Latest News

Thursday, March 30, 2017

ဟုမ္မလင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် တရားမ၀င်သစ်များ သိမ်းဆည်းရမိ

ဟုမ္မလင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် တရားမ၀င်သစ်များ သိမ်းဆည်းရမိ


နေပြည်တော် မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် မတ် ၂၇ ရက် ညနေ ၆ နာရီခန့်တွင် ပင်ချယ်ကျေးရွာ၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့် အကွာသို့အရောက်၌ တရားမ၀င်ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၇ တန်ခန့်၊ ကျွန်း၊ အင်၊ ကညင်ခွဲခြမ်း ကိုးခြမ်း(ခန့်မှန်း ၃ ဒသမ ၅ တန်ခန့်)၊ မော်တော်ဆိုင်ကယ်နှစ်စီး၊ ဘိန်းဖြူမှုန့် ၁၅ ဒသမ ၃ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ်နှစ်သိန်းခန့်)၊ သစ်ထုတ်ရာတွင် အသုံးပြုသည့် အင်ဂျင်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ငွေစက္ကူ ၇၆၅၀၀ ကျပ်တို့ကို ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ သစ်များ၊ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ဟုမ္မလင်းမြို့နယ်၊ ရေပေါ်မီးရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment