Latest News

Thursday, March 2, 2017

၅နှစ်အရွယ်ရှိသားအရင်းကို အဆိပ်ကျွေးသတ်တဲ့မိခင်


အသက် ၃၅ နှစ်အရွယ်ရှိ နာဂက်စ်ရှာဇီရက်ဆိုတဲ့အမျိုးသမီး ဟာ အလွန်ရက်စက်တဲ့အမျိုးသမီးလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူမ ဟာသားအရင်းဖြစ်သူကိုကိုယ်တိုင်သတ်ပြီးအလောင်းဖျောက်တာတွေ
လုပ်ခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ဇူလိုင်လက သူမရဲ့ ငါးနှစ်အရွယ် သားဖြစ်တဲ့ ဒါနီရယ်ဒါနာ ကို အဆိပ်ကျွေးကာ သတ်ပစ်ခဲ့ပါတယ်။ ပြစ်မှုကို ဖုံးကွယ်ဖို့အတွက် အလောင်းကို ကားထဲကိုထည့်ကာ မီးရှို့ခဲ့ပြီး၊ ကားမတော်တဆမှုဖြစ်သလို ဖန်တီးခဲ့ပါတယ်။

 နာဂတ်စ်ဟာ သားဖြစ်သူ ကို Antihistamine အမြောက်အများပါတဲ့ ဆေးပြားတွေကို ဖိအားပေး ကျွေးခဲ့ပြီး၊ သေဆုံးတဲ့အခါမှာ အပြစ်ကနေ လွတ်အောင် တမင်ကြံစည်ခဲ့တာဖြစ်ပါတယ်။
 ရဲအရာရှိတွေဟာ သူမကို ကားအပြင်ဘက်မှာ လဲကျနေတာကို တွေ့ခဲ့ရပြီး သူမကိုယ်တိုင်ကလည်း မီးလောင်ဒဏ်ရာ 40% ကို ခံထားရပါတယ်။

တကယ်တော့ Narges ဟာ ခင်ပွန်းဟောင်း Hamid Dana တို့ ခွာပြဲပြီးနောက်ပိုင်း မိခင်ဖြစ်သူက အပြစ်မဲ့ တဲ့သားဖြစ်သူကို အငြိုးထားခဲ့တာဖြစ်ပါတယ်။  ။ နာဂက်စ် ကတော့ တရားရုံးမှာ သူမဟာ သားဖြစ်သူကို ကမ်းခြေကိုပို့ဖို့ ကားနဲ့အတူတူသွားခဲ့ကြောင်း၊ ဆေးလိပ်မီးညှိစဉ် မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ကြောင်း လီဆည်ထွက်ဆိုခဲ့ပါတယ်။
ref mirror
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment