Latest News

Friday, March 3, 2017

အိမ်ခြံမြေပူဖောင်း တစ်ကျော့ပြန်လည်မှာလား

အိမ်ခြံမြေပူဖောင်း  တစ်ကျော့ပြန်လည်မှာလား

သက်မောင်( နိုင်/စီး )

၂၀၁၄ ခုနှစ်ကတည်းက နှေးကွေးအေးစက်ခဲ့တဲ့ အိမ်ခြံမြေ ဈေးကွက်ဟာ ၂ဝ၁၆ ခုနှစ် ရောက်လာတဲ့အခါ ရွေး ကောက်ပွဲအလွန် နိုင်ငံရေး အကူးအပြောင်းကြောင့် အာရုံစိုက်ခံရ မယ့်အစား လျစ်လျူရှုခံခဲ့ရတယ်။ ဒါပေမဲ့ ၂ဝ၁၇ ခုနှစ်ထဲမှာတော့ ပြန်လည် သက်ဝင်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေကြောင့် စိတ်ဝင်စား စရာ လက္ခဏာတွေ စတင်ပြသနေပါပြီ။ ဒီလို ဖြစ်ပေါ်လာအောင် လတ်တလော တွန်းပို့လိုက်တဲ့ အခြေခံ အကြောင်းတရားသုံးခု ရှိနေ တာကို တွေ့ရတယ်။

ပထမဆုံးအချက်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီက မြေပြင်လုပ်ငန်းတောင် မစတင်ရသေးတဲ့ အထပ်မြင့်အ ဆောက်အအုံ ၁၃ဝ အနက် ၁၂၃ လုံးကို ဆက်လက်ဆောင်ရွက်ဖို့ ခွင့်ပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ၁ဝ ထပ်အောက် အဆောက်အအုံ တွေကိုပါ ထည့်တွက်လိုက်ရင် စုစုပေါင်း ၂ဝဝ နီးပါးကို ပြန်လည်ခွင့် ပြုလိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က အထပ်မြင့်အဆောက်အအုံ ၂ဝဝ နီးပါးကို ပြန်လည်စိစစ်မှု တွေ ပြုလုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့ တယ်။ ကွန်ဒိုဈေးကွက်လည်း လုံးဝ ပြိုလဲသွားတယ်။ ယခုတစ်ဖန် ပြန်လည်ခွင့် ပြုလိုက်လို့ ဈေးကွက်ပေါ် မှာ အကျိုးသက်ရောက် မှု ရှိလာတော့မှာ ဖြစ်ပါ တယ်။ စီးပွားရေး နှေး ကွေးပြီး ဝယ်လိုအား အ ကန့်အသတ် ရှိတာကြောင့် ကွန်ဒိုဆောက်လုပ်သူတွေ ဘက်ကသာ ဈေးချရောင်းရင် အရောင်းအဝယ် သွက်လာမယ်လို့ ခန့်မှန်းထားကြတယ်။

ဒုတိယအချက်က မကြာသေးမီက ပြဋ္ဌာန်း လိုက်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ဥပဒေကြမ်း အဆင့်အထိ ရေးဆွဲပြီးစီးနေတဲ့ မြန်မာနိုင်ငံ ကုမ္ပဏီ အက်ဥပဒေတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲ ဆောင်နိုင်ခြေ ရှိနေတယ်။ ဒါကြောင့် ငြိမ်သက်နေတဲ့ အိမ်ခြံမြေဈေးကွက် ပြန်လည် သက်ဝင် လှုပ်ရှားလာနိုင် တယ်။ အထူးသဖြင့် သာမန်ပြည်သူတွေနဲ့ အလှမ်းဝေးကွာ နေတဲ့ ကွန်ဒိုတိုက်ခန်းတွေက နိုင်ငံခြားဝယ်လက်၊ ငှားရမ်း လိုသူများကို မျှော်နေရတယ် မဟုတ်ပါလား။

အိမ်ခြံမြေဈေးကွက် သက်ဝင်လှုပ်ရှားလာအောင် လတ်တ လော တွန်းပို့လိုက်တဲ့ တတိယအချက်ကတော့ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြေဈေးနှုန်းကျအောင် ဆောင် ရွက်နေပြီဖြစ်ကြောင်း တရားဝင် ပြောဆိုလိုက်တာကြောင့်ပဲ ဖြစ် ပါတယ်။

၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ ဦးဖြိုးမင်းသိန်းက ရန် ကုန်တိုင်းဒေသကြီးအတွင်းမှာ မြေဈေးကျအောင် ဆောင်ရွက်နေ ပြီဖြစ်လို့ လုပ်ငန်းရှင်နှင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြေတန်ဖိုး ပြန်လည်မြင့်တက်လာနိုင်ခြေရှိတဲ့ မျှော်လင့်ချက်တွေ မထားကြဖို့ တိုက်တွန်း ပြောဆိုသွားတယ်။

ဦးဖြိုးမင်းသိန်းက 'မြေယာစီမံခန့်ခွဲမှုကို အစိုးရက စနစ်တကျ လုပ်ဆောင်နေတယ်။ မြေတန်ဖိုးတွေ ကျဆင်းသွားအောင် တိုင်း ဒေသကြီးအစိုးရက လုပ်ဆောင်နေတယ်။ လုပ်ငန်းရှင်တွေ မြေ အပေါ်မှာ မျှော်လင့်ချက်တွေ ထားရှိမှာစိုးလို့ ပြောပြတာပါ။ ရန်ကုန် မှာ မြေဈေးက တဖြည်းဖြည်း ကျလာဖို့ပဲရှိတယ်'လို့ ယတိပြတ် ပြောဆိုခဲ့တယ်။

ဦးဖြိုးမင်းသိန်းဟာ မထသအဖွဲ့ကို ဖျက်သိမ်းပြီး ရန်ကုန်မြို့ တော် သယ်ယူပို့ဆောင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရာမှာ အဓိက ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ထင်ရှားပြောင် မြောက်တဲ့ စွမ်းဆောင်ချက်တွေကြောင့် 'ဒေါ်အောင်ဆန်းစုကြည် အရိုက်အရာကို ဆက်ခံနိုင်မယ့်သူ'အဖြစ် ပြည်တွင်းပြည်ပ မီဒီယာ အချို့က ထင်ကြေးပေး ရေးသားနေတယ်။ ဒါကြောင့် ဦးဖြိုးမင်းသိန်း ရဲ့ တိုက်တွန်းပြောကြားချက်ကို အလေးထား စောင့်ကြည့်ရမှာပါ။

တစ်ဖက်ကလည်း အစိုးရအနေနဲ့ အိမ်ခြံမြေဈေးကွက်မှာ ငွေ ရှင်ကြေးရှင်တွေ ဝင်ရောက် ဈေးကစားမှုကို ကာကွယ်ထိန်းချုပ်ဖို့ အတွက် ပိုင်ဆိုင်မှု အခွန်စည်းကြပ်ကောက်ခံဖို့ ဥပဒေရေးဆွဲမှုတွေ ပြုလုပ်နေတယ်။ ဒီအချက်က သမ္မတဦးသိန်းစိန်သက်တမ်းမှာ အ ကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိတာကို တွေ့ရတယ်။ ဒါကြောင့် ဦးဖြိုးမင်းသိန်း ပြောဆိုချက်နဲ့ ပိုင်ဆိုင်မှု အခွန်ကောက်မယ့်အချက် ကို ပေါင်းစပ်လိုက်ရင် မြေဈေးနှုန်းတွေ အကျဘက်ကို ဦးတည်သွား နိုင်တယ်။
ဒါ့အပြင် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်း စိုက် ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန် တိုင်းဒေသကြီး အတွင်း မြေယာသိမ်းဆည်းမှု ပြဿနာတွေကို သုံး နှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တယ်။ တစ်ဆက်တည်းမှာပဲ လယ်ယာမြေနဲ့ မြေလွတ်မြေရိုင်းတွေ ရယူ ထားတဲ့ ကုမ္ပဏီတွေရဲ့ စိုက်ပျိုးရေးလုပ်ကိုင်မှု အားနည်းချက်တွေကို တိုင်းဒေသကြီးအစိုးရအနေနဲ့ တွန်းအားပေးသွားမယ်လို့ ထောက်ပြ ပြောသွားခဲ့တယ်။

ရန်ကုန်တိုင်းအတွင်းမှာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက စိုက် ပျိုးရေးလုပ်ကိုင်ဖို့၊ စက်မှုလုပ်ငန်းတွေ ထူထောင်ဖို့ဆိုတဲ့ အကြောင်း ပြချက်တွေနဲ့ မြေတွေယူထားတယ်။ လက်တွေ့မှာတော့ ကုန်ထုတ် လုပ်မှု(ဏမသိကခအငသည)ပိုင်းကို ကြပ်မတ်လုပ်ကိုင်နိုင်စွမ်း နည်းပါးတယ်။ ဒါကြောင့် မြေယာအသုံးချမှု ရှုထောင့်ကနေ ကြည့်လိုက်ရင် လေ လွင့်ဆုံးရှုံးမှုတွေ ရှိနေတယ်။ တစ်ဖက်ကကြည့်ရင် မြေတွေကို သက် သာတဲ့ ဈေးနှုန်းနဲ့ ဝယ်လှောင်ထားတယ်ဆိုသော ထင်မြင်ယူဆ ချက်ကို ဖြစ်ပေါ်စေခဲ့တယ် မဟုတ်ပါလား။

၂ဝ၁၇ ခုနှစ် ရန်ကုန် အိမ်ခြံမြေဈေးကွက်ကို တီးခေါက်လိုက် ရင် အလုပ်ဖြစ်တဲ့နေရာတွေလည်း ရှိလာသလို အလုပ်မဖြစ်တဲ့ နေရာတွေလည်း ရှိနေတယ်။ ခြုံကြည့်ရင်တော့ အိမ်ခြံမြေဈေးကွက် အေးစက်နေဆဲ ဖြစ်ပေမယ့် အငှားဈေးကွက်ကတော့ သွက်နေတယ်။

ဒီနေရာမှာ ၂ဝ၁၄ ခုနှစ်လောက်က စတင်ပြီး အများပြည်သူ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ဖူးတဲ့ 'အိမ်ခြံမြေပူဖောင်း' ပေါက်နိုင်ပါ့ မလားဆိုတဲ့ မေးခွန်းကို ပြန်လည်အသက်သွင်းရတော့မှာ ဖြစ်ပါ တယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အိမ်ခြံမြေဈေးနှုန်း တွေ ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့လို့ တစ်ချိန်ချိန်မှာ ပူဖောင်း ပေါက်သလို ပေါက်လိမ့်မယ်လို့ ထင်ကြေးပေး ခန့်မှန်းပြောဆိုခဲ့တာ အတော်ကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ အိမ်ခြံမြေကဏ္ဍကို လေ့လာကြည် ရင် ပူဖောင်းပေါက်မယ်ဆိုတဲ့ အယူအဆနဲ့ ပူဖောင်းပေါက်နိုင်ခြေ မရှိဘူးဆိုတဲ့ အယူအဆနှစ်ခု အားပြိုင်ခဲ့ကြတာကို တွေ့ရတယ်။

၂ဝ၁၄ ခုနှစ်လောက်စပြီး အိမ်ခြံမြေပူဖောင်း ပေါက်မယ်လို့ ထင်ကြေးပေးခဲ့သူတွေထဲမှာ မီဒီယာတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအပြင် စီးပွားရေးပညာရှင်တွေလည်း ပါဝင်ခဲ့တယ်။ အိမ်ခြံမြေပူဖောင်း ပေါက်မယ့် ဝါဒီတွေက သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းနှောင်း ပိုင်း ရန်ကုန်မြို့သစ် စီမံကိန်းရပ်ဆိုင်းလိုက်ပြီးနောက် အခြား စီမံ ကိန်းကြီးတွေလည်း မဖြစ်လာတော့လို့ ဈေးကစားမှုပါ 'ကျွဲကူးရေပါ' ကျဆင်းသွားမယ်လို့ တွက်ခဲ့ကြတယ်။ သူတို့ရဲ့ တွက်ကိန်းတွေထဲ မှာ ပြည်ပကနေ တရားမဝင် စီးဝင်လာတဲ့ငွေကြေးတွေ လျော့နည်း သွားခြင်း၊ ပြန်လည် စီးထွက်သွားခြင်းတွေကြောင့် မတန်တဆ ဈေး ပေးဝယ်ခြင်း၊ မပေါက်တဲ့ ဈေးတွေပေးပြီး ဝယ်ယူခြင်း အပါအဝင် ဝယ်လိုအား လိုက်ကျသွားမယ်ဆိုတဲ့အချက် ပါဝင်တယ်။ တစ်ဆက် တည်းမှာပဲ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံသူများ အရှိန်သတ် သွားကြတယ်။

ပြည်တွင်းမှာ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတဘဲ ဝယ် လိုအားထက် ပိုမိုပြီး အဆင့်မြင့်တိုက်ခန်းတွေကို ဆောက်လုပ်ထား တယ်။ သို့ကလို ဆောက်လုပ်ရာမှာ အများစုက ကိုယ်ပိုင် ငွေစိုက် ထုတ် ရင်းနှီးမြှုပ်နှံခြင်းမဟုတ်ဘဲ ဘဏ်ချေးငွေနှင့် ကြိုပွိုင့်ငွေများ ကို အားပြုထားတာကြောင့် ငွေမလည်ပတ်နိုင်တော့တဲ့အခါ ဘေး ကျပ်နံကျပ် ဖြစ်ခဲ့တယ်။ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကဏ္ဍ အ ကျပ်အတည်းဖြစ်သွားရင် ဘဏ်လုပ်ငန်းပါ ထိခိုက်မယ်လို့ သုံးသပ် မှုတွေလည်း ရှိခဲ့တယ်။

စီးပွားရေးပညာရှင်အချို့က မြန်မာနိုင်ငံ အိမ်ခြံမြေကဏ္ဍ အနေ အထားကိုကြည့်ပြီး 'ဝယ်လိုအားအတု'လို့ သတ်မှတ်ခဲ့ကြတယ်။ အိမ်ခြံမြေနှင့် အဆင့်မြင့်တိုက်ခန်းတွေက သာမန်ပြည်သူတွေနဲ့ အလှမ်းဝေးကွာတာကြောင့် လူနည်းစု အဝန်းအဝိုင်းထဲမှာပဲ လက် လွှဲလက်ပြောင်း လည်ပတ်နေတယ်။ ဒါကြောင့် ဈေးကွက်အစစ် မဟုတ်ဘဲ ဈေးကစားလိုတာကြောင့် ဖန်တီးထားတဲ့ ဈေးကွက်တစ်ခု လို ဖြစ်နေတယ်။ အဲဒီလို ဝယ်လိုအားအတုကြောင့်ပဲ ပူဖောင်းဖြစ် ပေါ်လာတယ်။
တစ်ဆက်တည်းမှာပဲ မြေဈေးနှုန်းကြီး မြင့်လာခြင်းကြောင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု(င်္ှီု) နည်းပါးလာတဲ့အခါ မူလက ပြည်ပရင်း နှီးမြှုပ်နှံမှုကို မျှော်ကိုးပြီး ဝယ်လှောင်ထားတဲ့ မြေ၊ အဆင့်မြင့်တိုက် ခန်း အစရှိတာတွေ ဈေးကျလာနိုင်တယ်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ နှစ်စဉ် ဘတ်ဂျက်လိုငွေပြမှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် အိမ်ခြံမြေ ဈေး နှုန်း မြင့်တက်မှု အချိုးမညီခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်။ နိုင်ငံတကာမှာ လည်း စီးပွားရေး နှေးကွေးကျဆင်းလာတာကြောင့် အိမ်ခြံမြေကဏ္ဍ မှာ ဝယ်လိုအား ကျုံ့သွားခဲ့တယ်။ အထက်ပါအချက်တွေကို အိမ်ခြံ မြေ ပူဖောင်းပေါက်မယ့် ဝါဒီတွေက ဆုပ်ကိုင်ခဲ့တယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံနှင့် နောက်ခံ အခင်းအကျင်းက အခြားနိုင်ငံတွေနဲ့မတူဘဲ ကွဲပြားနေတယ်။ ကိစ္စ ရပ် အတော်များများက နိုင်ငံတကာမှာ သမားရိုးကျ ဖြစ်စဉ်တွေနဲ့ မတူညီဘဲ ကွဲပြားနေသလို အချို့ကိစ္စတွေမှာ ပြဒါးတစ်လမ်း၊ သံ တစ်လမ်း ဖြစ်နေတယ်။ ဒါကြောင့် ၂ဝ၁၆ ခုနှစ် ကုန်ဆုံးသွားချိန် အထိ သူတို့(အိမ်ခြံမြေ ပူဖောင်းပေါက်မယ့်ဝါဒီတွေ) ထင်မြင် ယူဆ ချက်အတိုင်း ဖြစ်ပေါ်ခြင်း မရှိသေးတာကို တွေ့ရတယ်။

ယခုတစ်ဖန် ၂ဝ၁၇ ခုနှစ်ထဲမှာတော့ ပြောင်းလဲလာတဲ့ အခြေ အနေ၊ အခင်းအကျင်းတွေကြောင့် အိမ်ခြံမြေဈေးနှုန်းက အကျ ဘက်ကို ဆင်းပေးမှသာ အရောင်းအဝယ်သွက်ပြီး လက်တွေ့ အလုပ် ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ပူဖောင်းပေါက်သလို ဈေးနှုန်းပြိုဆင်း လာမလားဆိုတာကတော့ စိတ်ဝင်စားစွာ ဆက်လက် စောင့်ကြည့်ရ မယ့်အချက် ဖြစ်နေကြောင်းပါ...      

#YangonMediaGroup #YangonTimesJournal #Property

No comments:

Post a Comment