Latest News

Thursday, March 30, 2017

ဒက်ဘီ မုန်တိုင်းအပြီး ဘရစ္စဘိန်းမှာ မိုးကြီးရေလျှံ မူဖြစ်ပေါ်

ဒက်ဘီ မုန်တိုင်းအပြီး ဘရစ္စဘိန်းမှာ မိုးကြီးရေလျှံ မူဖြစ်ပေါ်





















အပူပိုင်းဆိုင်ကလုန်း မုန်တိုင်း အဆင့် အထိ ဖြစ်ခဲ့တဲ့ ဒက်ဘီ အမည်ရှိ မုန်တိုင်းရဲ့ နောက်ဆက်တွဲ အဖြစ် မိုးရွာသွန်းမှု မြင့်မားကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေလို့ သြစတြေးလျ တိုက်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကွင်းစလန်းပြည်နယ် အရှေ့တောင်ပိုင်းက စာသင်ကျောင်းအားလုံး ပိတ်ထားရပါတယ်။

အရှေ့မြောက်ကမ်းခြေမှာ နှစ်ရက်ကြာ မုန်တိုင်းဆင်ခဲ့ အပြီး ကြသပတေးနေ့ (ဒီနေ့) မှာ ပြည်နယ်ရဲ့ လူနေအထူထပ်ဆုံး ဒေသကို မုန်တိုင်းဒဏ် သက်ရောက်ခဲ့ပါတယ်။


မိုင် ၃၇၀ (၆၀၀ ကီလိုမီတာ) ဧရိယာ အကျယ် ရှိတဲ့ အက်ဂနက်စ် ဝေါထား မြို့ (Agnes water)  အရပ် ကနေ ဂိုးလ်ကို့စ် ကမ်းခြေ မြို့ အစွန်က ကူလန်ဂါတာ  (Coolangatta) ဒေသအထိ ကျောင်းတွေ အားလုံးကို အနည်းဆုံး တနင်္လာနေ့ အထိ ပိတ်ထားမယ်လို့လည်း သူမ က ပြောပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် မဲလ်ကွမ်တန်းဘူးလ် ကလည်း ဆိုင်ကလုန်း ဒဏ်ကြောင့် ပျက်စီးသွားခဲ့တဲ့ ဒေသတွေကို စစ်ရဟတ်ယာဉ်နဲ့ သုံးသပ်လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။

ကွင်းစလန်း ပြည်နယ် အရှေ့တောင်ပိုင်းဒေသမှာ ဒီနေ့ (ကြာသပတေးနေ့) အတွင်း မိုးရေချိန် ၄၀၀ မီလီမီတာ အထိ မိုးကြီးနိုင်ကြောင်း သြစတြေးလျ မိုးလေဝသဌာန က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကတုန်းက ဆိုင်ကလုန်း ဒက်ဘီဟာ အဆင့် ၄ ပြင်းအားနဲ့ ကွင်းစလန်း အရှေ့မြောက်ပိုင်း ကမ်းခြေကို စတင်ဝင်ရောက်ခဲ့ပါတယ်။

အိမ်ခြေ ၆၁,၀၀၀ မှာ လျှပ်စစ်မီး ပြတ်တောက်ပြီး အဆောက်အအုံ၊ ကြံနဲ့ ခရမ်းချဉ်သီး စိုက်ခင်း တွေ ပျက်စီးမှု ရှိကြောင်း အစိုးရတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ကွင်းစလန်းပြည်နယ်ရဲ့ ဂုဏ်ဆောင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းစုကြီး Great Barrier Reef လည်း ထိခိုက်နိုင်တယ်လို့ အဏ္ဏဝါဗေဒ ကျွမ်းကျင်သူ ပညာရှင်တွေက ခန့်မှန်းပါတယ်။

Ref ; BBC ; Reuters

No comments:

Post a Comment