နေ့စဉ်နဲ့အမျှ သို့မဟုတ် မကြာခဏ စားလေ့ရှိတဲ့ အစားအစာတွေထဲမှာ ခန္ဓာကိုယ်ကို အဆိပ်သင့်စေမယ်လို့ ထင်မထားတဲ့ အစားအစာတွေ ရှိနေပါတယ်။
ချယ်ရီသီးအစေ့
ချယ်ရီသီးအစေ့မှာ hydrogen cyanide ဓာတ်ပစ္စည်း ပါဝင်ပြီး အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ ချယ်ရီသီး စားတဲ့အခါ အစေ့ကို သတိထား ဖယ်ထုတ်ဖို့ လိုပါတယ်။
ပန်းသီးအစေ့
ချယ်ရီသီးအစေ့လိုပဲ ပန်းသီးအစေ့မှာလည်း cyanide ဓာတ်ပစ္စည်း ပါဝင်ပါတယ်။ ပန်းသီးက ကျန်းမာရေးအတွက် ကောင်းစေနိုင်ပေမဲ့ ပန်းသီးအစေ့ကိုတော့ သတိထားပြီး ဖယ်ရှားပစ်သင့်ပါတယ်။
ပီလောပီနံ
ကမ္ဘာ့နေရာဒေသမျိုးစုံမှာ ပီလောပီနံကို တွေ့နိုင်ပါတယ်။ ပီလောပီနံမှာ cyanide ဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ ပီလောပီနံ အဆိပ်သင့်မှုက အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်ပါတယ်။
သီဟိုဠ်စေ့
သီဟိုဠ်စေ့မှာ urushiol ဓာတ်ပစ္စည်းပါဝင်ပါတယ်။ urushiol က အဆိပ်ရှိတဲ့ နွယ်ပင်မှာတွေ့ရတဲ့ ဓာတ်ပစ္စည်းဖြစ်ပြီး အဆိပ်သင့်စေပြီး သေစေနိုင်လောက်တဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။
အာလူးနဲ့ ခရမ်းချဉ်သီး
အားလူးနဲ့ ခရမ်းချဉ်သီးတို့ရဲ့ အရွက်၊ ရိုးတံ၊ ပင်စည်တို့မှာ solanine ဓာတ်ပစ္စည်း ပါဝင်ပါတယ်။ အားလူးနဲ့ ခရမ်းချဉ်သီး အဆိပ်သင့်မှုက ပြင်းထန်မှုတော့ မရှိပါဘူး။ ဝမ်းအရည်သွားခြင်း၊ သွေးပေါင်ကျခြင်းတို့ ဖြစ်နိုင်ပါတယ်။
Credit -Duwun
No comments:
Post a Comment