Latest News

Saturday, March 4, 2017

တောင်ကြီးမြို့တွင် လမ်းမြေပေါ် ကျူးကျော် ဈေးဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းမည်

တောင်ကြီးမြို့တွင် လမ်းမြေပေါ် ကျူးကျော် ဈေးဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းမည်



 တောင်ကြီးမြို့ပေါ်ရှိ စည်ပင်သာယာရေးဌာနပိုင် လမ်း မြေပေါ်ကျူးကျော်တည်ဆောက် ထားသည့် ဈေးဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာ ယာရေးဌာနမှ သတင်းရရှိသည်။

တောင်ကြီးမြို့အတွင်း အ ထင်ကရ လမ်းမကြီးဖြစ်သည့် မိန်းလမ်းနှင့် ဈေးအနီး အခြားနေ ရာများတွင် အခိုင်အမာကျူး ကျော်တည်ဆောက်ထားသည့် ဆိုင်ခန်းအဖီများ၊ ယာယီအမိုးအ ကာတဲများအားလုံး အကျုံးဝင် မည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိထား သည့် နေရာများကိုလည်း ဖယ် ရှားရှင်းလင်းရန် သတိပေးစာပေး ပို့ထားသည်ဟု တောင်ကြီးမြို့ နယ် စည်ပင်သာယာရေးဌာန ဒုဦးစီးအရာရှိ ဦးဝေလှိုင်းက ပြော သည်။

‘‘မြို့သန့်ရှင်းသာယာလှပဖို့ အတွက် အဓိကလမ်းမကြီးတွေ ပေါ်မှာ ကျူးကျော်ထားတာတွေ၊ လမ်းမပိတ်ဆို့အောင် လိုက်လံစစ် ဆေးပြီးတော့ ကျူးကျော်ထားတဲ့ သူတွေကိုလည်း ပြန်ဖျက်ပေးဖို့ စာပေးပို့ထားပြီးဖြစ်ပါတယ်။ စစ် ဆေးတွေ့ရှိရင်လည်း ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်’’ဟု ၎င်းက ပြောကြားသည်။

ကျူးကျော် တည်ဆောက်ထားသည့် ဈေးဆိုင်ခန်းရှင် ၃၄ ဦးရှိပြီး စည်ပင်သာယာရေးဌာနက ကျူးကျော်မြေနေရာများကို ဆေးအနီဖြင့် မှတ်သားကာ ပြန်လည် ဖျက်သိမ်းခိုင်းထားသည်ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ဆိုသည်။

တားမြစ်ချက်၊ သတိပေး ချက်ကို လိုက်နာမှုမရှိဘဲ လမ်း မြေကို ဆက်လက် ကျူးကျော် ထားပါက ရှမ်းပြည်နယ်စည်ပင် သာယာရေး ဥပဒေအရ၊ အများ ပိုင်မြေကျူးကျော်ဆောက်လုပ်မှု ပုဒ်မ ၆၈(ခ)အရ တရားစွဲဆို အ ရေးယူမည်ဟု ဦးဝေလှိုင်းကပြော သည်။ အများပိုင်မြေ ကျူးကျော် ဆောက်လုပ်မှု ပုဒ်မ ၆၈ (ခ)ဖြင့် ပြစ်မှုထင်ရှားပါက ဒဏ်ငွေလေး သိန်းကျပ်ထက် မပိုသောငွေနှင့် ၂ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံစေရမည်ဟု ရှမ်းပြည်နယ် စည်ပင်သာယာရေး ဥပဒေတွင် ဖော်ပြထားသည်။


7Day News Journal

No comments:

Post a Comment