Latest News

Saturday, March 4, 2017

တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ခင်မွန်ကျေးရွာတွင် နွားအလှနှင့် လှည်းယဉ်ကျော့ပြိုင်ပွဲကျင်းပ

တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ခင်မွန်ကျေးရွာတွင် နွားအလှနှင့် လှည်းယဉ်ကျော့ပြိုင်ပွဲကျင်းပ



 ချောင်းဦးမြို့နယ် ခင်မွန် ကျေးရွာတွင် တောင်သူလယ်သမားများ ဦးဆောင်ကျင်းပသည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် တတိယအကြိမ် နွားအလှနှင့် လှည်းယဉ်ကျော့ပြိုင်ပွဲသို့ မြို့နယ် ရှစ်ခုမှ ၀ါသနာရှင်များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဒီပဲယင်း၊ မြောင်၊ မြင်းမူ၊ ဆားလင်းကြီး၊ အရာတော်၊ မုံရွာ၊  ဘုတလင်နှင့် ချောင်းဦးမြို့နယ် တို့မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  မတ်လ ၂ ရက်မှ ၅ ရက်အထိ ကျင်းပခြင်း ဖြစ်သည်။ မတ်လ ၂ ရက်တွင် နွားအငယ်တန်းကြိုး အကျော့ပြိုင်ပွဲ၊ မတ်လ ၃ ရက်နှင့်၎ ရက်တွင် နွားအလတ်တန်း နွား လှည်းယဉ်ကျော့ပြိုင်ပွဲနှင့် မတ် လ ၅ ရက်တွင် အကြီးတန်း လှည်းယဉ်ကျော့ပြိုင်ပွဲများ ကျင်းပမည် ဖြစ်သည်။

‘‘နွားငယ်အကောင် ၃၀၊ နွား လတ် မနေ့က (မတ်လ ၃ ရက်) အထိ ၂၀ ပြိုင်ပြီးပြီ။ အငယ်တန်း ကြိုအကျော့ပြိုင်ပွဲနဲ့ အလတ်တန်းလှည်းပြိုင်ပြီးပြီ။ နောက်ထပ်အ လတ်တန်းနဲ့ အကြီးတန်းလှည်း ယဉ်ကျော့ပြိုင်ပွဲကျန်သေးတယ်။ မြို့နယ် ရှစ်ခုက နွားဝါသနာရှင် တွေ ဒေသအလိုက် တောင်သူလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ် ကြတယ်’’ဟု နွားအလှနှင့် လှည်း ယဉ်ကျော့ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးသန်းမွှေးက ပြောကြားသည်။

‘‘ပြိုင်ပွဲဝင်တဲ့ နွားပိုင်ရှင်တွေ က ချီးမြှင့်တဲ့ ဆုတံဆိပ်တွေထက် နွားအစွမ်းကို ပြသချင်လို့ လာ ရောက် ယှဉ်ပြိုင်ကြတာ ဖြစ်ပါ တယ်။ ဒီနေ့ခေတ်မှာ လယ်ယာ ခိုင်းနွားရှားပါးလာတဲ့အတွက် နွား တွေကို တောင်သူတွေအနေနဲ့ အမြတ်တနိုးတန်ဖိုးထားစေချင်ပါ တယ်။ ဒါကြောင့် ပြိုင်ပွဲမှာ နွား အပန်းခံပြီး တစ်နယ်တစ်ကျေးက လာရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ’’ ဟု နွားအလှပြိုင်ပွဲဝင် မုံရွာမြို့ခံ ၀ါသနာရှင်တစ်ဦးက ပြောကြားသည်။

တောင်သူလယ်သမားနေ့အ ထိမ်းအမှတ် နွားအလှနှင့် လှည်း ယဉ်ကျော့ပြိုင်ပွဲကို ၂၀၁၄ ကစတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။



7Day News Journal

No comments:

Post a Comment