မောင်တောဒေသရှိ ရဲစခန်းတွေကို ထပ်မံတိုက်ခိုက်ဖို့ စီစဉ်နေကြောင်း သတင်းတွေရရှိထားတယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးပြောကြား
လုံခြုံရေးတပ်ဖွဲ့တွေကို ကူညီသူတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့နဲ့ ရဲစခန်းတွေကို ထပ်မံတိုက်ခိုက်ဖို့ စီစဉ်နေတယ်။
မောင်တောဒေသက အကြမ်းဖက်သမားတွေရဲ့လက်မှာ RSO အဖွဲ့မှ လက်နက်ခဲယမ်းတွေ ရရှိနေပြီး ရဲစခန်းတွေကို ထပ်မံတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ရရှိထားကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောကြားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
RSO အဖွဲ့ဟာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ဖြစ်ပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လှုပ်ရှားနေတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေဆီမှာ တိုက်ခိုက်သိမ်းယူသွားတဲ့ လက်နက်မျိုးစုံ ၃၉ လက်အပြင် လုပ်သေနတ်တွေ၊ RSO အဖွဲ့မှ လက်နက်ခဲယမ်းတွေရှိနေပြီး လုံခြုံရေးတပ်ဖွဲ့တွေကို ကူညီသူတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့နဲ့ ရဲစခန်းတွေကို ထပ်မံတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ သတင်းများရရှိထားကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးကပြောထားတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က ဆောင်ရွက်နေတဲ့ ဒေသန္တရအဆင့် Stability Operation ကို ဖေဖော်ဝါရီ ၁ ရက်ကစ ရပ်ဆိုင်းခဲ့ကာ လက်ရှိ ဒေသတည်ငြိမ်ရေးကို ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေပြီး တပ်မတော်က ၀န်းရံပေးထားတယ်လို့ သိရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲမှုတွေကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက တည်ဆဲဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြင်းထန်စွာ အရေးယူမယ်လို့ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရှင်းလင်းပြောကြားပါတယ်။
Source: 7Day Daily : Duwun
Photos: RFA
Wednesday, March 1, 2017
မောင်တောဒေသရှိ ရဲစခန်းတွေကို ထပ်မံတိုက်ခိုက်ဖို့ စီစဉ်နေကြောင်း သတင်းတွေရရှိထားတယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးပြောကြား
မောင်တောဒေသရှိ ရဲစခန်းတွေကို ထပ်မံတိုက်ခိုက်ဖို့ စီစဉ်နေကြောင်း သတင်းတွေရရှိထားတယ်လို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးပြောကြား
Reviewed by Ar Ti
on
1:23 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment