၆. ၃ . ၂၀၁၇ ရက်နေ့ကပုသိမ်မြို့မှာ နာမည်ကြီး
လောင်းကစားဒိုင်(ဘောလုးံ၊ချဲ၊ထီ)ကိုရဲမှူးမြင့်အောင်နဲ့အဖွဲ့ကဦးဆောင်ပီး
ကျောက်ငူရပ်ကွက်(ရာမညလမ်းထိပ်)တရုတ်ဘုံကျောင်းဘေးကလ္ဘက်ရည်ဆိုင်ပိုင်ရှင်
(ဟန်ပြလုပ်ထားခြင်း)တရုတ်ကြီး(ခ) ကိုကိုသန့်(တရုတ်လူမျိုး)ကို
နေ့ခင်း ၂နာရီဝန်းကျင်ခန့်ကဖမ်းစီးခဲ့ပါတယ်။
အဲ့သတင်းကို ၈ရက်နေ့မှာ ကျနော်လ္ဘက်ရည်ဆိုင်ထိုင်ရင်း
သူငယ်ချင်းတချို့ပြောပြလို့ကြားမိပါတယ်။
အံ့အားသင့်စရာက တရုတ်ကြီးဆိုသူကရဲ နဲ့ပက်သက်ရင်အရမ်း ပိုင်ပီး
မောင်းစာရွက်(ဘောပွဲလောင်းကစားစာရွက်)ကိုပေါ်တင် ရောင်းချနေကြောင်း၊
ဘယ်ရဲမှလည်းမဖမ်းကြောင်း(သဘောပေါက်)နောက်ဆုးံပြောရရင်
ရဲ ပီးတဲ့သူပေါ့ဗျာ။
အဲ့ဒါကြောင့် အံ့သြမိတာ ။
အဲ့လိုသတင်းကြားတော့ကျနော့စိတ်ထဲ ရဲ တွေတကယ်ပြောင်းလဲကြပီပေါ့။
တကယ်ကြီးကိုချီးကျူးမိပီးချီးကျူးခန်းတွေတောင် ဖွင့်ခဲ့မိပါတယ်။
(ကျနော်မှားသွားတာကျနော် မသိခဲ့မိဘူး)
တရုတ်ကြီးရှိမှာ ဘောပွဲလောင်းရင်ဘယ်လိုလောင်းရတယ်ဆိုတာ
ကျနော်ပြောပါရစေ။(နောက်နေ့မှ သိရတာ)
တရုတ်ကြီးရှိမှာဘောပွဲလောင်းရင် လောင်းကြေးအရင်ထပ်ပီးမှ လက်ငင်းလောင်းရတာပါ။
ပီးရှင်းလောင်းရတာမဟုတ်ပါဘူး။
နိုင်ကြေးကိုဘောပွဲလောင်းပီးနောက်နေ့ နေ့ခင်း၂နာရီခွဲလောက်မှရှင်းပေးပါတယ်။
စာရင်းအားလုးံရှင်းပီးမှ ငွေရှင်းပေးတဲ့သဘောပါ။
ဖမ်းတဲ့နေ့ကလည်း ငွေမရှင်းခင်နာရီဝက်ခန့်အလိုလောက်မှာစာရင်းလုပ်နေရင်း ဝင်ဖမ်းတာပါ။
ကျနော့ရဲ့ချီးကျူးမူ့တွေမှားကြောင်း၁၀ ရက်နေ့ကျတော့မှ အတိအကျသိခဲ့ရပါတယ်။
တနင်္ဂနွေနေ့ က ဘောပွဲလောင်းသူတွေအတော်များများ(အကုန်လုးံနီးပါး)မောင်းပေါက်ကြတယ်၊
ဘော်ဒီ(အသင်း)နိုင်သူတွေ အတော်များပါတယ်။
သိန်းရာကျော်၊ထောင်ဂဏာန်းနီးပါးလောက်လျော်ကြေးပေးရမှာပါ။
ထပ်ရင်း (လောင်းကြေးကြိုပေး)ပါပေါင်းရင်သိန်းထောင်ကျော် အလျော်အစားလုပ်ရမှာပါ။
နေ့ခင်းပိုင်း ၂လုးံပေါက်သူတွေလည်းရှိတယ်လို့ပြောကြပါတယ်။
ဒီလောက်ဆို သဘောပေါက်လောက်မှာပါ။
စားတုန်းကစားပီးအလျော်ပေးကာနီးကျမှရဲအဖမ်းပြပီး ရှောင်ထွက်လိုက်တာပါ။
(ရဲနဲ့ပေါင်းပီး)
ဘောပွဲလောင်းကြသူတချို့ဆိုအိမ်ပေါင်၊ခြံပေါင်ပီး ထပ်ရင်းတင်ကြသူတွေပါရှိပါတယ်။
ထိုသူတွေရှုးံစဉ်က တရုတ်ကြီးဆိုသူမှပြုးံပြုးံကြီးစားပီး လျော်ကာနီးကျမှ
အောက်တန်းကျစွာ ရှောင်ထွက်သွားပါတယ်။
အလျော်ရမည့်သူများမှတရုတ်ကြီး၏ မိန်းမ ဖြစ်သူထံတွင်နိုင်ကြေးမပေးလျှင်လည်းမယူပါဘူး။
ထပ်ကြေးလေးပြန်ပေးဖို့ တောင်းဆိုသော်လည်း၎င်း အမျိုးသမီးမှ မပေးနိုင်ကြောင်း၊
ရဲတွေသိမ်းသွားကြောင်း၊ သူတို့အနေနဲ့အမူ့ရင်ဆိုင်ရမယ့်အတူတူ
တိုင်ချင်လျှင်လည်းတိုင်ကြဖို့ပြောပီးမပေးနိုင်ကြောင်း ဘူး ငြင်းလွှတ်ပါတယ်။
ရဲတွေဖမ်းဆီးစဉ်က သိမ်းဆည်းငွေမှာ၁၄၆၀၀၀ ကျပ် သာဖြစ်ပါတယ်။
ဖမ်းပီး ညနေပိုင်းလောက်မှာအာမခံနဲ့တရုတ်ကြီးဆိုသူကို ပြန်လွှတ်ပေးခဲ့ပါတယ်။
(အဲ့နေ့ညနေလား၊နောက်နေ့ညနေလားကျနော်ဝေဝါးနေ)
အာမခံနှင့်ထွက်လာသောတရုတ်ကြီးဆိုသူသည်ယခု ၎င်းအိမ်တွင်မရှိပဲ
ထွက်ပြေးသွားပီလား၊တိမ်းရှောင်နေသလားဆိုတာတော့အတိအကျမသိရသေးပါ။
ဖမ်းဆီးရေးနဲ့ပက်သက်ပီးထပ်ပြောရလျှင်လည်းတရုတ်ကြီးဆိုသူကို ဘောပွဲမောင်း တစ်ခုတည်းသာ
ဖမ်းဆီးခဲ့ပါတယ်။(အမူ့ပေါ့အောင်)၎င်းအမူ့သည်အလိုက်ကောင်းလျှင်
ဒဏ်ကြေးနဲ့သာပြီးမြှောက်မှာဖြစ်ပါတယ်။
ကြိုတင်လက်ဝါးရိုက်ထားသောဖမ်းဆီးခြင်းဖြစ်သည့်အတွက် အမူ့သည်ကြီးလေးမည်မဟုတ်ပါ။
လောင်းကစားသမားချင်းလူပါးဝ သွားသောတရုတ်ကြီးကို
တရားဥပဒေဘက်တော်သားမှအင်အားဖြည့်ကူညီလိုက်ခြင်းသည်
အင်မတန်မှ ခံပြင်းဖွယ်ဖြစ်သလို၊ရှက်ဖွယ်လိလိသာဖြစ်ပါတယ်။
၎င်းအမူ့အားထဲထဲဝင်ဝင် ရှိသူများမှလည်းစောင့်ကြည့်နေကြပါတယ်။
ပေါင်းစားရဲတွေနဲ့ဇာတ်တူသားစား၍လူပါးဝသူ အကြောင်း
အများသိအောင်အမှန်တရားလိုလားသူများပြန်လည်မျှဝေပေးကြပါခင်မျာ။
#credit# ပန်းသစ္စာ.......
အမှားပြင်ဆင်ချက်။
၆ ရက်နေ့မဟုတ်ပါ။၅ရက်နေ့ဖြစ်ပါတယ်။
No comments:
Post a Comment