Latest News

Friday, March 31, 2017

လူပြောများနေတဲ့ ရွှေမှုံရတီက ပူပူနွေးနွေးမင်္ဂလာဆောင်ထားတဲ့ မြင့်မြတ် ကို နမ်းတဲ့ ကိစ္စ


ပူပူနွေးနွေးမင်္ဂလာဆောင်ထားတဲ့မြင့်မြတ် ကတော့ အနမ်းခံလိုက်ရပါတယ်တဲ့။ တကယ်တော့ အကယ်ဒမီစာရင်းဝင် ဇာ တ်ကား မှော်ကျောက်စာ မှာ ရွှေမှုံရတီ နဲ့ အတူ သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခု
မှာပါ။

ရှေးခေတ်အပြင်အဆင်နဲ့ ရိုက်ကူးခဲ့တဲ့ မှော်ကျောက်စာ ဇာတ်ဝင်ခန်းတစ်ခန်းမှာ မင်းသမီးလေး ရွှေမှုံ က
မြင့်မြတ် ရဲ့ ပါး ကို အသေချာ နမ်းထားတဲ့ GIFအပိုင်းအစလေးတစ်ခုကို မြင့်မြတ်က သူ့ရဲ့ ဖေ့ဘုတ်စ်မှာ
အပျော်သဘောနဲ့ တင်ထား ပါ တယ်။

အနုပညာမောင်နှမတွေဖြစ်တဲ့ အသက်အရွယ်ဝါအရလည်း ကွာခြားတဲ့ မြင့်မြတ်နဲ့ ရွှေမှုံကတော့ ဒီဇာတ်ဝင်ခန်း လိုမ ဟု တ်ပဲ အပြင်မှာ ရင်းနှီးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေသာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ မြင့်မြတ်ရဲ့ ပို့စ်အောက်မှာ တကယ်နမ်းတာလားဆိုတဲ့ မေးခွန်းတွေလည်း စနောက်ကာ မေးခဲ့ပါ တယ် ။ ပရိသတ်အချစ်တော် သဘာဝမင်းသားကြီး မြင့်မြတ်ဟာ အကယ်ဒမီပွဲပြီးနောက်မှာ ငဒူ ဆိုတဲ့ ဇာတ်ကားလေး မှာလည်း အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးရွှေမှုံရတီ နဲ့အတူ သရုပ်ဆောင်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

သနားစရာ ငဒူဆိုတဲ့ ကောင်လေး အဖြစ် မြင့်မြတ်က သူ့ရဲ့ ရိုက်ကွင်း ပုံရိပ်အချို့ကို အမှတ်တရအဖြစ် သူ့ရဲ့ ဖေ့ဘုတ်စ်မှာ တင်ထားခဲ့ပါတယ်။

Credit to maharnewsjournal

No comments:

Post a Comment