Latest News

Wednesday, March 1, 2017

ပြည်သူများ အမေရိကန်စိတ်ဓာတ် ပြန်နိုးကြားလာပြီဟု ထရမ့်ပြော

ပြည်သူများ အမေရိကန်စိတ်ဓာတ် ပြန်နိုးကြားလာပြီဟု ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က လွှတ်တော်မှာ ပထမဆုံးအကြိမ်မိန့်ခွန်းပြောကြားခဲ့ပြီး သူ့ရဲ့ သမ္မတသက်တမ်း ၁ လကျော်အတွင်း ပြည်သူတွေ အမေရိကန်စိတ်ဓာတ် ပြန်လည်နိုးကြားလာကြပြီလို့ ပြောဆိုပါတယ်။

မိန့်ခွန်းကို ထိန်းထိန်းသိမ်းသိမ်းနဲ့ တက်တက်ကြွကြွပြောဆိုခဲ့ပြီး သူ့ရဲဦးဆောင်မှုနဲ့ အမေရိကန်တခေတ် ပြန်လည်ဆန်းသစ်ပြီလို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့တပတ်က ဖီလာဒယ်ဖီးယားမြို့မှာ ဂျူးသချိုင်းတခုကို ဖျက်ဆီးမခံရမှု၊ ကန်းဆက်မြို့မှာ အိန္ဒိယကျောင်းသားတဦးကို မွတ်စလင်နဲ့ မှားပြီး ပစ်သတ်မှုတွေဟာ အမေရိကန်လူထုအတွင်း သွေးကွဲနေမှုကို ၀န်ခံခဲ့ပြီး အဲဒီလို အမုန်းတရားလုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ နေတိုးမဟာမိတ်တပ်ဖွဲ့ကို အပြည့်အ၀ထောက်ခံပေမယ့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ သဘောတူထားတဲ့အတိုင်း ကာကွယ်ရေးအသုံးစရိတ်ထည့်ဝင်ဖို့ ထပ်မံပြောဆိုပါတယ်။

သမ္မတ အိုဘားမားလုပ်ခဲ့တဲ့ ObamaCare ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို တခြားတခုနဲ့ အစားထိုးဖို့၊ အမေရိကန်လူလတ်တန်းစားတွေအတွက် အခွန်လျော့ချပေးဖို့ ကိစ္စတွေပြောဆိုပေမယ့် အသေးစိတ်အစီအစဉ်တွေကိုတော့ မပြောဆိုခဲ့ပါဘူး။

နိုင်ငံတ၀န်း အခြေခံအဆောက်အဦပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက်လည်း အမေရိကန်ဒေါ်လာ ၁ ထရီလီယံကို လွှတ်တော်ဆီက တောင်းခံသွားမယ်လို့လည်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အကြမ်းဖက်တပ်ဖွဲ့ကို ဒီကမ္ဘာပေါ်ကနေ အမြတ်ဖြတ်ချေမှုန်းမယ်လို့ ပြောဆိုခဲ့ချိန်မှာတော့ လွှတ်တော်တခုလုံး လက်ခုပ်လက်ဝါး သောင်းသောင်းဖျဖျတီးပြီး ထောက်ခံကြိုဆိုခဲ့ကြပါတယ်။

DVB

No comments:

Post a Comment