉၈၀ ကျော်)အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသူများအား တရားဥပဒေအရအရေးယူနိုင်ရေး ဖားကန့်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှသတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment