Latest News

Tuesday, March 28, 2017

ဓားနဲ့ ၃၂ ချက်​တိတိ အထိုးခံခဲ့ရတဲ့ မိန်းက​လေးနဲ့ သူမရဲ့ ကယ်​တင်​ရှင်

ဓားနဲ့ ၃၂ ချက်​တိတိ အထိုးခံခဲ့ရတဲ့ မိန်းက​လေးနဲ့ သူမရဲ့ ကယ်​တင်​ရှင်

မယ်​လီဆာ ဒွန်​မီ ​ဟေးလ်​ ( Melissa Dohme Hill ) ဆိုတဲ့ မိ​န်းက​လေးဟာ ၂၀၁၂ ခုနှစ်​၊ သူမ အသက်​ ၂၀ နှစ်​မှာ ဆိုးရွားတဲ့ အဖြစ်​အပျက်​တစ်​ခုနဲ့ ကြုံခဲ့ရပါတယ်​။ သူမရဲ့ အထက်​တန်း​ကျောင်းက ချစ်​သူ​ဟောင်းတစ်​​ယောက်​က ဖုန်းဆက်​ချိန်းလို့ အသွားမှာ သူမ ကို စိတ်​နာ​နေတဲ့ ချစ်​သူ​ဟောင်းက အသင့်​ပါလာတဲ့ အံဝှက်​ဓားနဲ့ သူမကို အချက်​​ပေါင်း ၃၂ ချက်​တိတိ ရက်​ရက်​စက်​စက်​ထိုးပြီး အ​သေသတ်​ဖို့ ကြံစည်​ခဲ့ပါတယ်​။

မယ်​လီဆာ ဟာ ဓားဒဏ်​ရာနဲ့ ပလက်​​ဖောင်း​ပေါ်မှာ လဲ ​နေတုန်းမှာ ကံ​ကောင်း​ထောက်​မစွာနဲ့ ကင်​မရွန်​​ဟေးလ်​ (Cameron Hills ) ဆိုတဲ့ အမျိုးသားတစ်​ဦးက ​တွေ့သွားပြီး မယ်​လီဆာ့ကို အချိန်​မီ ​ဆေးရုံတင်​နိုင်​ခဲ့ပါတယ်​။ ကင်​မရွန်​သာ မ​တွေ့ခဲ့ဘူးဆိုရင်​ သူမရဲ့ ကံကြမ္မာက မ​တွေးဝံ့ စရာပါ။ မယ်​လီဆာဟာ ​ဆေးရုံကို ​ရောက်​တဲ့ အခါမှာ​ ဒဏ်​ရာ​တွေ​ကြောင့်​ အချိန်​အကြာကြီး သတိ​လစ်​​နေခဲ့ပြီး  ​နှလုံးခုန်​ရပ်​​တော့မလို အ​နေအထားမျိုး (၄) ကြိမ်​ တိတိ ကြုံခဲ့ရပါတယ်​။ အဲဒီ အ​နေအထား​တွေကို ​ကျော်​လွန်​ပြီးတဲ့ ​နောက်​မှာ​တောင်​ နာဗ်​​ကြောပျက်​စီးမှု​ကြောင့်​ ​တော်​​တော်​နဲ့ စကားမ​ပြောနိုင်​၊ မပြုံးနိုင်​ခဲ့ပါဘူး။

အဲဒီ အချိန်​​တွေကို ကံ​ကောင်း​ထောက်​မစွာနဲ့​ကျော်​လွန်​လာခဲ့တဲ့ မယ်​လီဆာ ဟာ ဆက်​လက်​ကံ​ကောင်းခဲ့ပြီး ယခု ၂၀၁၇ မတ်​လမှာ​တော့ သူမနဲ့ အပြန်​အလှန်​ ​မေတ္တာမျှ​နေကြသူတစ်​​ယောက်​နဲ့ လက်​ထပ်​နိုင်​ခဲ့ပါတယ်​။ အဲဒီ အမျိုးသားက​တော့ သူမကိုကယ်​ဆယ်​​ပေးခဲ့တဲ့ ကင်​မရွန်​ပဲ ဖြစ်​ပါတယ်​။ သူတို့ နှစ်​ဦးဟာ ဒီကြားထဲက နှစ်​​တွေမှာ ချိန်း​တွေ့ဖြစ်​ခဲ့ကြပြီး တစ်​ဦးအ​ပေါ် တစ်​ဦး ပိုပြီး နှစ်​လိုသ​ဘောကျခဲ့ကြတာပဲ ဖြစ်​ပါတယ်​။

သူမအ​နေနဲ့ထိခိုက်​နာကျင်​ခဲ့ရတဲ့ အချိန်မျိုး ထပ်​မကြုံချင်​​တော့ပါဘူး၊ ဒါ​ပေမဲ့ အဲဒီ အဖြစ်​အပျက်​ဖြစ်​ခဲ့လို့သာ ကင်​မရွန်​နဲ့ ​တွေ့ရတာမို့ ကံကြမ္မာက သူမတို့ နှစ်​​ယောက်​ကို အတူ​ရေစက်​ဆုံ​စေတာပဲလို့ ​မယ်​လီဆာ က ​ပြောပါတယ်​။ ချစ်​သူရည်းစားချင်း ဆက်​ဆံ​ရေးမှာ အကြမ်းဖက်​မှု​တွေ ကြုံ​နေရတဲ့ မိန်းက​လေး​တွေရှိရင်​လည်း နှုတ်​ပိတ်​မ​နေကြဘဲ သက်​ဆိုင်​ရာအဖွဲ့အစည်း​တွေနဲ့ တိုင်​ပင်​အကြံဉာဏ်​ရယူဖို့ မယ်​လီဆာက တိုက်​တွန်းခဲ့ပါ​သေးတယ်​။

ကျော်​သန့်​ (ရိုးရာ​လေး)

No comments:

Post a Comment