သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ အပ်နှင်းပွဲ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်မည်
ဒီချုပ်အစိုးရ၏ ပထမဆုံးအကြိမ် သာသနာရေး ဆိုင်ရာ အဆင့်အမြင့်ဆုံးအခမ်း အနားကို နေပြည်တော်ဥပ္ပါတ သန္တိစေတီတော်တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ တက်ရောက်မည်ဖြစ် သည်။
တပေါင်းလပြည့်နေ့တွင် ဥပ္ပါတသန္တိစေတီတော်၌ နိုင်ငံ တော်သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က ဆွမ်းကပ်လှူခြင်း၊ သံဃာတော်မြတ်များထံမှ သြ၀ါဒ ခံယူခြင်းနှင့် ဘွဲ့တံဆိပ်အပ်နှင်း ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့မှ သိရသည်။
နှစ်စဉ် ကျင်းပသော ဥပ္ပါတ သန္တိစေတီတော်ကြီး၏ တပေါင်း ဘုရားပွဲတော်ကို မတ်လ ၁၂ ရက် တပေါင်းလပြည့်နေ့တွင် နိုင်ငံ တော်အဆင့် အခမ်းအနားများ ဖြင့် ကျင်းပမည်ဖြစ်သည်။
‘‘သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ်များ အပ်နှင်းတဲ့ အခမ်းအ နားပေါ့’’ဟု ဥပ္ပါတသန္တိစေတီ တော်ဂေါပကအဖွဲ့ဝင် ညှိနှိုင်းရေး မှူး ဦးထွန်းကြည်က ပြောကြား သည်။
တပေါင်းလပြည့်နေ့ (မတ် လ ၁၂ ရက်)တွင် ရွှေကြာသင်္ကန်း ကပ်လှူခြင်း၊ ဘွဲ့တံဆိပ် ဆက် ကပ်ခံရမည့် ဆရာတော်များနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း အခမ်းအနားကျင်းပမည်ဖြစ်ပြီး သံဃာ ၁၆၆ ပါးအား ဘွဲ့တံဆိပ် တော်များ အပ်နှင်းမည်ဖြစ်သည်။
‘‘ဘုရားကြီးနှစ်စဉ် အနေ ကဇာတင်တဲ့ အခမ်းအနား၊ ဘွဲ့ တံဆိပ်ရတဲ့ ဆရာတော်ကြီးတွေ အပါအ၀င် သံဃာတော်အပါး ၂၀၀ ကျော်နဲ့ အနေကဇာတင်တဲ့ အခမ်းအနားတွေလည်း ပြုလုပ် မှာဖြစ်ပါတယ်’’ဟု ဦးထွန်းကြည် က ပြောသည်။
ဘုရားကြီး၏ ရင်ပြင်ပေါ်၌ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ဆီမီးတစ်ထောင် ကပ်လှူပူဇော်ပွဲ များလည်း ပြုလုပ်မည်ဟု ဦးထွန်း ကြည်က ဆက်လက်ပြောသည်။
‘‘မဟန ဆရာတော်ကြီးတွေ က ၄၇ ပါး၊ တိပိဋကဆရာတော် ၁၄ ပါး၊ ဘုရားကြီးရဲ့ သြ၀ါဒါစရိ ယဆရာတော်ကြီး ၁၁ ပါး၊ အား လုံး ၂၁၉ ပါးတို့ကို ဆွမ်းဆန်စိမ်း လောင်းလှူသွားမှာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။
မတ်လ ၁၂ ရက်တွင် ကျင်းပ မည့် တပေါင်းဘုရားပွဲတော်တွင် ပြဇာတ်၊ အငြိမ့်များ၊ ဈေးရောင်းပွဲတော်များနှင့် အရောင်းပြခန်းများ ပါဝင်မည်ဖြစ်သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment